ဒေးဗစ်လူးဝစ်နဲ့ ဂျင်မီနက်အဖြစ်အပျက်အပြီးမှာ စည်းမျဉ်းတခုကိုတင်သွင်းဖို့ အကြံပေးလိုက်တဲ့ အလန်ရှီးယား

အာဆင်နယ်နဲ့ ဝုဗ်အသင်းကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်နောက်တန်းက ဒေးဗစ်လုဇ်နဲ့ ဝုဗ်တိုက်စစ်မှူး ဂျင်မီနက်တို့ဟာ မတော်တဆထိခိုက်မှု ကြုံတွေ့ခဲ့ရပါတယ်။ ဂျင်မီနက်တယောက် ဆေးရုံကိုတင်ပို့ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပြီး၊ နောက်ဆုံးသိရတဲ့အခြေအနေအရ ဦးခေါင်းခွံအက်ကွဲတဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ခွဲစိတ်မှုလုပ်ခဲ့ရတဲ့အတွက် ဂျင်မီနက်တယောက်အတော်လေး စိုးရိမ်ရတဲ့အခြေအနေမျိုးပါ။

ဒီဖြစ်ရပ်တွေကို ဖြစ်ပျက်ပြီးချိန်မှာတော့ ပရီးမီးယားလိဂ်ဂန္ဓဝင်တယောက်ဖြစ်တဲ့ အလန်ရှီးယားက မှတ်ချက်ပေးဖို့ဖြစ်လာပါတယ်။ အရင် ပရီးမီးယားလိဂ်မှာလည်း နှစ်ရှည်လများဆွေးနွေးခဲ့ကြတဲ့ ခေါင်းစည်းတခုဖြစ်တဲ့ ပြင်းထန်တဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာဖြစ်ခဲ့ရင် အပိုလူစားလဲခွင့်ပေး၊ မပေးဆိုတဲ့ စည်းမျဉ်းကို အသက်သွင်းဖို့ပါ။ ဒါပေမဲ့ လက်ရှိမှာ ဒီစည်းမျဉ်းက မရှိသေးပါဘူး။

စည်းမျဉ်းရဲ့ သဘောတရားက လက်ရှိလူးဝစ်- ဂျင်မီနက်တို့လိုမျိုး အဖြစ်အပျက်ဖြစ်လာရင် လူစားလဲရမှာမဟုတ်ပါဘူး။ အထူးလူစားလဲအနေနဲ့ လူစားလဲသုံးယောက်ထဲမပါတဲ့ ကစားသမားမျိုးနဲ့လဲရမှာမျိုးပါ။ လက်ရှိအဖြစ်အပျက်မှာ ဂျင်မီနက်နေရာ အစားဝင်လာတဲ့ ဖာဘီယို ဆေးလ်ဗားက ဝုဗ်အတွက် ပွဲအစ (၁၅) မိနစ်မှာပဲ လူစားလဲလိုက်ရတဲ့အတွက် တနေရာစာနစ်နာသွားပါတယ်။

ဒါ့အပြင် လူးဝစ်ကလည်း လူစားလဲဖို့ထက် ခေါင်းမှာ ပတ်တီးနဲ့ပွဲကို ဆက်ကစားခဲ့ရပြီး၊ ဒုတိယပိုင်းအရောက်မှာ နည်းစနစ်ကျကျ လူစားလဲခဲ့ပါတယ်။ ဟိုဒင်းဝင်လာခဲ့ရတဲ့အတွက် အာဆင်နယ်မှာလည်း လူစားလဲခွင့် တနေရာစာ ကုန်သွားပေမဲ့ ဒုတိယပိုင်းမှာမှ ဖြစ်တဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ အလန်ရှီးယားရဲ့ပြောကြားချက်ကို နောက်ထပ်ထောက်ခံသူတဦးလည်းရှိပါသေးတယ်။

ဂျာမိန်းဂျီးနက်က ရှီးယားရဲ့အဆိုကို ထောက်ခံလိုက်ပြီး၊ ဒီလိုစည်းမျဉ်းကို သီးသန့်ထားပေးဖို့ လိုတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဦးခေါင်းပိုင်းဆိုင်ရာထိခိုက်မှုတွေက ဘောလုံးသမားတွေအတွက် အနာဂတ်မှာ ရေရှည်စဉ်းစားရမယ့် ကိစ္စတခုဖြစ်လာပါပြီ။ ဒါပေမဲ့ ဘောလုံးအဖွဲ့ချုပ်တွေ၊ စည်းမျဉ်းရေးရာတွေကတော့ ဒီလိုလူစားလဲမှုအပေါ် အခွင့်အရေးယူသွားမှာကို စိုးရိမ်စိတ်နဲ့ပဲ ခွင့်မပြုဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

AZ-SportsGabar