မာရာဒိုနာရဲ့သားပါဆိုပြီး သဂြုႋဟ်ပြီးသား မာရာဒိုနာရဲ့ အစိတ်အပိုင်းတွေကိုလာတောင်းတဲ့ဆယ်ကျော်သက်လူငယ်

မာရာဒိုနာရဲ့ သားဖြစ်ပါတယ်ဆိုပြီးပြောကြားလာတဲ့ လူငယ်လေးတစ်ဦးဟာ မာရာဒိုနာရဲ့ မီးသဂြိုလ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူနေထိုင်ရာ လာပလာတာမြို့ဆီကို ပြန်လည်သယ်ယူဖို့အတွက်တောင်းဆိုလာခဲ့ပါတယ်။မာရာဒိုနာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂)ရက်နေ့တုန်းက သေဆုံးသွားခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာ အသက်(၆၀)အရွယ်သာရှိသေးတာဖြစ်ပါတယ်။

ဆန်တီယာဂို လာရာလို့အမည်ရတဲ့အသက်(၁၉)နှစ်အရွယ်ဆယ်ကျော်သက်လူငယ်လေးတစ်ဦးဟာ မာရာဒိူနာကို မီးသဂြိုလ်ပြီးတဲ့နောက် မာရာဒိုနာရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ယူဆောင်ဖို့အတွက် သူ့ရဲ့ရှေနေ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ လာရာဟာ သူ့ကို်ယ်သူ မာရာဒိုနာရဲ့ သားပါလို့ တပ်အပ်ပြောခဲ့ပြီးတော့ လိုအပ်မယ်ဆိုရင် ဒီအန်အေစစ်ဆေးဖို့ပါပြောဆိုခဲ့တာဖြစ်ပါတယ်။

လာရာရဲ့ပြောကြားချက်မှာ လာရာရဲ့ မိခင်ဖြစ်သူဟာ မာရာဒိုနာနဲ့ (၆)နှစ်ကြာတွဲခဲ့တဲ့ သူဖြစ်ပြီးတော့ (၂၀၀၆)ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ သူဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။ လာရာအနေနဲ့ သူ့အမေရဲ့ ရည်းစားဟောင်းဖြစ်တဲ့ မာဆယ်လိုလာရာရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာခဲ့ရတဲ့ သူဖြစ်တယ်လို့ တစ်ဆက်ထဲပြောကြားသွားခဲ့ပါတယ်။

လာရာက ” ကျွန်တော်ကဘယ်သူလဲဆိုတာသိစေချင်ရုံပါပဲ၊ မာရာဒိုနာရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အတွက် အရေးကြီးတဲ့ အရာတစ်ခုမှမရှိပါဘူး ” လို့လည်းပြောကြားသွားခဲ့ပါသေးတယ်။ အခုလိုအချိန်မှ မာရာဒိုနာရဲ့ သားပါလို့ ပြောဆိုလာတဲ့ လာရာအပေါ်မာရာဒိုနာရဲ့ ပိုင်ဆိုင်မှုတွေကိုလိုချင်လို့ ဂွင် ဖန်တယ်လို့ပြောဆိုနေကြတဲ့ အပေါ်မှာ အခုလိုတုန့်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လာရာအနေနဲ့ မာရာဒိုနာရဲ့ ဈာပနကိုတော့တက်ရောက်လာခဲ့ခြင်းမရှိပဲ ဒီလိုမလာနိုင်ခဲ့တာဟာ လာရာအနေနဲ့ မာရာဒိုနာရဲ့သေဆုံးမှုအပေါ်အလွန်အမင်းကိုစိတ်ထိခိုက်နေတာကြောင့်ဖြစ်တယ်လို့ လာရာရဲ့ရှေ့နေဖြစ်သူကပြောကြားထားခဲ့ပါတယ်။ လာရာတစ်ယောက် မာရာဒိုနာရဲ့ သားတကယ်ဖြစ်နေလို သားတစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလိုချင်တာလား၊ ဒါမှမဟုတ် ကျော်ကြားဖို့နဲ့ မာရာဒိုနာရဲ့ပိုင်ဆိုင်မှုတွေကိုမက်မောလို့ဂွင်ဝင်ဖန်တာလားဆိုတာကတော့ လာရာကိုယ်တိုင်အသိဆုံးပဲဖြစ်နေမှာပါ။

AZ-SportsGabar