နံနက်ပိုင်းအားကစားသတင်းတိုများ (၅.၁၂.၂၀၂၀)

ဘာစီလိုနာအသင်းရဲ့ ယာယီဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ကားလို့စ် တက်စ်ကွက်စ်က နွေရာသီမှာတကည်းက မက်ဆီကို ကလပ်ဟာ ရောင်းခဲ့သင့်တယ်လို့ မှတ်ချက်ပေးလိုက်တဲ့အပေါ် နည်းပြ ရော်နယ်ကိုးမန်းက ပေါက်ကွဲခဲ့ပါတယ်။ အပြင်မှာပြောတဲ့သတင်းတွေက ကိစ္စမရှိပေမဲ့ အခုလိုမျိုးကလပ်အတွင်းကလူတွေပြောတာဟာ မတူတော့ဘူးလို့ပြန်တုံ့ပြန်လိုက်ပြီး၊ မက်ဆီဟာ သူ့အနာဂတ်ကို သူကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတယ်လို့ ကစားသမားဖက်က ကာကွယ်ပေးခဲ့ပါတယ်။

နာပိုလီအသင်းကတော့ သူတို့ရဲ့ကွင်းနာမည်ကို ြပောင်းလဲမယ်လို့ ကတိပေးထားတဲ့အတိုင်းပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်။ အရင် သယ် စတေဒီယို ဆန် ပါအိုလို ကနေ လက်ရှိမှာ သယ် စတေဒီယို ဒီယေဂို အာမန်ဒို မာရာဒိုနာ လို့ ပြောင်းလဲလိုက်ပြီး၊ ကလပ်ဂန္ဓဝင် မာရာဒိုနာကို ဂုဏ်ပြုပေးခဲ့ပါတယ်။

ဆွာရက်စ်ကို အီတလီခေါ်ဖို့အတွက် ဂျူဗင်တပ်အသင်းဟာ ပတ်စပို့စ်စာမေးပွဲဖြေဆိုခိုင်းခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ဒါရိုက်တာက ဆွာရက် အီတလီဘာသာစကားကို စာမေးပွဲအောင်စေဖို့ ကလိမ်ကျစေခဲ့တယ်လို့ သက်သေတွေထွက်လာတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့သိရပါတယ်။

ဖီဖာဥက္ကဌ အင်ဖန်တီနိုကတော့ VAR ကြောင့် ဘောလုံးပွဲတွေထိခိုက်လာတယ်ဆိုတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်လိုက်ပါတယ်။ VAR ကြောင့် ဘောလုံးပွဲတွေ ပိုအသက်ဝင်လာပြီး၊ အခုလိုဝေဖန်တာတွေစာ မမှန်ကန်ဘူးလို့ ပြန်ချေပခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရတဲ့အဂူရိုဟာ ဒဏ်ရာပြန်ကောင်းပြီးရင် အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်လာမယ်လို့ နည်းပြ ဂွါဒီယိုလာက အာမခံပြောကြားလိုက်ပါတယ်။ ဒူးဒဏ်ရာ ရပြီးတကည်းက ပုံစံကောင်းပျောက်ဆုံးနေတဲ့ အဂူရိုဟာ လက်ရှိမှာ ဒဏ်ရာပြဿနာကလည်း အကင်းမသေသေးတာဖြစ်ပါတယ်။

လူူးဝစ်နဲ့ထိခိုက်ပြီး၊ ဦးခေါင်းဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျင်မီနက်ဟာ ဝုဗ်ဗာဟမ်တန်မြို့သူမြို့သားတွေအတွက်တော့ အများကြီး တန်ဖိုးရှိတဲ့ ကစားသမားတယောက်ပါလို့ နည်းပြ နူနိုဆန်တိုက ဂုဏ်ဖော်ပြာကြားခဲ့ပါတယ်။ ဂျင်မီနက်အခုလိုဖြစ်သွားတဲ့အပေါ် တမြို့လုံး စိတ်မကောင်းဖြစ်နေပြီး၊ ဆုတောင်းပေးနေကြတယ်လို့ ဆိုခဲ့ပါတယ်။

AZ-SportsGabar