နံနက်ပိုင်း အားကစားသတင်းတိုများ (၂.၁၂.၂၀၂၀)

အေဂျက်ကို ရင်ဆိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းကတော့ လူအင်အားမစုံမလင်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ (၁-ဝ)ရလဒ်နဲ့အတူ အနိုင်ရခဲ့ပါတယ်။ ကလော့လက်ထက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို လေးနှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး၊ အနိုင်ဂိုးရှင် ကာတစ်ဂျုန်းကတော့ သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ်ဂိုးကို အရယူနိုင်ခဲ့ပါတယ်။

ရှက်တာဒိုးနက်ကို (၂-ဝ)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်ဖို့ အခွင့်အရေးကို နောက်ဆုံးပွဲအထိသွားရတော့မှာဖြစ်ပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းအပေါ် ဝေဖန်ပြောဆိုမှုတေရှိနေပြီး၊ ကိုယ်တိုင်ကနှုတ်ထွက်ဖို့အစီအစဉ်ရှိမလားလို့ ပွဲအပြီးသတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။ ဇီဒန်းကတော့ နှုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြန်ဖြေကြားခဲ့ပါတယ်။

ပေါ်တိုနဲ့ မန်စီးတီး ပွဲစဉ်က (ဝ-၀) သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ပေါ်တိုဂိုးသမား သြဂတ်စတင် မာချီဆင်း အထူးလက်စွမ်းပြ ကာကွယ်ခဲ့ပြီး၊ ပွဲချိန်အတွင်း ဂိုးအဖြစ် ကျိန်းသေပေးရမယ့် အပိုင်သုံးလုံးကို ကာကွယ်နိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ဂိုးပေါက်ကန်သွင်းချက် (၁၈)ကြိမ်ရှိခဲ့ပေမဲ့ တဂိုးမှမရခဲ့ဘဲ ပေါ်တိုဂိုးသမား မာချီဆင်းဟာ MOTM ရတဲ့အထိ လက်စွမ်းပြခဲ့ပါတယ်။

အက်သလက်တီကို ကို သရေကန်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့ရဲ့ ဥရောပပြိုင်ပွဲ (၁၅)ပွဲဆက် အနိုင်ရနေတဲ့ စံချိန်ရပ်တန့်ခဲ့ရပါတယ်။ (၁-၁) သရေရလဒ်ထွက်ပေါ်ခဲ့ပြီး၊ ဂျောင်ဖယ်လစ်ရဲ့ဂိုးကို မူလာက ပင်နယ်တီနဲ့ ပြန်ချေပကာ အကြိတ်အနယ်ပွဲကောင်းအဖြစ် ရင်ဆိုင်ခဲ့ကြပါတယ်။

မိုချင်ဂလာဘတ်ကို (၂-၃)နဲ့ အနိုင်ရခဲ့တဲ့ အင်တာမီလန်အသင်းရဲ့ ပွဲစဉ်မှာ လူကာကူဟာ (၂)ဂိုးသွင်းယူပြီး၊ အသင်းအတွက် အရေးပါတဲ့ နိုင်ပွဲကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲစဉ်ရဲ့အနိုင်ကြောင့် ရီးရဲလ်၊ မိုချင်ဂလာဘတ်၊ အင်တာ၊ ရှက်တာဒိုးနက် ပါဝင်တဲ့ အုပ်စုဘီဟာ အခုချိန်ထိ (၁၆)သင်းအဆင့်ကို တက်နိုင်တဲ့အသင်းကို မသိသေးဘူးလို့ ဆိုနိုင်မှာဖြစ်ပါတယ်။

အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ကိုဗစ်ကိစ္စရပ်တွေကြောင့် နောက်ဆုတ်လိုက်ပြီလို့ သိရပါတယ်။ နယူးကာဆယ် လေ့ကျင့်ရေးကွင်းမှာ ကိုဗစ်ကူးတဲ့ကိစ္စရပ်တွေ့ခဲ့တာကြောင့် နောက်ကို ခုနှစ်ရက်ဆုတ်ပြီး၊ နက်ဂတစ်- ပေါ့စတစ် လူနာတွေခွဲခြားသိအောင် ပြင်ဆင်ဖို့ဖြစ်ပါတယ်။

AZ-SportsGabar