နံနက်ပိုင်းအားကစားသတင်းတိုများ (၁၂.၁.၂၀၂၀)

လက်စတာနဲ့ ဖူလ်ဟမ်တို့ ကစားခဲ့တဲ့ပွဲစဉ်ကတော့ (၁-၂)ရလဒ်နဲ့အတူ ဖူဟမ်တို့အနိုင်ရခဲ့ပါတယ်။ အနိုင်ရလဒ်ကြောင့် လက်စတာတို့ ဇယားထိပ်တက်မယ့်အခွင့်အရေး လက်လွှတ်ခဲ့ရပြီး၊ ဖူလ်ဟမ်ကတော့ သူတို့ရဲ့ပင်နယ်တီကံဆိုးမှုကို အဆုံးသတ်ခဲ့ပါတယ်။ ဖူဟမ်အတွက် အယ်ဗာရီယို ပင်နယ်တီမဝင်ခင်မှာ ကန်ခဲ့တဲ့ (၈)လုံးမှာ (၅)လုံးအထိ ဖူလ်ဟမ်တို့ လွဲချော်ထားတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ ဗီလာတို့ကစားခဲ့တဲ့ ပွဲစဉ်ကတော့ (၂-၁)နဲ့အတူ ဝက်စ်ဟမ်းတို့ အနိုင်ရခဲ့ပါတယ်။ နိုင်ပွဲကြောင့် ရမှတ် (၁၇)မှတ်နဲ့အမှတ်ပေးဇယား အဆင့် (၅)အထိ ဝက်စ်ဟမ်းတို့တက်လာခဲ့ပြီး၊ မြိုင်ဆိုင်တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဖန်တီးနိုင်ခဲ့ပါတယ်။

အံ့အားသင့်ဖွယ်ရာအနေနဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ အင်္ဂလန်အဆင့်ရှစ်လိဂ်က အသင်းတသင်းဖြစ်တဲ့ မာရင်းအသင်းဟာ ပရီးမီးယားလိဂ်ကလပ် စပါးနဲ့တွေ့ဆုံနေတယ်လို့ သိရပါတယ်။ အက်ဖ်အေဖလားသမိုင်းမှာ အဆင့်ရှစ်လိဂ်ကအသင်းတသင်းအနေနဲ့ ဒုတိယအကြိမ်ြမောက် အခုလိုတက်လှမ်းလာနိုင်တာလို့လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းကတော့ သူတို့ရဲ့စိတ်ဝင်စားမှုကို ပြသတဲ့အနေနေဲ့ ချဲလ်ဆီးက ဂီရောက်ကို ချိတ်ဆက်မှုတွေရှိနေတယ်လို့ သတင်းထွက်လာပါတယ်။ ဂီရောက်ကို ခေါ်ယူပြီး၊ အသင်းတိုက်စစ်ကို အားဖြည့်ဖို့စဉ်းစားနေကာ ပြင်သစ်သားဆီကနေ အတွေ့အကြုံတွေမျှဝေဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကတော့ သူတင်ခဲ့တဲ့ ပို့စ်နဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ တောင်းပန်ကြောင်းစာတင်ခဲ့ပါတယ်။ အောင်ပွဲခံခဲ့ချိန် လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းပါသွားတဲ့အပေါ် ကာဗာနီက အခုဖြစ်ရပ်အတွက် အက်ဖ်အေရဲ့စစ်ဆေးမှုကိုခံယူမယ်လို့လည်း ဆိုခဲ့ပြီး၊ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

လီဗာပူးအသင်းနည်းပြ ကလော့ကတော့ သူ့ရဲ့ကွင်းလယ်လူ အယ်ကန်တာရာ ဒဏ်ရာရနေတဲ့အပေါ် သူ့မှာ လူစားလဲစရာလူကိုမရှိဘူးလို့ ညည်းတွားခဲ့ပြီး၊ ရှိတဲ့သူကိုပဲ ဆက်တိုက်ထုတ်ရမှာဖြစ်လို့ စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်ကန်တာရာဟာ တော်တော်ကြာကြာလေး အနားယူရဦးမယ်လို့ သိရပါတယ်။

AZ-SportsGabar