နံနက်ပိုင်းအားကစားသတင်းတိုများ (၈.၁၂.၂၀၂၀)

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကတော့ လာမယ့်အပြောင်းအရွှေ့တွေမှာ အသင်းပြောင်းတော့မှာဖြစ်ပြီး၊ မန်ယူမှာမပျော်ရွှင်တော့ဘူးလို့ အေ့ဂျင့်ရွိုင်အိုလာက ပြောကြားလိုက်ပါတယ်။ ဇွန် (၂၀၂၂)မှာစာချုပ်ကုန်ဆုံးတော့မယ့်ပေါ့ဘာအတွက် အသင်းနဲ့ပေါ့ဘာကြားအကောင်းဆုံးနည်းလမ်းကတော့ ပေါ့ဘာကို အပြောင်းအရွှေ့ရာသီမှာ ရောင်းချဖို့ ရွိုင်အိုလာက တိုက်တွန်းလိုက်ပါတယ်။

တဆက်တည်းမှာပဲ ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ကွင်းလယ်တိုက်စစ် ကစားသမားလင်ဂတ်ကို အငှားချဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အေ့ဂျင့်ရွိုင်အိုလာတဲ့ စီစဉ်မှုတွေဖြစ်လာဖို့ပဲရှိနေပြီး၊ ပွဲထွက်ခွင့်မရတဲ့ သူ့ကစားသမားကို ပွဲထွက်ခွင့်ရစေဖို့ အသင်းတွေနဲ့ ချိတ်ဆက်နေပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတွေ့ဆုံမှုပြန်ဖြစ်လာမယ့် ဘာစီလိုနာနဲ့ ဂျူဗင်တပ်ချန်ပီယံလိဂ်ပွဲစဉ်ကို ဒီနေ့ည (၂း၃၀)ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရော်နယ်ဒို ဂျူဗင်တပ်ကိုပြောင်းပြီး၊ (၂)နှစ်ကျော်အကြာမှာ ပထမဆုံးတွေ့ဆုံမှုအနေနဲ့ ပြန်ဖြစ်လာမယ့်ပွဲအပေါ် ပရိသတ်တွေက စိတ်ဝင်တစား စောင့်နေကြပါတယ်။

ဘရိုက်တန်နဲ့ ဆောက်သမ်တန်အသင်း ကစားခဲ့တဲ့ပွဲစဉ်ကတော့ (၁-၂)ရလဒ်နဲ့အတူ ဆောက်သမ်တန်တို့အနိုင်ရခဲ့ပါတယ်။ အသင်းအတွက် အနိုင်ဂိုးဖြစ်စေမယ့် ဂိုးကို ဒန်နီအင်း (၈၁)မိနစ်မှာ ပင်နယ်တီကနေတဆင့်သွင်းယူခဲ့ကာ အဖိုးတန်အနိုင် (၃)မှတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့တချိန်က ပြဿနာအိုးလေးလို့ ကျော်ကြားတဲ့ ဘာလော့တယ်လီကတော့ စီးရီဘီအသင်းတသင်းဖြစ်တဲ့ အေစီ မွန်ဇာကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ သုံးဆယ်နှစ်သားဘာလော့တယ်လီအနေနဲ့ ချန်ပီယံလိဂ်ကို ပိုင်ဆိုင်တဲ့အထိ ခြေစွမ်းပြခဲ့သူဖြစ်ပေမဲ့ အခုအချိန်မှာတော့ အောက်လိဂ်တွေမှာပဲ ကစားသမားဘဝကို ရုန်းကန်နေရသူဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ သူတို့ရဲ့ နံပါတ်တစ်ဦးစားပေး ဂိုးသမားဟောင်း ကီပါကို ခရန်စနိုဒါနဲ့တွေ့ဆုံမယ့် ပွဲစဉ်မှာ ပွဲထွက်ဂိုးသမားအဖြစ်ရွေးချယ်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ပြီးခဲ့တဲ့အောက်တိုဘာလ ဆောက်သမ်တန်အတွက် နောက်ဆုံးကစားပေးအပြီးမှာ ပထမဆုံးအကြိမ် ပွဲထွက်ရမှုဖြစ်ပြီး၊ ကီပါကို ပွဲထွက်ခွင့်အတွက် အခွင့်အရေး ပြန်ပေးဖို့စဉ်းစားနေပြီလားလို့ မေးစရာရှိလာပါတယ်။

AZ-SportsGabar