ပေါလ်စခိုးရဲ့တည့်တိုး မှတ်ချက်တခုကြောင့် အပျော်ကြီးပျော်နေကြတဲ့ လီဗာပူးပရိသတ်တွေ

ဒဏ်ရာရတွေများနေပေမဲ့ ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ဘယ်သူမှရပ်တန့်မရခဲ့ပါဘူး။ ဝုဗ်ဗာဟမ်တန်လို အသင်းကို (၄-ဝ)နဲ့ ဂိုးပြတ်အနိုင်ယူလိုက်ပြီးချိန်မှာ ဒီနှစ်ရဲ့ ပထမဆုံးသွင်းဂိုးရှင် ဝှစ်ချ်နယ်ဒန်၊ အခွင့်အရေးကို အပိုင်အသုံးချတဲ့ ဆာလားတို့နဲ့ လိုအပ်တဲ့အဖိုးတန်သုံးမှတ်ကို အရယူနိုင်ခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့ ဂိုးပြတ်နိုင်ပွဲမှာ ဝှစ်ချ်နယ်ဒန်ဂိုးသွင်းနိုင်ခဲ့တာက သုံးသပ်သူတွေအတွက် အံ့သြစရာပါ။

နွေရာသီအစမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့တဲ့ (၃၀)နှစ်သားအနေနဲ့ အခြေအနေအကြောင်းကြောင်းတွေကြောင့် ဘာစီလိုနာကိုမရောက်ခဲ့ပါဘူး။ မရောက်ခဲ့ချိန်မှာ လီဗာပူးမှာနေရာမရတော့ဘူးလို့ သတင်းတွေထွက်ခဲ့ပြီး၊ အကြောင်းအမျိုးမျိုးနဲ့ ပရိသတ်တွေကြား သို့လောသို့လောသတင်းတွေထွက်ခဲ့ပါတယ်။ ဒီအနေအထားကို ယူနိုက်တက် ဂန္ဓဝင်ပေါလ်စခိုးက ဝင်သုံးသပ်ခဲ့ပါတယ်။

” ဘာစီလိုနာနဲ့ ဝှစ်ချ်နယ်ဒန်ကြား အသင်းပြောင်းဖို့ကိစ္စရပ်တွေရှိခဲ့တယ်ဆိုတာကို ကျွန်တော်ကြားပါတယ်။ သူဘာစီလိုနာနဲ့ တကယ်လည်းချိတ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အသင်းကနေတော့ ထွက်မသွားခဲ့ဘူးပေါ့။ ဘာလို့သူ သွားချင်တာလဲကိုတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒီလောက်ကောင်းနေတဲ့ ဘောလုံးအသင်းတသင်းကို ဝှစ်ချ်နယ်ဒန်အနေနဲ့ ဘာလို့ထွက်ဖို့လိုမှာလဲ။

ကျွန်တော်ထင်တာကတော့ လီဗာပူးက ဒီနှစ်မှာ ဗိုလ်တောင်စွဲဦးမှာ။ ဒီလိုအသင်းမှာ ပါဝင်ကစားရတယ်ဆိုတာ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်။’ လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မန်ယူဂန္ဓဝင် တယောက်ရဲ့ အမှတ်မထင်ပြောလိုက်တဲ့ စကားပေမဲ့ လီဗာပူးပရိသတ်တွေ ကျေနပ်သွားစေမယ့် စကားတခွန်းပါခဲ့ပါတယ်။ အဲဒါက လီဗာပူးက ဒီနှစ်ဗိုလ်စွဲဦးမှာ ဆိုတာပါ။

ဝှစ်ချ်နယ်ဒန်အနေနဲ့ လီဗာပူးကနေအသင်းပြောင်းဖို့ စဉ်းစားတာကို ပေါလ်စခိုးက ဘာလို့ပြောင်းချင်ရတာလဲနဲ့ ဒီနှစ်ဆို ဗိုလ်တောင်စွဲဦးမှာလို့ မှတ်ချက်ပေးလိုက်တဲ့အတွက်ဖြစ်ပါတယ်။ ဒီမှတ်ချက်က ဝှစ်ချ်နယ်ဒန်အသင်းပြောင်းတာမပြောင်းတာထက်ကို လီဗာပူးပရိသတ်တွေအတွက် ပျော်စရာဖြစ်မှာပါ။ အကြောင်းက လီဗာပူးဟာ ဗိုလ်စွဲဦးမယ်ဆိုတာကြောင့်ဖြစ်ပါတယ်။

AZ-SportsGabar