အိမ်ထောင်ရေးဖောက်ပြန်လို့ ပီအက်စ်ဂျီက စာချုပ်ဖျက်သိမ်းလိုက်တဲ့ ရိုဒရီဂွက်ဇ်

ပီအက်စ်ဂျီအသင်းရဲ့ကစားသမား ဂျီရိုဒရီဂွက်ဇ်ကို အိမ်ထောင်ရေးဖောက်ပြန်တဲ့ အရှုပ်တော်ပုံတွေမှာ ပါဝင်ခဲ့လို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ပြီလို့ ပီအက်စ်ဂျီက ထုတ်ပြန်ခဲ့ပါတယ်။ အသက် (၂၇)ပဲရှိသေးတဲ့ စပိန်သား၊ အနာဂတ်အလားအလာကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ တချိန်က ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဟာ လက်ရှိမှာ ကလပ်မဲ့သွားခဲ့ပြီဖြစ်ပါတယ်။

ဖြစ်စဉ်အစက ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့လတုန်းက ဂရန်ကန်နာရီးယားမှာရှိတဲ့ ပါတီပွဲကို တက်ခဲ့ရာက စပါတယ်။ ကိုဗစ်စည်းကမ်းတွေဖောက်ဖျက်ပြီး၊ မက်စ်ခ်မတပ်လို့ သတိပေးခံထားရတဲ့ ကိစ္စတွေကြောင့် စုံစမ်းခံနေရတုန်းမှာပဲ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းက တခါတည်းထွက်လာခဲ့ပါတယ်။ ဇနီးဖြစ်သူ မော်ဒယ် အာရပ် ရူးရစ်ဇ် ရဲ့ သူငယ်ချင်း ရိုစီယို အေမာ နဲ့ ဖောက်ပြန်ခဲ့တယ်လို့ပါ။

ရိုစီယို အေမာက သူနဲ့ ရိုဒရီဂွက်ဇ် ညှိစွန်းတုန်းက အသံဖိုင်တွေကို အင်စတာဂရမ်းပေါ်ဖြန့်လိုက်ချိန်မှာ စကားလုံးတွေက ရင့်သီးခဲ့ပါတယ်။ မိန်းမပျင်း၊ ရူးနေတဲ့ သူဆိုပြီး၊ မိန်းမကို ပြောဆိုထားတဲ့ ရိုဒရီဂွက်ဇ်ရဲ့အသံဖိုင်တွေဟာ အွန်လိုင်းပေါ်ကို ပျံ့သွားခဲ့ချိန်၊ ပီအက်စ်ဂျီက နှစ်ဦးသဘောတူ ချက်ချင်းပဲ စာချုပ်ဖျက်သိမ်းလိုက်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ အာရပ်ရူးရစ်ဇ်နဲ့ ကလေးရှိသူပါ။

ဘယ်ကတည်းက ဖောက်ပြန်ခဲ့လဲမသေိပေမဲ့ ရိုဒရီဂွက်ဇ်မက်ဒရစ်မှာရှိကတည်းကလို့ ဆိုပါတယ်။ (၂၀၁၆)ခုနှစ်မှ ပီအက်ဂျီကိုပြောင်လာတဲ့ ရိုဒရီဂွက်ဇ်ဟာ အဲဒီမတိုင်ခင်ကရီးရဲလ်ကစားသမားပါ။ ပီအက်စ်ဂျီကို (၂၀၁၆)မှာ ရောက်လာပြီးနောက်ပိုင်း အသားမကျခဲ့တာကြောင့် လက်စ်ပါးမက်စ်၊ စတုတ်၊ ရီးရဲလ်ဘက်တစ်နဲ့ စပို့တင်း စီပီတို့မှာ အငှားတွေ တောက်လျှောက်ထွက်ကစားခဲ့ပါတယ်။

နောက်ပိုင်းပီအက်စ်ဂျီကို ပြန်ရောက်လာပြီး ပွဲထွက်ခွင့်အတွက်ရလာချိန်မှာတော့ အခုလိုပြဿနာတန်းဖြစ်လာခဲ့ကာ စာချုပ်ပြီးဆုံးသွားခဲ့ပါတယ်။ လေးနှစ်တာကာလအတွင်း ပီအက်စ်ဂျီအတွက် လေးပွဲကစား၊ ၂ ဂိုးသွင်း၊ ကစားချိန် (၃၉၀)မိနစ်၊ လစာစုစုပေါင်း ယူရိုသန်း (၃၀)နဲ့ ကစားသမားဘ၀ ဇာတ်လမ်းပြီးသွားခဲ့ပြီဖြစ်ပါတယ်။ နောက်ဆက်တွဲတွေတော့ ဘာဖြစ်မလဲမသိရသေးပါဘူး။

AZ-SportsGabar