‘ ဟာဇက္ဟာ ရီးရဲလ္မွာ ပိုျပီးထူးျခားတာေတြကို လုပ္ျပပါလိမ့္မယ္ ‘ ေကာ္တိုရစ္

ဟာဇက္တစ္ေယာက္ ခ်ဲလ္ဆီးကေန ရီးရဲလ္ကို ေျပာင္းဖို႔ အခ်ိန္တစ္ခုယူခဲ့ျပီးတဲ့ေနာက္မွာေတာ့ အားလံုးထင္ထားတဲ့အတိုင္းပဲ အဆံုးသတ္ခဲ့ပါတယ္။ အျပီးသတ္ေပးေခ်တဲ့ ေငြပမာဏ ေပါင္သန္း (၁၃၀)ထိရွိမယ့္ ေျပာင္းေရႊ႕ေၾကးနဲ႔ ရီးရဲလ္ကို ေျပာင္းခဲ့ျပီး၊ ကနဦး ေပးေခ်ေငြ ေပါင္ (၈၈.၅)သန္းနဲ႔ပါ။

ရီးရဲလ္မွာ နဂိုကတည္းက ေရာက္ႏွင့္ျပီးသား ခ်ဲလ္ဆီးအသင္းေဖာ္ ေကာ္တိုရစ္တစ္ေယာက္၊ လက္ေရြးစင္တစ္ႏိုင္ငံတည္းသား ဟာဇက္ေရာက္လာတာကို ေပ်ာ္မဆံုးျဖစ္ေနျပီး၊ ခ်ီးက်ဴး ေျပာဆိုမႈေတြ မၾကာခဏလုပ္ေနပါတယ္။ အခုတစ္ေခါက္မွာေတာ့ ဟာဇက္ဟာ ရီးရဲလ္ကို ေရာက္လာျပီးတဲ့ေနာက္မွာ အရင္ထက္ပိုျပီး ထူးျခားလာမယ့္အေၾကာင္းေတြကို အခုလို ေဖာက္သည္ခ်ခဲ့ပါတယ္။

‘ အကယ္လို႔ သူစပိန္စကားေလး နည္းနည္းေျပာမယ္ဆိုရင္ ပိုျပီး ေကာင္းလာပါလိမ့္မယ္၊ ကၽြန္ေတာ္တို႔ တူတူရွိလာဖို႔ အေၾကာင္းဖန္လာတာဟာ တကယ့္ကို ေကာင္းလြန္းပါတယ္၊ သူက ကၽြန္ေတာ့္သူငယ္ခ်င္းပါ၊ သူနဲ႔ သူ႕မိသားစုနဲ႔ ဆက္ဆံေရးေကာင္းေတြကို ေရရွည္ထိေတြ႕ထားပါတယ္၊ မက္ဒရစ္အသင္းအတြက္ကေတာ့ ဒါက တကယ့္ကို အံ့ၾသစရာပါပဲ၊’

‘ ကၽြန္ေတာ္ေတြးမိတာကေတာ့ ဟာဇက္ဟာ ရီးရဲလ္မွာ ပိုျပီးထူးျခားတာေတြကို လုပ္ျပပါလိမ့္မယ္၊ ျပီးေတာ့ ကၽြန္ေတာ့္တို႔ တူတူ ဆုဖလားေတြ အမ်ားၾကီး ေနာက္လာမယ့္ ရာသီေတြမွာ သိမ္းပိုက္ႏိုင္ပါလိမ့္မယ္ ‘ ဆိုျပီး ေျပာသြားခဲ့ပါတယ္။ ေကာ္တိုရစ္နဲ႔ ဟာဇက္ဟာ ဘယ္ဂ်ီယမ္လက္ေရြးစင္နဲ႔ ခ်ဲလ္ဆီးအသင္းသား ဘ၀မွာကတည္းက ညီအစ္ကို ဆက္ဆံေရးရွိၾကသူေတြပါ။

အခုအခ်ိန္မွာေတာ့ ရီးရဲလ္ကို အတူတူေရာက္လာျပီးေနာက္ပိုင္း ခ်ဲလ္ဆီးမွာ ဖလားေတြ ရယူခဲ့သလို လုပ္ျပဖို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့အျပင္ ေကာ္တိုရစ္ကပါ ဟာဇက္ကို အခုလို ေထာက္ခံတဲ့အတြက္ ရီးရဲလ္တို႔ ေအာင္ျမင္မႈဆီ ဟာဇက္နဲ႔ တစ္ေက်ာ႔ျပန္ႏိုင္မလားဆိုတာ ေစာင့္ၾကည္႔သြားရဖို႔ ရွိေနပါတယ္။

ေခတၱရာေအာင္@SportsGabar

Unicode

‘ ဟာဇက်ဟာ ရီးရဲလ်မှာ ပိုပြီးထူးခြားတာတွေကို လုပ်ပြပါလိမ့်မယ် ‘ ကော်တိုရစ်

ဟာဇက်တစ်ယောက် ချဲလ်ဆီးကနေ ရီးရဲလ်ကို ပြောင်းဖို့ အချိန်တစ်ခုယူခဲ့ပြီးတဲ့နောက်မှာတော့ အားလုံးထင်ထားတဲ့အတိုင်းပဲ အဆုံးသတ်ခဲ့ပါတယ်။ အပြီးသတ်ပေးချေတဲ့ ငွေပမာဏ ပေါင်သန်း (၁၃၀)ထိရှိမယ့် ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်ကို ပြောင်းခဲ့ပြီး၊ ကနဦး ပေးချေငွေ ပေါင် (၈၈.၅)သန်းနဲ့ပါ။

ရီးရဲလ်မှာ နဂိုကတည်းက ရောက်နှင့်ပြီးသား ချဲလ်ဆီးအသင်းဖော် ကော်တိုရစ်တစ်ယောက်၊ လက်ရွေးစင်တစ်နိုင်ငံတည်းသား ဟာဇက်ရောက်လာတာကို ပျော်မဆုံးဖြစ်နေပြီး၊ ချီးကျူး ပြောဆိုမှုတွေ မကြာခဏလုပ်နေပါတယ်။ အခုတစ်ခေါက်မှာတော့ ဟာဇက်ဟာ ရီးရဲလ်ကို ရောက်လာပြီးတဲ့နောက်မှာ အရင်ထက်ပိုပြီး ထူးခြားလာမယ့်အကြောင်းတွေကို အခုလို ဖောက်သည်ချခဲ့ပါတယ်။

‘ အကယ်လို့ သူစပိန်စကားလေး နည်းနည်းပြောမယ်ဆိုရင် ပိုပြီး ကောင်းလာပါလိမ့်မယ်၊ ကျွန်တော်တို့ တူတူရှိလာဖို့ အကြောင်းဖန်လာတာဟာ တကယ့်ကို ကောင်းလွန်းပါတယ်၊ သူက ကျွန်တော့်သူငယ်ချင်းပါ၊ သူနဲ့ သူ့မိသားစုနဲ့ ဆက်ဆံရေးကောင်းတွေကို ရေရှည်ထိတွေ့ထားပါတယ်၊ မက်ဒရစ်အသင်းအတွက်ကတော့ ဒါက တကယ့်ကို အံ့သြစရာပါပဲ၊’

‘ ကျွန်တော်တွေးမိတာကတော့ ဟာဇက်ဟာ ရီးရဲလ်မှာ ပိုပြီးထူးခြားတာတွေကို လုပ်ပြပါလိမ့်မယ်၊ ပြီးတော့ ကျွန်တော့်တို့ တူတူ ဆုဖလားတွေ အများကြီး နောက်လာမယ့် ရာသီတွေမှာ သိမ်းပိုက်နိုင်ပါလိမ့်မယ် ‘ ဆိုပြီး ပြောသွားခဲ့ပါတယ်။ ကော်တိုရစ်နဲ့ ဟာဇက်ဟာ ဘယ်ဂျီယမ်လက်ရွေးစင်နဲ့ ချဲလ်ဆီးအသင်းသား ဘဝမှာကတည်းက ညီအစ်ကို ဆက်ဆံရေးရှိကြသူတွေပါ။

အခုအချိန်မှာတော့ ရီးရဲလ်ကို အတူတူရောက်လာပြီးနောက်ပိုင်း ချဲလ်ဆီးမှာ ဖလားတွေ ရယူခဲ့သလို လုပ်ပြဖို့ ပရိသတ်တွေ မျှော်လင့်နေတဲ့အပြင် ကော်တိုရစ်ကပါ ဟာဇက်ကို အခုလို ထောက်ခံတဲ့အတွက် ရီးရဲလ်တို့ အောင်မြင်မှုဆီ ဟာဇက်နဲ့ တစ်ကျော့ပြန်နိုင်မလားဆိုတာ စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

ခေတ္တရာအောင်@SportsGabar