လီဗာပူးကို အားကျအတုယူပြီး၊ ဘာစီလိုနာဥက္ကဌဖြစ်ခဲ့ရင် လာပေါ်တာလုပ်ဆောင်မယ့်အရာတခု

ဘာစီလိုနာအသင်းရဲ့ လက်ရှိ ဥက္ကဥလောင်းအဖြစ် ရေပန်းစားနေသူက လာပေါ်တာပါ။ လာပေါ်တာတယောက် (၂၀၀၃)ခုနှစ်ကနေ (၂၀၁၀)အထိ ဥက္ကဌအဖြစ်တာဝန်ယူခဲ့အပြီးမှာ ပရိသတ်မြင်ကွင်းကနေ ကာလအတန်ကြာပျောက်ကွယ်နေခဲ့ပါတယ်။ နောက်တော့ ဥက္ကဌ ဘာတိုမြူရဲ့ ကသောင်းကနင်းကိစ္စတွေအပြီး ဝိုင်းဝန်းတောင်းဆိုမှုနဲ့အတူ လာပေါ်တာတယောက် လူမြင်ကွင်းကိုထွက်လာပါတယ်။

လာမယ့်ဇန်နဝါရီမှာကို ရွေးကောက်ခံဖို့အတွက် ပြင်ဆင်ထားပြီဖြစ်တဲ့အပြင် ဘာစီလိုနာလက်ရှိကြုံနေရတဲ့ အခက်အခဲ၊ ဘဏ္ဍာရေး ကိစ္စရပ်တွေကို ဖြေရှင်းဖို့ တာဝန်ယူဖို့ အသိပေးထားပြီဖြစ်ပါတယ်။ လက်ရှိမှာ ပရိုမိုးရှင်းဆင်းနေပြီဖြစ်ပြီး၊ သူ့ကို ပြန်ဝိုင်းဝန်းရွေးကောက်ခံဖို့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကနေ တရားဝင်မဲဆွယ်ချက်တွေလုပ်နေပါတယ်။

အဲဒီအထဲမှာ ထူးဆန်းတဲ့ စကားလုံးတချို့ပါခဲ့ပါတယ်။ ” လာမာဆီယာကို ကစားသမားတွေနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောင်းလဲမှုတွေရှိပါမယ်။ ဆောင်ပုဒ်တခုဖြစ်တဲ့ You Will Never Walk Alone ဆိုတဲ့ အောက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီဆောင်ပုဒ်ကို စွမ်းဆောင်ရည်ကောင်းတွေနဲ့ အားကစားထူးချွန်မှုတွေအတွက် ဗဟိုချက်မတခုဖြစ်လာဖို့ အလိုရှိပါတယ်။”

လာပေါ်တာက ဒီဆောင်ပုဒ်ကို သုံးဖို့ စဉ်စားလိုက်တာက အကြောင်းရှိပါတယ်။ လီဗာပူးအသင်းမှာလို ငယ်မွေးခြေံပေါက်တွေအဖြစ်ကနေ အသင်းကိုချစ်ပြီး၊ ထူးချွန်လာတဲ့ အားကစားသမားကောင်းတွေကို မွေးထုတ်ပေးဖို့ဖြစ်ပါတယ်။ တဖက်မှာ မျှမျှတတတွေးကြည့်ရင်တော့ လီဗာပူးကို ချစ်တဲ့ အားကစားသမားတွေလည်း အကယ်ဒမီကနေ အများအပြားပေါ်လာနိုင်မှာပါ။

အကြောင်းက ဘာစီလိုနာရဲ့ လာမာဆီယာမှာ အသင်းကိုတကယ်ချစ်ပြီးပေးဆပ်ခဲ့တဲ့ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ ပူးယိုလ်စတာတွေအပြင် လက်ရှိနောက်ဆုံးမှာ ဖာတီလို ကစားသမားတွေကအစ မွေးထုတ်ထားနိုင်လို့ပါ။ လာပေါ်တီရဲ့လုပ်ဆောင်ချက်က မလိုလားအပ်တဲ့ မဲဆွယ်ချက်လိုဖြစ်နေပြီး၊ နဂိုကတည်းက အသင်းချစ်စိတ်ကိုမွေးပေးတဲ့ လာမာဆီယာကိုဖျက်စီးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဒါပေမဲ့ လတ်တလောမှာ လာပေါ်တာက ရေပန်းအစားဆုံးဖြစ်နေတဲ့အပေါ် လာမာဆီယာမှာ လီဗာပူးဆောင်ပုဒ်ကို မြင်ရမလားက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

AZ-SportsGabar