အုပ်စုကျသွားတဲ့အနေအထားအရ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အခြေအနေကောင်းသွားတဲ့ အင်္ဂလန်

(၂၀၂၂)ကာတာ ကမ္ဘာ့ဖလားအတွက် ကမ္ဘာ့ဖလားဝင်ခွင့်ခြေစစ်ပွဲတွေကန်ဖို့ အုပ်စုဖွဲ့လိုက်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားအများစုနဲ့ နာမည်ကျော်တွေစုနေတဲ့ အင်္ဂလန်နဲ့ ယူကေနိုင်ငံတွေပါဝင်တဲ့ ခြေစစ်ပွဲအုပ်စုစာရင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ အနေအထားအရ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ခြေစစ်ပွဲအောင်ဖို့ အလားအလာကောင်းနေပါတယ်။

အုပ်စု (I)မှာ အင်္ဂလန်၊ ပိုလန်၊ ဟန်ဂေရီ၊ အယ်ဘာနီးယား၊ အန်ဒိုရာ၊ ဆန်မာရီနိုတို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။ လီဝမ်ဒေါစကီးဦးဆောင်နေတဲ့ ပိုလန်နဲ့တွေ့လာတာက ပွဲကြီးပွဲကောင်းဖြစ်လာဖို့ရှိနေတဲ့အပြင် သမိုင်းကြောင်းကောင်းတွေရှိနေတဲ့ နှစ်သင်းကြောင့် အုပ်စုမြိုင်လာဖို့ှရိနေပါတယ်။ ဒါပေမဲ့ အင်အားအကြီးဆုံး အုပ်စုတွင်းနှစ်သင်းဖြစ်နေတာက ခြေစစ်ပွဲအောင်ဖို့ ခန့်မှန်းရလွယ်နေပါတယ်။

ကျန်တဲ့ယူကေနိုင်ငံတွေဖြစ်တဲ့ မြောက်အိုင်ယာလန်၊ ဝေးလ်၊ စကော့တလန်တို့က အုပ်စုမချောင်ခဲ့ပါဘူး။ အုပ်စု (C)မှာ အီတလီ၊ ဆွစ်ဇာလန်၊ မြောက်အိုင်ယာလန်၊ ဘူဂေးလ်ရီးယား၊ လစ်သူယေးနီးယား၊တို့ပါခဲ့ပါတယ်။ အုပ်စု (E)မှာတော့ ဘယ်လ်ဂျီယမ်၊ ဝေးလ်၊ ချက်ရီပတ်ဘလစ်၊ ဘယ်လာရုစ်၊ အက်စတိုးနီးယားတို့နဲ့ တအုပ်စုတည်းကျခဲ့ပါတယ်။

အုပ်စု (F)မှာတော့ ဒိန်းမတ်၊ သြစတြေးလျ၊ စတော့တလန်၊ အစ္စရေး၊ ဖာရိုးကျွန်းစုများ၊ မော်လ်ဒိုဗာတို့နဲ့အသီးသီးကျရောက်ခဲ့ပါတယ်။ အုပ်စုတွေထဲမှာ စကော့တလန်ပဲ ခြေရည်တူကလပ်တွေ တအုပ်စုထဲကျခဲ့ပြီး၊ ကျန် ယူကေနိုင်ငံတွေကတော့ အုပ်စုကြပ်ခဲ့တယ်ဆိုနိုင်ပါတယ်။ ပွဲစဉ်တွေကို (၂၀၂၁) မတ်ချ်လနဲ့ နိုဝင်ဘာလတွေမှာ ခြေစစ်ပွဲအဖြစ်ကစားမှာဖြစ်ပါတယ်။

ဒီအုပ်စုတွေကနေ ခြေစစ်ပွဲအောင်သွားတဲ့သူတွေကတော့ (၂၀၂၂)ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ကစားခွင့်ရမှာဖြစ်ပါတယ်။ နိုဝင်ဘာ (၂၁)ကနေ ဒီဇင်ဘာ (၁၈)အထိကျင်းပမှာဖြစ်ပြီး၊ ရက်လျှော့အတိုချုံးကျင်းပမယ့် (၂၈)ရက်တာကာလအတွင်း အပြီးကစားမှာပါ။ ဘောလုံးကွင်းရှစ်ကွင်း၊ အသင်း (၃၂)သင်းနဲ့ မြို့ကြီးငါးမြို့မှာ ချန်ပီယံပြင်သစ်ဆီကနေ ကမ္ဘာ့ဖလားကိုလုကြမှာဖြစ်ပါတယ်။

AZ-SportsGabar