နံနက်ပိုင်းအားကစားသတင်းတိုများ (၇.၁၂.၂၀၂၀)

တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ ကစားခဲ့တဲ့ အမျိုးသမီးဘောလုံးပွဲစဉ်မှာတော့ အဲလက်စ်မော်ဂန်ဟာ စပါးအတွက် ဂိုးစတင်သွင်းပေးခဲ့ပါတယ်။ အမေရိကန် နှစ်ထပ်ကွမ်း ကမ္ဘာ့ဖလားဆုရှင်မော်ဂန်ဟာ စပါးကိုရောက်ပြီး အခုအချိန်မှသာ ဂိုးစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်ကို နောက်ဆုံးမိနစ်မှ အနိုင်ဂိုးသွင်းနိုင်ခဲ့တဲ့ ဂျေမီဗာဒီဟာ အံ့သြစရာတခုကို လုပ်ခဲ့ပါတယ်။ ထောင့်ကန်ဘောနေရာက အလံတိုင်ကို ကျွတ်ထွက်သွားအောင်ကန်ခဲ့ပြီး၊ သူ့ရဲ့အနိုင်ဂိုးကို စိတ်လွတ်လက်လွတ် အောင်ပွဲခံခဲ့ပါတယ်။ ပွဲချိန်တွင်း (၁-၁)သရေကျနေခဲ့ပြီးမှ မိနစ် (၉၀)အရောက်မှာ (၁-၂)နဲ့ အိမ်ရှက်ရှက်ဖီးကိုအနိုင်ရခဲ့တာကြောင့်ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို (၂-ဝ)နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ စပါးအသင်းကတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ (၂၄)မှတ်နဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဆွန်-ကိန်းအတွဲက အသီးသီးဖန်တီး၊ အသီးသီးဂိုးသွင်းခဲ့ပြီး၊ ဂိုးပြတ်နိုင်ပွဲတပွဲကို အကောင်းဆုံး ဖန်တီးခဲ့ကြပါတယ်။ နှစ်ဦးပေါင်း အတူတကွပတ်သက်မှုဟာ စပါးအတွက်(၁၁)ဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ဒီနှစ်ရာသီ စပါးအသင်းအတွက် သွင်းဂိုးစုစုပေါင်းဟာ (၁၀)ဂိုးအထိ ဆွန်ယောင်မင်အတွက် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဒီနှစ်ရာသီ အာဆင်နယ်တသင်းလုံး ရထားတဲ့ သွင်းဂိုး (၁၀) ဂိုးနဲ့ ညီမျှနေတာကိုလည်း တွေ့ရပါတယ်။ ဟယ်ရီကိန်းကတော့ မြောက်လန်ဒန်ဒါဘီတွေ့ဆုံမှုသမိုင်းမှာ (၁၁)ဂိုးနဲ့ တသက်တာဂိုးသွင်းအများဆုံးဖြစ်လာခဲ့ပါတယ်။

လီဗာပူးကို ရင်ဆိုင်ကစားခဲ့တဲ့ ဝုဗ်လ်အသင်းရဲ့ပွဲစဉ်မတိုင်ခင်မှာ အသင်းသားတွေဟာ အနက်ရောင်ဂျာစီကို အတူတကွဝတ်ဆင်ခဲ့ပါတယ်။ ရာအူးလ်ဂျင်မီနက်နဲ့အတူတူ ရှိနေမယ်ဆိုပြီး၊ နံပါတ် (၉) စာသားပါ ဂျာစီကို ဝတ်ဆင်ပေးခဲ့တာပါ။ အာဆင်နယ်နဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာရသွားတဲ့ တိုက်စစ်မှူး ဂျင်မီနက်အတွက်ဝတ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာ လီဗာပူးက (၄-ဝ)နဲ့အနိုင်ရခဲ့ပြီး၊ ကွင်းလယ်ကစားသမား ဝှစ်ချ်နယ်ဒန်ဟာ ဒီနှစ်ရာသီအတွက် သူ့ရဲ့ပထမဆုံး လီဗာပူးအသင်းအတွက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲစဉ်ရဲ့အနိုင်ကြောင့် လီဗာပူးဟာ အိမ်ကွင်းမှာ ရှုံးပွဲမရှိတာဟာ စုစုပေါင်း (၆၅)ပွဲအထိရှိလာခဲ့ပြီး၊ အထင်ကြီးလောက်စရာ အိမ်ကွင်းစွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့ပါတယ်။

AZ-SportsGabar