နံနက်ပိုင်းအားကစားသတင်းတိုများ (၃၀.၁၁.၂၀၂၀)

ဝုဗ်ကို အိမ်ကွင်းမှာ (၁-၂)ရလဒ်နဲ့ ရှုံးခဲ့ပေမဲ့ နည်းပြအာတီတာက သူ့အနာဂတ်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်တာမျိုးမရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ (၁၉၈၁) ခုနှစ်နောက်ပိုင်း (၁၀)ပွဲကစား၊ (၅)ပွဲရှုံးရလဒ်နဲ့အဆိုးရွားဆုံး ရာသီအစမှတ်တမ်းကို ပိုင်ဆိုင်ထားပေမဲ့ အခုလက်ရှိအသင်းရလဒ်တွေကြောင့် နည်းပြရာထူးလှုပ်မှာကို စိုးရိမ်စိတ်မရှိတာဖြစ်ပါတယ်။

ချဲလ်ဆီးကို (ဝ-၀)နဲ့ သရေကျအောင်ကစားပြီးခဲ့ချိန်မှာတော့ စပါးနည်းပြ မော်ရင်ဟိုက သူ့အသင်းဟာ ပရီးမီးယားလိဂ်မြင်းပြိုင်ပွဲကြီးက ပွန်းရုပ်လေးတရပ်မျှသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေအောက်မှာ သရေကျခဲ့တဲ့အပေါ် အခုလိုဝန်ခံပြောကြားခဲ့ပေမဲ့ လိုအပ်တဲ့သရေတမှတ်ကို ရအောင်ယူသွားခဲ့ပါတယ်။

အဆိုပါသရေပွဲကြောင့် အမှတ်ပေးဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပြီး၊ စပါးဟာ (၂၁)မှတ်နဲ့အတူ လတ်တလေမှာဦးဆောင်နေပါတယ်။ လီဗာပူးနဲ့ရမှတ်တူ (၂၁)မှတ်နဲ့ ရှိနေပြီး၊ မော်ရင်ဟိုရဲ့စပါးဟာ ဒီနှစ်ရာသီအတွက် အမှတ်ပေးဇလားကို ခြိမ်းခြောက်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

ဆောက်သမ်တန်ကို (၂-၃)နဲ့ အနိုင်ရအောင်ထိ ပြန်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကာဗာနီကတော့ ဆိုးလ်ရှားနောက်ပိုင်း လူစားဝင်လာပြီး တပွဲတည်းသုံးဂိုးပတ်သက်နိုင်တဲ့ ပထမဆုံး မန်ယူကစားသမားဖြစ်လာခဲ့ပါတယ်။ ဆိုးလ်ရှားက (၁၉၉၉) နော်တင်ဟမ်ဖောရက်နဲ့ပဲမှာ လူစားဝင်ပြီးမှ သုံးဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်လူးဝစ်နဲ့ အကြီးအကျယ်ထိခိုက်မိပြီး ဆေးရုံရောက်သွားတဲ့ ဝုဗ်တိုက်စစ်မှူး ဂျင်မီနက်တယောက် လက်ရှိအချိန်မှာ ကောင်းကောင်းမွန်မွန်ပြန်ရှိနေပြီလို့သိရပါတယ်။ စိုးရိမ်မှုအနည်းငယ်ရှိနေတဲ့အတွက် လာမယ့်အပတ် ပွဲစဉ်တချို့ကို လွဲချော်နိုင်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာကနေ အိုဆာဆူနာကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ မက်ဆီက သူသွင်းယူနိုင်ခဲ့တဲ့ဂိုးကို ကွယ်လွန်သွားပြီဖြစ်တဲ့ မာရာဒိုနာအတွက် ရည်ညွန်းခဲ့ပါတယ်။ အကြောင်းက သူကြီးပြင်းခဲ့တဲ့ နယူးအိုဘွိုင်းအသင်းမှာ နှစ်ယောက်လုံးက ကစားသမားအဖြစ်ရပ်တည်ခဲ့ကြသူတွေဖြစ်ပြီး၊ မာရာဒိုနာအခုလိုသေဆုံမှုအပေါ် စီနီယာကစားသမားအနေနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar