မက်ဆီနဲ့ ရော်နယ်ဒိုဘယ်သူပိုကောင်းလဲဆိုတဲ့အဖြေကို ရွေးချယ်ပေးခဲ့တဲ့ ဘာစီနည်းပြရော်နယ်ကိုးမန်း

ဂျူဗင်တပ်နဲ့ ဘာစီလိုနာတွေ့ဆုံမယ့် ချန်ပီယံလိဂ်ပွဲစဉ်ရှိလာချိန်မှာ အများစိတ်ဝင်စာေးနတာက ရလဒ်မဟုတ်ပါဘူး။ မက်ဆီနဲ့ စီရော်နယ်ဒိုအားပြိုင်မှုကို နှစ်နှစ်ကျော်အကြာမှာ ပြန်တွေ့တော့မယ့်အပေါ် စိတ်ဝင်စားနေတာပါ။ GOAT ကြီးနှစ်ယောက်ရဲ့ ပြန်တွေ့ဆုံချိန်မှာ ထုံးစံအတိုင်းမေနေကြ မေးခွန်းဖြစ်တဲ့ ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းကပြန်စခန်းထလာပါတယ်။

ဘာစီလိုနာ-ဂျူဗင်တပ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ နည်းပြရော်နယ်ကိုးမန်းကို နှစ်ဦးသားကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းမေးခဲ့ပြီး၊ ကိုးမန်းရဲ့အဖြေကို သိချင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာစီနည်းပြကတော့ နှစ်ဦးသားကြား ဘယ်သူပိုကောင်းလဲဆိုတဲ့မေးခွန်းမှာ ကြားနေတဲ့အဖြေကိုပဲရွေးခဲ့ကာ ပရိသတ်နှစ်ဖက်လုံးစိတ်ချမ်းသာမယ့် အဖြေကိုပဲ ရွေးသွားခဲ့ပါတယ်။

” ဘယ်သူကပိုကောင်းတယ်ဆိုတာပြောဖို့မကောင်းပါဘူး။ နှစ်ယောက်လုံးက ပိုကောင်းကြပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ဒီနှစ်ယောက်လုံး အချိန်အကြာကြီးရပ်တည်နေခဲ့တယ်ဆိုတာက တကယ့်ကိုကြည်နူးစရာပါ။ ကျွန်တော့်အမြင်အရဆိုရင် ပြီးခဲ့တဲ့ (၁၀)နှစ်နဲ့ (၁၅)နှစ်အတွင်းမှာ နှစ်ယောက်လုံးက အကောင်းဆုံးတွေ၊ အဲဒီအချိန်ကာလတလျှောက်လုံးအောင်မြင်ခဲ့ကြတယ်ဆိုတာ မယုံနိုင်စရာကောင်းတယ်”

” အဲ့ဒီလိုအောင်မြင်တာကိုက နှစ်ယောက်လုံးကိုလေးစားသင့်တယ်။ သူတို့က မတူဘူး။ ဒါပေမဲ့ နှစ်ယောက်လုံးမှာ ဂိုးသွင်းတာတွေ၊ ဟက်ထရစ်တွေ၊ ဆုရတာတွေအတွက် မယုံနိုင်လောက်စရာကောင်းလောက်အောင်ကို မှတ်တမ်းတွေ၊ အချက်အလက်တွေရှိတယ်။ နှစ်ယောက်လုံးကောင်းနေတာကို ဘယ်သူက ပိုကောင်းတယ်ပြောဖို့ကတော့ မသင့်တော်ပါဘူး ”

” ကျွန်တော်နှစ်ယောက်လုံးကိုလေးစားတယ်။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက ဂိုးတွေနဲ့လှပတဲ့ညနေခင်းတွေ၊ ဆုဖလားတွေကို ကျွန်တော်တို့ကိုပေးခဲ့ဖူးတယ်။ မျှော်လင့်ရမှာက လာမယ့်ညမှာ ကျွန်တော်တို့က သူတို့နှစ်ယောက်လုံးကို ပျော်ရွှင်မှုပေးနိုင်ဖို့ပါပဲ” လို့ ဖြေဆိုခဲ့ပါတယ်။ တကယ့်ကို ကြားနေတဲ့ အဖြေဖြစ်ပြီး၊ နှစ်ဖက်ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့ပါတယ်။ ပွဲစဉ်ကိုတော့ ဘာစီလိုနာအိမ်ကွင်းမှာ ဂျူဗင်တပ်ကလာကစားမယ့် ဒီနေ့ည(၂)နာရီခွဲမှာ စောင့်ကြည့်နိုင်ပါတယ်။

AZ-SportsGabar