လက်ရှိစပါးမှာကြုံနေရတဲ့ အခက်အခဲကို မန်ယူမှာတုန်းကနဲ့ နှိုင်းယှဉ်ပြလိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုရဲ့ စပါးအသင်း၊ လတ်တလောမှာ ယူရိုပါလိဂ်ပွဲစဉ် LASK ကို (၃-၃)နဲ့ သရေကျထားပါတယ်။ ဦးဆောင်ဂိုးတွေ အသီးသီးသွင်းပြီးမှာ နာကျင်အချိန်ပို မိနစ်မှာ ချေပဂိုးပေးခဲ့ရပြီး၊ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ သရေကျသွားတဲ့အတွက် အုပ်စုက ကျိန်းသေမတက်သေးဘဲ ဖြစ်သွားတဲ့အပေါ် မော်ရင်ဟိုတယောက် မကျေနပ်နိုင်ခဲ့ပါဘူး။

ဒီအခြေအနေကို ဖြစ်လာချိန်မှာ ကိုယ်တိုင်ကပဲ အသင်းကစားသမားတွေကို ဝေဖန်ခဲ့ပါတယ်။ သူ မန်ယူကို ကိုယ်တွယ်တုန်းက ဖြစ်နေတဲ့ပုံစံတွေနဲ့ နှိုင်းယှဉ်ပြလိုက်ပြီး၊ အခုလို ဥပမာပေးဆိုခဲ့ပါတယ်။ ” ကျွန်တော့်အတွေ့အကြုံတွေအရဆိုရင် အသင်းရဲ့ကစားသမားတချို့က ဒီမှာကို ရှိမနေသင့်ဘူးဆိုတာ ခံစားမိတယ်။ ကျွန်တော်ထင်တာတော့ အဲဒါက ကစားသမားတွေရဲ့ စိတ်ဓာတ်ကြောင့်လို့ထင်တယ်။”

” ဒါကိုပြောနိုင်တာက အရင်တုန်းက ရဖူးတဲ့အတွေ့အကြုံတွေကြောင့်ပါ။ မန်ယူမှာတုန်းကလည်း ကျွန်တော့်မှာ ဒီနေ့အခြေအနေတွေနဲ့ တူတဲ့ အခြေအနေမျိုးကြုံတွေ့ခဲ့ဖူးတယ်။ ယူရိုပါလိဂ် အုပ်စုအဆင့်မှာပဲ ကျွန်တော်တို့ အဝေးကွင်းပြိုင်ပွဲ နှစ်ပွဲဆက်ရှုံးတုန်းကပေါ့။ နောက်တော့ ကျွန်တော်တို့ ရှုံးထွက်အဆင့်ကို တက်သွားခါမှပဲ ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့တယ်။ ”

” အဲ့ဒီအခါကျတော့ ပိုခက်လာပြီ။ အသင်းတွေ တွေ့တဲ့ပုံစံကလည်း မတူညီတဲ့ပုံစံတွေဖြစ်လာပြီ။ ဒီလိုဖြစ်ရတဲ့အကြောင်းက ယူရိုပါလိဂ်အုပ်စုအဆင့်လို နေရာမျိုးမှာဆိုရင် ကစားသမားတချို့က တက်ကြွမနေဘူး။ ကျွန်တော် အဲဒါကိုသိတယ်။ တချို့ ကစားသမားတွေဆိုရင် ကျွန်တော်တို့အတွက် တကယ့်ကို အရေးပါတဲ့သူတွေ။ ကျွန်တော်လက်ရှိကြုံနေရတဲ့အခက်အခဲမျိုးနဲ့ဆိုရင် ကျွန်တော်သူတို့ကို ကွင်းထဲမှာလိုကိုလိုတယ်”

” အသင်းဟန်ချက်မပျက်အောင်ထိန်းဖို့ဆိုရင် ဒီလိုကစားသမားတွေကို အတွဲလိုက်ကို လိုတယ်။ ဥပမာဆိုရရင် ဆွန်ယောင်မင်နဲ့ ဟော့ဘတ်လိုမျိုး၊ သူတို့မရှိဘူးဆိုရင် ကျွန်တော်အသင်းက ရလဒ်ကောင်းမရဘူးလို့ကို ထင်မိပါတယ်’ လို့ မော်ရင်ဟိုက ဥပမာပေးဝေဖန်ခဲ့ပါတယ်။ တကယ်လည်း စပါးကစားသမားတွေဟာ အင်တိုက်အားတိုက်ရှိမနေခဲ့ပါဘူး။

အုပ်စုအဝေးကွင်းပွဲချိန်မှာ အသင်းကို ဦးဆောင်ဂိုးရထားအောင်လုပ်ပေးနိုင်ခဲ့ပေမဲ့ လျော့တိလျော့ရဲ့ပုံစံအချို့ကြောင့် သရေကျသွားခဲ့ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုက ဒါမျိုးကို မန်ယူမှာတုန်းကလည်း သူကြုံပြီးပြီဖြစ်လို့ ရှုံးထွက်ပွဲတွေရောက်ရင်တော့ ဒီလိုစိတ်ဓာတ်မျိုးတွေရှိမှာမဟုတ်တော့ဘူးလို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မန်ယူနဲ့ ယူရိုပါလိဂ်ဖလားကို အရယူဖူးသူလည်းဖြစ်ပါတယ်။

AZ-SportsGabar