ကမ္ဘာကျော်တွေဖြစ်လာမယ်လို့ ရော်နယ်ဒိုရွေးပေးခဲ့တဲ့ (၂၀၁၅)က ဘောလုံးသမား (၅)ဦး၊ အခုဘာတွေဖြစ်နေပြီလဲ

လက်ရှိရီးရဲလ်မက်ဒရစ်မှာ ကစားနေတဲ့ မာတင် အိုဒီဂတ်ကို တချိန်မှာ ထွန်းတောက်လာမယ့် ကစားသမားလို့ စီရော်နယ်ဒိုက တစ်ပေးခဲ့ပါတယ်။ အချိန်ကာလက (၂၀၁၅)တုန်းကဖြစ်ပြီး၊ ရော်နယ်ဒို လျှမ်းလျှမ်းတောက်နေချိန်တုန်းကဖြစ်ပါတယ်။ အိုဒီဂတ် တဦးတည်းမဟုတ်ဘဲ စီရော်နယ်ဒိုက အဆိုပါအချိန်တုန်းက (၅)ဦးအထိ ရွေးချယ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ရှိနေတုန်း အချိန်ကာလဖြစ်တဲ့အတွက် နေမာ၊ ဟာဇက်၊ ဒီပေးနဲ့ ပေါ့ဘာတို့ကိုပါ ရွေးချယ်ခဲ့ပါတယ်။ လေးဦးလုံးက (၂၀၁၅)မှာ ခြေစွမ်းခြေစတွေ ထက်မြက်နေတဲ့ အသက်ငယ်ငယ်လေးတွေ ရှိပေမဲ့ ရီးရဲလ်က အိုဒီဂတ်ကို ရော်နယ်ဒို ရွေးချယ်ခဲ့ချိန်မှာ ကစားသမားက (၁၆)ပဲရှိသေးသူပါ။ စီရော်နယ်ဒိုက ဒီအကြောင်းကို (၂၀၁၅)က The Daily Mirror နဲ့ အင်တာဗျူးမှာဖြေဖူးပါတယ်။

” နေမာ၊ ဟာဇက်၊ ဒီပေး၊ ပေါ့ဘာနဲ့ အိုဒီဂတ်ကို ရွေးပါတယ်။ ခင်ဗျားအနေနဲ့ တခြားအရည်အချင်းရှိတဲ့ ကစားသမားတွေအများကြီးမြင်မိမှာပါ။ ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်က မာတင်အိုဒီဂတ်ကို ဥပမာပေးပါတယ်။ အသက်က (၁၆)၊ သူအရမ်းငယ်သေးတယ်။ ဒါပေမဲ့ ခင်ဗျားမြင်နိုင်တာက သူကအရည်အချင်းရှိတဲ့ ကစားသမား တယောက်ဆိုတာကိုပါ’

” ဥပမာ ဟာဇက်ဆိုရင်လည်း ကောင်းတယ်။ မန်ချက်စတာရဲ့ နံပါတ် (၇)ဖြစ်တဲ့ ဒီပေး၊ သူလည်း တကယ်ကစားသမားကောင်းပဲ။ ပေါ့ဘာနဲ့ ဖြစ်နိုင်တာက နေမာပေါ့။ ‘ ဆိုပြီး ရွေးချယ်ခဲပါတယ်။ လက်ရှိမှာတော့ အိုဒီဂတ်က (၂၁)နှစ်ရှိခဲ့ပါပြီ။ ဇီဒန်းလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် နေရာတနေရာ ရနေပြီး၊ ကစားသမားက ဒီရာသီမှာ အကောင်းဆုံးလုပ်ဆောင်ပြနေပါတယ်။

နေမာကတော့ ပီအက်စ်ဂျီမှာ ပုံမှန်တန်းကစားနေပြီး၊ ပေါ့ဘာ၊ ဟာဇက်တို့ကတော့ ရုန်းကန်ရတဲ့ ခြေစွမ်းတွေနဲ့အတူ အများမျှော်လင့်ထားတဲ့ ဘလွန်းဒီအော်ဆုရှင်တွေဖြစ်မလာခဲ့သေးပါဘူး။ ဒီပေးကတော့ လိုင်ယွန်နဲ့အတူ တက်ရိပ် တစတစပြလာတဲ့အပေါ် စီရော်နယ်ဒိုရဲ့ ခန့်မှန်းချက်က လက်ရှိမှာ ကစားသမားနှစ်ဦးပဲ အကျုံဝင်ခဲ့တယ်ဆိုရမှာပါ။

Thu Yay – MMUN