မက်ဆီနဲ့ ရော်နယ်ဒိုတွေ့ဆုံပွဲမှာ ကလေးတွေလို စနောက်ခဲ့ကြတဲ့ ဘာစီနဲ့ဂျူဗင်

နှစ်နှစ်ကျော်လောက် အတူတူမတွေ့ခဲ့ရတဲ့ ဘာစီလိုနာကပ္ပတိန် မက်ဆီနဲ့ ရီးရဲလ်ကစားသမားဟောင်း ရော်နယ်ဒိုရဲ့ တွေ့ဆုံပွဲက (ဝ-၃)နဲ့ ပြီးသွားခဲ့ပါတယ်။ ဂျူဗင်တပ်တို့ စီရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘာစီလိုနာကိုအနိုင်ခဲ့ပြီ၊ ဘာစီလိုနာတို့ ချေပဂိုးမရဘဲ ရှုံးနိမ့်သွားခဲ့တာပါ။ တနည်း မက်ဆီဟာ ရော်နယ်ဒိုနဲ့ပထမဆုံးအကြိမ် ပြန်တွေ့ဆုံချိန်မှာ ဂိုးပြတ်ရှုံးခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေအတွက်တော့ အတော်လေးကို ကျေနပ်ဖို့ကောင်းခဲ့တဲ့ GOAT နှစ်ယောက်တွေ့ဆုံခဲ့မှုပါ။ ထုံးစံအတိုင်း မတွေ့ခင်မှာ လေတိုက်တာတွေရှိခဲ့ပေမဲ့ ပွဲပြီးချိန်မှာလည်း စစနောက်နောက်ပဲ ပြီးသွားခဲ့ပါတယ်။ ဒီထဲမှာ ဘာစီလိုနာ တွစ်တာပေ့ချ်အက်ဒမင်နဲ့ ဂျူဗင်တပ် တွစ်တာပေ့ချ်အက်ဒမင် နှစ်ယောက်လည်းပါခဲ့ပြီး၊ သူတို့စနောက်တာကမှ ပိုပျော်စရာကောင်းခဲ့ပါတယ်။

အရင်ဆုံးမက်ဆီပါတဲ့ ဘာစီလိုနာအသင်း ဂျူဗင်မြေကိုသွားရချိန်မှာ ဘာစီလိုနာတွစ်တာပေ့ချ်အက်ဒမင်က အခုလို လေအရင်စတိုက်ပါတယ်။ ‘ ဂျူဗင်တပ်ရေ၊ မင်းတို့ရဲ့ကွင်းမှာ ငါတို့ရဲ့တသက်တာအကောင်းဆုံး ကစားသမားကြီးကို မြင်ရတော့မယ့်အပေါ် ငါတို့ဘာစီက ဝမ်းသာပါတယ်ကွာ’ ဆိုပြီး မက်ဆီပုံနဲ့စာတင်ခဲ့ပါတယ်။ သဘောက လာကန်လို့မင်းတို့မက်ဆီလို အကောင်းဆုံး ကစားသမားကိုမြင်ရတာပါလို့ လေတိုက်တာပါ။

တကယ်တမ်း ရော်နယ်ဒိုလို ကစားသမားရှိနေတဲ့ ဂျူဗင်တပ်အတွက်တော့ ဒါကမခံချင်စရာပါပဲ။ ဂျူဗင်တပ်တွစ်တာပေ့ချ် အက်ဒမင်ကနေလေည်း အခုလိုပြန်ပြောခဲ့ပါတယ်။ ‘ မင်းတို့တော့ အဘိဓာန်အမှားကြီးကို ကြည့်ခဲ့ပြီနဲ့တူတယ်ဟေ့၊ တကယ့် အကောင်းဆုံးကစားသမားက ဘာလဲဆိုတာကို ငါတို့ခေါ်လာပြမယ်’ လို့ပြန်ရေးခဲ့ပါတယ်။

ပွဲပြီးချိန်မှာ ရော်နယ်ဒိုက (ဝ-၃)နဲ့နိုင်သွားခဲ့ချိန်မှာတော့ ဘာစီလိုနာတွစ်တာ အက်ဒမင်ကတော့ ငြိမ်သွားခဲ့ပါပြီ။ ဂျူဗင်တပ်ဖက်ကနေ ပြန်လေတိုက်ခဲ့တာက ‘ ငါတို့ စကားတည်တယ်နော်၊ ငါတို့ခေါ်လာနိုင်ခဲ့ပြီ။’ ဆိုပြီး ရော်နယ်ဒို အောင်ပွဲခံနေတဲ့ပုံနံ့ တင်ပေးခဲ့ပါတယ်။ တော်တော်လေးကိုမှ ပျော်စရာကောင်းခဲ့ပြီး၊ တရားဝင် ပေ့ချ်တွေက စစနောက်နောက်နဲ့ ဖျော်ဖြေခဲ့တာက ကလေးတွေနဲ့တူနေခဲ့ပါတယ်။ ဘာစီက ဂျူဗင်ကိုရှုံးခဲ့ပေမဲ့နှစ်သင်းလုံးက (၁၅)မှတ်ကိုယ်စီနဲ့ အုပ်စုပဒုတက်သွားခဲ့ပြီးဖြစ်ပါတယ်။

AZ-SportsGabar