(၂၀၂၂)ကမာၻ႕ဖလားမွာစီေရာ္နယ္ဒိုပါ၀င္ႏိုင္ဖို႔ေမ်ွာ္လင့္ေနတ့ဲေပၚတူဂီနည္းျပဆန္းတို႔စ္

ဂ်ဳဗင္တပ္အသင္းရဲ႕တိုက္စစ္မွဴး စီေရာ္နယ္ဒိုဟာ နိုင္ငံလက္ေရြးစင္အသင္းေပၚတူဂီအသင္းနဲ႔အတူ လာမယ့္ (၂၀၂၂)ကမာၻ႕ဖလားမွာ ပါ၀င္ႏိုင္ဖို႔ေမ်ွာ္လင့္ေနတယ္လို႔သိရပါတယ္။

ေပၚတူဂီအသင္းရဲ႕နည္းျပ ဖာနန္ဒို ဆန္းတို႔စ္ရဲ႕အလိုအရ စီေရာ္နယ္ဒိုဟာ ေနာက္ထပ္ သံုးႏွစ္ ဒါမွမဟုတ္ ေလးႏွစ္ထိေအာင္ ကလပ္အသင္းအတြက္ေရာ ႏိုင္ငံအသင္းအတြက္ပါ အေကာင္းဆံုးေျခစြမ္းေတြနဲ႔ ကစားေပးေနႏိုင္ေသးလို႔ ဆန္းတို႔စ္က ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ဆြတ္ဇာလန္ကိုသံုးဂိုးတစ္ဂိုးနဲ႔အႏိုင္ရရွိခ့ဲတ့ဲ ပြဲမွာ ေပၚတူဂီအတြက္အႏိုင္ဂိုးသံုးဂိုးလံုးကို တစ္ဦးထဲကသြင္းယူေပးသြားႏိုင္ခ့ဲတာျဖစ္ပါတယ္။

အသက္(၃၄)ႏွစ္အရြယ္ကိုေရာက္ရွိေနျပီျဖစ္တ့ဲစီေရာ္နယ္ဒိုဟာ ႏုိင္ငံအသင္းအတြက္ သြင္းဂိုး(၈၈)ျပည့္ေျမာက္ခ့ဲျပီလည္းျဖစ္ပါတယ္။ ေပၚတူဂီအသင္းကို(၂၀၁၆)ယူရိုဖလားရရွိေအာင္ဦးေဆာင္ေပးႏိုင္ခ့ဲတ့ဲ ေပၚတူဂီနည္းျပ ဆန္းတို႔စ္က သူ႔အေနနဲ႔ အသင္းရဲ႕တိုက္စစ္မွဴး စီေရာ္နယ္ဒိုကို ကာတာမွာ က်င္းပမယ့္ လာမယ့္(၂၀၂၂)ခုႏွစ္ ကမာၻ႕ဖလားမွာ အသင္းအတြက္ပါ၀င္ကစားေပးႏိုင္ဖို႔ ေမ်ွာ္လင့္ေနတယ္လို႔သိရပါတယ္။

ေပၚတူဂီနည္းျပ ဆန္းတို႔စ္က ” သူ႔မွာ အရည္းအေသြးေကာင္းေတြရွိတယ္ဆိုတာကို အၾကိမ္ၾကိမ္သက္ေသျပခ့ဲျပီးပါျပီ၊ သူက စနစ္တက်ေလ့က်င့္မႈေတြျပဳလုပ္တယ္၊ ဒီလိုအေျခအေနမ်ိဳးကိုေရာက္ဖို႔ဆိုတာ သာမန္ကိစၥေတာ့မဟုတ္ပါဘူး၊ သူဒီအေျခအေနကိုဆက္ထိန္းထားႏုိင္တယ္လို႔ ကၽြန္တာ္ထင္တယ္၊ သူဟာ အသင္းရဲ႕ကပၸတိန္တစ္ေယာက္ပါ၊ သူကအၾကီးမားဆံုးအေရးပါတ့ဲ သူတစ္ေယာက္ပါ၊ ကလပ္နဲ႔ႏိုင္ငံအသင္းရဲ႕ပရိသတ္ေတြအတြက္ ေပ်ာ္ရႊင္မႈေတြကို သူေပးႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္၊ သူဟာ ေနာက္ထပ္ သံုးေလးႏွစ္ေလာက္မွာ ထိပ္တန္းအဆင့္မွာ ရွိေနဦးမွာပါ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

စီေရာ္နယ္ဒိုဟာ အသက္(၃၄)ႏွစ္အရြယ္ကိုေရာက္ရွိလာခ့ဲျပီျဖစ္ေပမယ့္ ေျခစြမ္းေတြကေတာ့ ခုခ်ိန္ထိက်ဆင္းသြားျခင္းမရွိေသးပဲ အေကာင္းဆံုးေျခစြမ္းေတြနဲ႔ ႏိုင္ငံအသင္းအတြက္ေရာ ကလပ္အသင္းအတြက္ပါ ေျခစြမ္းျပ ကစားထားႏိုင္ေနဆဲျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟ လက္ရွိမွာ ေပၚတူဂီအသင္းနဲ႔အတူ ေနရွင္လိဂ္ျပိဳင္ပြဲမွာပါ၀င္ကစားလ်က္ရွိေနျပီး၊ ဒီေန႔ညမွာ နယ္သာလန္အသင္းနဲ႔ ေနရွင္လိဂ္ဗိုလ္လုပြဲကို ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

(၂၀၂၂)ကမ္ဘာ့ဖလားမှာစီရော်နယ်ဒိုပါဝင်နိုင်ဖို့မျှော်လင့်နေတဲ့ပေါ်တူဂီနည်းပြဆန်းတို့စ်

ဂျုဗင်တပ်အသင်းရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုဟာ နိုင်ငံလက်ရွေးစင်အသင်းပေါ်တူဂီအသင်းနဲ့အတူ လာမယ့် (၂၀၂၂)ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။

ပေါ်တူဂီအသင်းရဲ့နည်းပြ ဖာနန်ဒို ဆန်းတို့စ်ရဲ့အလိုအရ စီရော်နယ်ဒိုဟာ နောက်ထပ် သုံးနှစ် ဒါမှမဟုတ် လေးနှစ်ထိအောင် ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အကောင်းဆုံးခြေစွမ်းတွေနဲ့ ကစားပေးနေနိုင်သေးလို့ ဆန်းတို့စ်က ယုံကြည်နေတာလည်းဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဆွတ်ဇာလန်ကိုသုံးဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ပေါ်တူဂီအတွက်အနိုင်ဂိုးသုံးဂိုးလုံးကို တစ်ဦးထဲကသွင်းယူပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့စီရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် သွင်းဂိုး(၈၈)ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကို(၂၀၁၆)ယူရိုဖလားရရှိအောင်ဦးဆောင်ပေးနိုင်ခဲ့တဲ့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က သူ့အနေနဲ့ အသင်းရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုကို ကာတာမှာ ကျင်းပမယ့် လာမယ့်(၂၀၂၂)ခုနှစ် ကမ္ဘာ့ဖလားမှာ အသင်းအတွက်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။

ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ” သူ့မှာ အရည်းအသွေးကောင်းတွေရှိတယ်ဆိုတာကို အကြိမ်ကြိမ်သက်သေပြခဲ့ပြီးပါပြီ၊ သူက စနစ်တကျလေ့ကျင့်မှုတွေပြုလုပ်တယ်၊ ဒီလိုအခြေအနေမျိုးကိုရောက်ဖို့ဆိုတာ သာမန်ကိစ္စတော့မဟုတ်ပါဘူး၊ သူဒီအခြေအနေကိုဆက်ထိန်းထားနိုင်တယ်လို့ ကျွန်တာ်ထင်တယ်၊ သူဟာ အသင်းရဲ့ကပ္ပတိန်တစ်ယောက်ပါ၊ သူကအကြီးမားဆုံးအရေးပါတဲ့ သူတစ်ယောက်ပါ၊ ကလပ်နဲ့နိုင်ငံအသင်းရဲ့ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေကို သူပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ သူဟာ နောက်ထပ် သုံးလေးနှစ်လောက်မှာ ထိပ်တန်းအဆင့်မှာ ရှိနေဦးမှာပါ ” လို့ပြောကြားသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အသက်(၃၄)နှစ်အရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် ခြေစွမ်းတွေကတော့ ခုချိန်ထိကျဆင်းသွားခြင်းမရှိသေးပဲ အကောင်းဆုံးခြေစွမ်းတွေနဲ့ နိုင်ငံအသင်းအတွက်ရော ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြ ကစားထားနိုင်နေဆဲဖြစ်ပါတယ်။ စီရော်နယ်ဒိုဟ လက်ရှိမှာ ပေါ်တူဂီအသင်းနဲ့အတူ နေရှင်လိဂ်ပြိုင်ပွဲမှာပါဝင်ကစားလျက်ရှိနေပြီး၊ ဒီနေ့ညမှာ နယ်သာလန်အသင်းနဲ့ နေရှင်လိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar