ဥရောပဘောလုံးသမားတွေ ကေလန်းတယ်ဆိုတာကိုသနားတဲ့ တောင်အမေရိက ကေအလန်းများ

အင်္ဂလန်မှာဆိုရင် ဘောလုံးသမားတွေ ကေညှပ်တဲ့ဒီဇိုင်းတွေက လန်းလွန်းလို့ ပရိသတ်တွေက အတုယူလိုက်ညှပ်ကြပါတယ်။ စတိုင်လ်တမျိုးပြီးတမျိုးမရိုးတဲ့ ကစားသမားတွေရှိပေမဲ့ တသင်းလုံးထူးခြားတဲ့ ဟန်မျိုးညှပ်တဲ့ကလပ်တွေတော့ မရှိပါဘူး။ ဒါပေမဲ့ မက္ကဆီကိုမှာရှိတဲ့ ဘောလုံးကလပ်တခုကတော့ ဥရောပအသင်းတွေထက်ကို ဂေါ်လွန်းတဲ့ စတိုင်လ်နဲ့ တသင်းလုံးကိုလန်းပါတယ်။

တောင်အမေရိကနဲ့ မက္ကဆီကိုမှာ ပေါက်ကရကေတွေ ညှပ်တာက ခေတ်စားပါတယ်။ ပရိသတ်တွေ ထူးခြားတဲ့ဒီဇိုင်းအသစ်တွေကို ဘောလုံးလာကန်ချိန်မှာ တကူးတကကြည်ရပြီး၊ တော်ရုံလူ လိုက်ညှပ်ဖို့မလွယ်တဲ့ ကေအလန်းတွေနဲ့ ဖျော်ဖြေပါတယ်။ အဲဒီထဲမှာမှ လီဂါ MX (မက္ကဆီကို ပထတန်းလိဂ်)မှာ ကစားနေတဲ့ မက်ဇ်ဇက်လန် အက်ဖ်စီကတော့ တသင်းလုံးကေလန်းပါတယ်။

လန်းတာက စိတ်ပျက်ဖို့ ကောင်းလောက်အောင် လန်းတာပါ။ မြင်ဖူးသမျှ ကေတွေထဲမှာ အဆိုးဆုံးလို့ ပြောလို့ရတဲ့အထိပါပဲ။ သူတို့ရဲ့ ရာသီအကြိုကာလ ခြေစမ်းပွဲတွေကန်တဲ့ အချိန်ဖြစ်တဲ့အတွက် တမင်ညှပ်ထားတာလားကတော့ မဖော်ပြထားပါဘူး။ မက်ဇ်ဇက်လန် အက်ဖ်စီတသင်းလုံး ကေအလန်းတွေညှပ်ပေမဲ့ နာမည်ကြီး အက်သလက်တီကိုနည်းပြ ဆီမြွန်နီရဲ့သားကလည်း ကေပိုလန်းပါတယ်။

ဂျီအိုဗန်နီ ဆီမြွန်နီကတော့ မက္ကဆီကိုလိဂ်မှာ ကန်တာမဟုတ်ဘဲ အာဂျင်တီးနားကလပ် ရေးဗားပလိတ်မှာ ကန်တာဖြစ်ပါတယ်။ ဥရောပမှာတော့ တသင်းလုံး ကေလန်းတဲ့ ကလပ်ကတော့ အတ္တလန်တာအသင်းပါ။ သူတို့ညှပ်ခဲ့တာက အခုတော့မဟုတ်ပါဘူး။ (၂၀၁၆)ခုနှစ်က တသင်းလုံး ရာသီကြို ကာလမှာ ဒီဇိုင်းအသစ်အနေနဲ့ ဆန်းပြီး ညှပ်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ကေလန်းတဲ့ အသင်းကတော့ ဘိုကာဂျူနီယာနဲ့ ကလပ်တီဂျူရာနာတို့ပါပဲ။ ဘာပုံစံတွေမှန်းမသိပေမဲ့ ရော်နယ်ဒိုကြီး ညှပ်ခဲ့တဲ့ ငယ်ထိပ်လေးပဲအုပ်တဲ့ ကေမျိုးတွေဖြစ်ပါတယ်။ ဒီအနေအထားကို ကြည့်လိုက်ရရင် တောင်အမေရိက ဘောလုံးသမားတွေရဲ့ကေဟာ ဥရောပ ဘောလုံးသမားတွေထက် ပိုလန်းတယ်ဆိုတာကို ပရိသတ်တွေ လက်ခံပြီလို့ ထင်ရပါတယ်။

AZ-SportsGabar