ဘာစီလိုနာဥက္ကဌ ဖြစ်လာရင် မက်ဆီအတွက် နူးကမ့်မှာဂုဏ်ပြုအထိမ်းအမှတ်လုပ်ပေးမယ်ဆိုတဲ့ဥက္ကဌလောင်း

ဘာစီလိုနာရဲ့လာမယ့် ဥက္ကဌရွေးကောင်းပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာစီလိုနာရဲ့ အိမ်ကွင်းဖြစ်တဲ့ နူးကမ့်ကို နူးကမ့်လီယိုမက်ဆီလို့နာမည်ပြောင်းမယ်လို့ ဥက္ကဌလောင်း အယ်မလီရိုဆော့ဒ်ကပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာလာမယ့်ဇန်နဝါရီမှာ ဥက္ကဌသစ်ရွေးကောက်ပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူကေတော့ဘာတိုမြူဖြစ်ပြီး မက်ဆီနဲ့ အဆင်မပြေမှုတွေရှိနေတဲ့ သူတစ်ယောက်လည်းပဲဖြစ်ပါတယ်။

ဘာတိုမြူဟာဘာစီလိုနာအသင်းရဲ့ ဥက္ကဌရာထူးကနေအနားယူတော့မှာဖြစ်တာကြောင့် ရိုဆော့ဒ်က ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ဖြစ်လာဖို့ရှိနေတာပဲဖြစ်ပါတယ်။ မက်ဆီဟာလည်း လက်ရှိဘာစီလိုနာနဲ့ ချုပ်ဆိုထားတဲ့ လာမယ့်နွေရာသီဆိုရင် ကုန်ဆုံးတော့မှာဖြစ်တဲ့ အတွက် လာမယ့် ဘောလုံးရာသီမှာ မက်ဆီကို ဘာစီလိုနာမှာဆက်လတ်မြင်တွေ့ရဖို့ကမသေချာတော့ပါဘူး။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာကတည်းက မန်စီးတီးကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမ့ဘာစီလိုနာကမက်ဆီကို အသင်းကနေထွက်ခွာဖို့ ခွင့်မပြုခဲ့တာကြောင့် အသင်းမှာဆက်လတ်ပြီးတော့ရှိနေခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက်မှာ ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်အဖြစ်ရပ်တည်လျက်ရှိနေတာဖြစ်ပြီး ဘာစီလိုနာသမိုင်းမှာ အခမ်းနားဆုံကစားသမားတွေထဲကတစ်ယောက်အဖြစ်ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအတွက်မက်ဆီလုပ်ဆောင်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်လာဖို့ အလားအလာကောင်းတွေရှိနေတဲ့ ရိုဆော့ဒ်က ဘာစီလိုနာဥက္ကဌဖြစ်လာခဲ့ရင် ဘာစီလိုနာ အိမ်ကွင်းနူးကမ့်ရဲ့နာမည်ကို နူးကမ့်လီယိုမက်ဆီလိုနာမည်ပေးဖို့ အလိုရှိနေတယ်ဆိုတဲ့ အကြောင်းကိုအခုလိုပဲပြောကြားသွားခဲ့ပါတယ်။

” မက်ဆီက ဘာစီလိုနာအတွက်တော့ ကမ္ဘာ့ဘောလုံးလောကအတွက်ပါရှင်သန်နေတဲ့ သမိုင်းတစ်ခုပါ၊ ကျွန်တော်ဘာစီလိုနာဥက္ကဌဖြစ်လာခဲ့ရင် နူးကမ့်ကို နူးကမ့်လီယိုမက်ဆီလို နာမည်ပြောင်းဖို့ အဖွ့ဲဝင်တွေကို ကျွန်တော်ပြောထားပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

AZ-SportsGabar