နံနက်ပိုင်းအားကစားသတင်းတိုများ (၆.၁၂.၂၀၂၀)

ဘာစီလိုနာကို (၂-၁)နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တဲ့ ကာ့ဒစ်ဇ် အသင်းကတော့ (၁၉၉၁)နောက်ပိုင်း ဘာစီလိုနာကို ပထမဆုံးအကြိမ်ပြန်အနိုင်ရတဲ့ စံချိန်ကိုတင်နိုင်ခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးဟောင်း နီဂရီဒိုက ကာဒစ်ဇ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး၊ ဘာစီလုနာတို့ အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

ဆီဗီးလားကို (ဝ-၁)နဲ့ အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ဂိုးကို ဆီဗီးလား ဂိုးသမား ဘိုနိုက ကိုယ့်ဂိုးကို ပြန်သွင်းခဲ့ပါတယ်။ ဘိုနိုကလည်း (၁၉၉၁)နောက်ပိုင်း ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး၊ ရီးရဲလ်တို့ကံကောင်းတဲ့ အနိုင်ရလဒ်တခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းကစားခဲ့တဲ့ပွဲစဉ်မှာ (၁-၃)နဲ့ ယူနိုက်တက်တို့အနိုင်ရခဲ့ပါတယ်။ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဖာနန်ဒက်၊ ရက်ရှ်ဖို့ဒ်တို့ဝင်လာချိန်မှာ ဦးဆောင်ဂိုးပေးထားတဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ကာ နိုင်ပွဲအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကစားရခက်တဲ့ လိဒ်ကို (၃-၁)နဲ့ အနိုင်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းကတော့ ပွဲအစ (၄)မိနစ်မှာပေးခဲ့ရတဲ့ ဦးဆောင်ဂိုးဟာ (၂၀၁၇)မေလနောက်ပိုင်း အချိန်အစောဆုံးအဖြစ်ပေးခဲ့ရတဲ့ ဦးဆောင်ဂိုးလို့ သိရပါတယ်။ နောက်ပိုင်းမှာ ဂီရောက်၊ ဇူးမား၊ ပူလီဆစ်တို့ရဲ့ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီး၊ ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဘိုင်ယန် (၃-၃) လစ်ဇစ် ရလဒ်နဲ့ပြီးဆုံးခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာတော့ ဘိုင်ယန်ကစားသမား ကိုးမန်းက တဦးတည်းသုံးလုံးဖန်တီးပြီး၊ ဘိုင်ယန်အတွက် သရေတမှတ်ရှာဖွေပေးခဲ့ပါတယ်။ မူလာ (၂)ဂိုးသွင်းကာ ဘိုင်ယန်တို့နောက်ကနေ ချေပဂိုးတွေလိုက်သွင်းနိုင်ခဲ့ပါတယ်။

မောင့်ပယ်လီယာကို(၁-၃)နဲ့ အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီရဲ့ပွဲစဉ်မှာ အမ်ဘာပေဟာ ပီအက်စ်ဂျီကစားသမားဘ၀ ဂိုး (၁၀၀)မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံဂိုး (၁၀၀)ပြည့်လာခဲ့တာဖြစ်ပြီး၊ အခုလိုမျိုး ပီအက်စ်ဂျီအတွက် ဂိုး(၁၀၀)ပြည့်တဲ့ ငါးယောက်မြောက်ကစားသမားလို့လည်းသိရပါတယ်။

AZ-SportsGabar