ခ်ဲလ္ဆီးရဲ႕ပြဲထြက္လူစာရင္းမွာကစားခြင့္ရဖို႔အသင့္ျဖစ္ေနတဲ့ကစားသမား(၃)ေယာက္

ျပီးခဲ့တဲ့ (၂၀၁၈-၂၀၁၉) ေဘာလံုးရာသီကေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ အေကာင္းစားၾကီးမဟုတ္ေပမယ့္ အဆိုးၾကီးလည္းမဟုတ္ခဲ့ပဲ ပရီးမီးယားလိဂ္မွာ အဆင့္(၃) ရခဲ့ျပီး၊ ရာသီကုန္မွာေတာ့ ယူရိုပါလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ နည္းျပ ဆာရီဟာ ခ်ဲလ္ဆီးထံကို သစ္လြင္တဲ့ တိုက္စစ္ကစားဟန္တစ္ခု ယူေဆာင္လာခဲ့ျပီး၊ ရာသီအစပိုင္းမွာ အလုပ္ျဖစ္ခဲ့ေပမယ့္ ပရိသတ္ေတြကို စိတ္ေက်နပ္မႈမေပးႏိုင္ခဲ့တဲ့ အခ်ိန္ကာလေတြလည္းရွိခဲ့ပါတယ္။

အဓိက ကစားသမားအီဒင္ဟာဇက္ထြက္ခြာသြားမႈဟာ ဆာရီရဲ႕ကစားကြက္အေပၚမွာ သက္ေရာက္မႈ အမ်ားၾကီးရွိလာႏိုင္ျပီး၊ ဆာရီအေနနဲ႔ ဟာဇက္မပါတဲ့ ခ်ဲလ္ဆီးအသင္းကို ဘယ္လိုတည္ေဆာက္သြားမလဲဆိုတာ စိတ္၀င္စားစရာေကာင္းေနပါတယ္။ ကစားသမားေခၚယူခြင့္ပိတ္ပင္ခံထားရေပမဲ့ အသင္းၾကီးမွာပြဲထြက္ကစားဖို႔အသင့္ရွိေနတဲ့ လူငယ္ေျခတက္ကစားသမားေကာင္းတစ္ခ်ိဳ႕လည္း ရွိေနေသးတာေၾကာင့္ ခ်ဲလ္ဆီးအတြက္ ကံေကာင္းတယ္လို႔ ေျပာရမွာပါ။ သူတို႔ေတြကေတာ့-

(၁) ရီးစ္ဂ်ိမ္း (၁၉ ႏွစ္)

ညာေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရီးစ္ဂ်ိမ္းဟာ ခ်န္ပီယံရွစ္မွာ ၀ီဂန္အသင္းနဲ႔အတူ အေတြ႕အၾကံဳေကာင္းေတြ ရရွိခဲ့ျပီးျဖစ္ကာ၊ ေျခစြမ္းျပႏိုင္ခဲ့လို႔ ၀ီဂန္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္တစ္ေယာက္အျဖစ္လည္း ရွိေနပါတယ္။ ရုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈအားေကာင္းျပီး၊ ညာျခမ္းတစ္ေလွ်ာက္မွာ လ်င္လ်င္ျမန္ျမန္နဲ႔ အတက္အဆင္းကစားႏိုင္စြမ္းရွိတဲ့ ဂ်ိမ္းဟာ ျပီးခဲ့တဲ့ရာသီက ၀ီဂန္အတြက္ (၄၄)ပြဲအထိ ပါ၀င္ကစားေပးခဲ့ကာ သူ႔ရဲ႕အေရးပါမႈကို ျပသခဲ့ျပီးလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ အက္စ္ပီလီက်ဴတာ ရဲ႕ေနရာအတြက္ လူစားထိုး အသံုးျပဳဖို႔ လိုအပ္လာခဲ့ရင္ ဂ်ိမ္းက အသင့္ေတာ္ဆံုး ညာေနာက္ခံကစားသမားတစ္ဦးအျဖစ္ရွိေနပါတယ္။

(၂) မာဆြန္ေမာင့္ (၂၀ ႏွစ္)

ဒါဘီကစားသမား မာဆြန္ေမာင့္ဟာ ခ်ဲလ္ဆီးထံကေန နည္းျပလမ္းပတ္ အငွားစာခ်ဳပ္နဲ႔ေခၚယူထားခဲ့တဲ့ လူငယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။ တိုက္စစ္အားသန္ကြင္းလယ္ကစားသမားေလး ေမာင့္ကို နည္းျပလမ္းပတ္ အၾကိဳက္ေတြ႕ခဲ့ရတဲ့ အေၾကာင္းအရင္းေတြကေတာ့ သူ႔ရဲ႕ႏိုင္ပြဲဆာေလာင္မႈ၊ အသင္းေဖာ္ေတြအတြက္ အခြင့္အေရးမ်ားစြာဖန္တီးႏိုင္မႈ နဲ႔ သူမတူတဲ့ ေဘာလံုးအထိန္းအသိမ္းကြ်မ္းက်င္မႈ တို႔ပဲျဖစ္ပါတယ္။ ကြင္းလယ္ကစားသမားတစ္ေယာက္အေနနဲ႔ (၉)ဂိုးသြင္းယူႏိုင္ခဲ့တယ္ဆိုတာ အထင္ၾကီးစရာျဖစ္ျပီး၊ ေမာင့္ဟာ ဒါဘီအတြက္ ဂိုးဖန္တီးမႈ (၄)ၾကိမ္ကိုလည္းျပဳလုပ္ေပးထားပါေသးတယ္။ ဒါေၾကာင့္ ကြင္းလယ္ဖန္တီးရွင္ ရွားပါးမႈနဲ႔ ၾကံဳေနရတဲ့ ခ်ဲလ္ဆီးလူစာရင္းမွာ ေမာင့္ဟာ ထည့္သြင္းစဥ္းစားသင့္တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

(၃) တန္မီေအဗရာဟမ္ (၂၁ ႏွစ္)

ခ်ဲလ္ဆီးတိုက္စစ္အတြက္ အသင့္ေတာ္ဆံုး လူငယ္ကစားသမားတစ္ဦးကို ျပပါဆိုရင္ တန္မီေအဗရာဟမ္ ကိုပဲ လက္ညိွဳးထိုးရမွာပါ။ တန္မီဟာ ျပီးခဲ့တဲ့ခ်န္ပီယံရွစ္ ျပိဳင္ပြဲမွာ ဗီလာအတြက္ (၂၆)ဂိုးသြင္းယူႏိုင္ခဲ့ျပီး ပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ေအာင္ အဓိကကူညီေပးႏိုင္ခဲ့ပါတယ္။ လာမယ့္ေဘာလံုးရာသီမွာ ခ်ဲလ္ဆီးထံ ျပန္ျပီး ပြဲထြက္ခြင့္အတြက္ တိုက္ပြဲ၀င္သြားမယ္လို႔ ၾကံဳး၀ါးထားတဲ့ တန္မီဟာ ပရီးမီးယားလိဂ္မွာကစားဖို႔ အရည္အေသြး ျပည့္မွီသူျဖစ္ကာ၊ ျပီးခဲ့တဲ့တစ္ရာသီလံုး သူျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ ဂီေရာ့နဲ႔ဟီဂူရင္တို႔လို သက္ၾကီးကစားသမားေတြနဲ႔အျပိဳင္ ခ်ဲလ္ဆီးတိုက္စစ္မွာ ေနရာရဖို႔ ထိုက္တန္တယ္လို႔ ဆိုရမွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ချဲလ်ဆီးရဲ့ပွဲထွက်လူစာရင်းမှာကစားခွင့်ရဖို့အသင့်ဖြစ်နေတဲ့ကစားသမား(၃)ယောက်

ပြီးခဲ့တဲ့ (၂၀၁၈-၂၀၁၉) ဘောလုံးရာသီကတော့ ချဲလ်ဆီးအသင်းအတွက် အကောင်းစားကြီးမဟုတ်ပေမယ့် အဆိုးကြီးလည်းမဟုတ်ခဲ့ပဲ ပရီးမီးယားလိဂ်မှာ အဆင့်(၃) ရခဲ့ပြီး၊ ရာသီကုန်မှာတော့ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နည်းပြ ဆာရီဟာ ချဲလ်ဆီးထံကို သစ်လွင်တဲ့ တိုက်စစ်ကစားဟန်တစ်ခု ယူဆောင်လာခဲ့ပြီး၊ ရာသီအစပိုင်းမှာ အလုပ်ဖြစ်ခဲ့ပေမယ့် ပရိသတ်တွေကို စိတ်ကျေနပ်မှုမပေးနိုင်ခဲ့တဲ့ အချိန်ကာလတွေလည်းရှိခဲ့ပါတယ်။

အဓိက ကစားသမားအီဒင်ဟာဇက်ထွက်ခွာသွားမှုဟာ ဆာရီရဲ့ကစားကွက်အပေါ်မှာ သက်ရောက်မှု အများကြီးရှိလာနိုင်ပြီး၊ ဆာရီအနေနဲ့ ဟာဇက်မပါတဲ့ ချဲလ်ဆီးအသင်းကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံထားရပေမဲ့ အသင်းကြီးမှာပွဲထွက်ကစားဖို့အသင့်ရှိနေတဲ့ လူငယ်ခြေတက်ကစားသမားကောင်းတစ်ချို့လည်း ရှိနေသေးတာကြောင့် ချဲလ်ဆီးအတွက် ကံကောင်းတယ်လို့ ပြောရမှာပါ။ သူတို့တွေကတော့-

(၁) ရီးစ်ဂျိမ်း (၁၉ နှစ်)

ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ရီးစ်ဂျိမ်းဟာ ချန်ပီယံရှစ်မှာ ဝီဂန်အသင်းနဲ့အတူ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပြီးဖြစ်ကာ၊ ခြေစွမ်းပြနိုင်ခဲ့လို့ ဝီဂန်ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်အဖြစ်လည်း ရှိနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားကောင်းပြီး၊ ညာခြမ်းတစ်လျှောက်မှာ လျင်လျင်မြန်မြန်နဲ့ အတက်အဆင်းကစားနိုင်စွမ်းရှိတဲ့ ဂျိမ်းဟာ ပြီးခဲ့တဲ့ရာသီက ဝီဂန်အတွက် (၄၄)ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ သူ့ရဲ့အရေးပါမှုကို ပြသခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ အက်စ်ပီလီကျူတာ ရဲ့နေရာအတွက် လူစားထိုး အသုံးပြုဖို့ လိုအပ်လာခဲ့ရင် ဂျိမ်းက အသင့်တော်ဆုံး ညာနောက်ခံကစားသမားတစ်ဦးအဖြစ်ရှိနေပါတယ်။

(၂) မာဆွန်မောင့် (၂၀ နှစ်)

ဒါဘီကစားသမား မာဆွန်မောင့်ဟာ ချဲလ်ဆီးထံကနေ နည်းပြလမ်းပတ် အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ တိုက်စစ်အားသန်ကွင်းလယ်ကစားသမားလေး မောင့်ကို နည်းပြလမ်းပတ် အကြိုက်တွေ့ခဲ့ရတဲ့ အကြောင်းအရင်းတွေကတော့ သူ့ရဲ့နိုင်ပွဲဆာလောင်မှု၊ အသင်းဖော်တွေအတွက် အခွင့်အရေးများစွာဖန်တီးနိုင်မှု နဲ့ သူမတူတဲ့ ဘောလုံးအထိန်းအသိမ်းကျွမ်းကျင်မှု တို့ပဲဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ (၉)ဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုတာ အထင်ကြီးစရာဖြစ်ပြီး၊ မောင့်ဟာ ဒါဘီအတွက် ဂိုးဖန်တီးမှု (၄)ကြိမ်ကိုလည်းပြုလုပ်ပေးထားပါသေးတယ်။ ဒါကြောင့် ကွင်းလယ်ဖန်တီးရှင် ရှားပါးမှုနဲ့ ကြုံနေရတဲ့ ချဲလ်ဆီးလူစာရင်းမှာ မောင့်ဟာ ထည့်သွင်းစဉ်းစားသင့်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

(၃) တန်မီအေဗရာဟမ် (၂၁ နှစ်)

ချဲလ်ဆီးတိုက်စစ်အတွက် အသင့်တော်ဆုံး လူငယ်ကစားသမားတစ်ဦးကို ပြပါဆိုရင် တန်မီအေဗရာဟမ် ကိုပဲ လက်ညှိုးထိုးရမှာပါ။ တန်မီဟာ ပြီးခဲ့တဲ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗီလာအတွက် (၂၆)ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် အဓိကကူညီပေးနိုင်ခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီမှာ ချဲလ်ဆီးထံ ပြန်ပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးထားတဲ့ တန်မီဟာ ပရီးမီးယားလိဂ်မှာကစားဖို့ အရည်အသွေး ပြည့်မှီသူဖြစ်ကာ၊ ပြီးခဲ့တဲ့တစ်ရာသီလုံး သူပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဂီရော့နဲ့ဟီဂူရင်တို့လို သက်ကြီးကစားသမားတွေနဲ့အပြိုင် ချဲလ်ဆီးတိုက်စစ်မှာ နေရာရဖို့ ထိုက်တန်တယ်လို့ ဆိုရမှာပါ။

လူညိုချော@SportsGabar