မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ဦးမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မာရာဒိုနာရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲ

ဒီနေ့အချိန်အထိ ဘောလုံးလောကမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ဦးကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေက ရပ်တန့်သွားခြင်းမရှိသေးပါဘူး။ မက်ဆီဟာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ ဘလွန်းဒီအော်ဆုကို (၆)ကြိမ်အထိစံချိန်တင်ရရှိထားခဲ့သလိုစီရော်နယ်ဒိူကလည်း (၅)ကြိမ်အထိစံချိန်တင်ရရှိထားခဲ့တာဖြစ်ပါတယ်။

မက်ဆီရော စီရော်နယ်ဒိုကမော်ဒန်ဘောလုံးလောကမှာထိပ်တန်ကစားသမားတွေအဖြစ်ရပ်တည်လျက်ရှိနေတာ လက်ရှိအချိန်အထိဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကိုတောင်ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ဒီကစားသမားနှစ်ဦးကြား ဘယ်သူပိုကောင်းတယ်ဆိုတဲ့ နှိုင်းယှဉ်ပြောကြားနေမှုတွေကလည်း ဒီနေ့အချိန်အထိရပ်တန့်သွားခဲ့ခြင်းမရှိသေးပါဘူး။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြားကမ္ဘာ့ဘောလုံးဂုရုကြီးတွေရဲ့ ပြောကြားချက်တွေကလည်း အမျိုးမျိုးပါပဲ။ လက်ရှိမှာတော့ ပြီးခဲ့တဲ့ ရက်က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကမ္ဘာ့ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာရဲ့ စီရော်နယ်ဒိုရဲ့ မက်ဆီတို့နှစ်ဦးကြားဘယ်သူပိုကောင်းတယ်ဆိုတဲ့ ရွေးချယ်မှုလေးကိုဖော်ပြပေးလိုက်ပါတယ်။

” ကျွန်တော်စီရော်နယ်ဒိုကိုရွေးချယ်ပါတယ်၊ သူက တိရိစ္ဆာတစ်ကောင်လိုပါပဲ၊ သူ့ကို အာဂျင်တီးနားသားတစ်ယောက် ကျွန်တော်ဖြစ်စေချင်ခဲ့တာပါ၊ သူကမယုံနိုင်စရာကောင်းလောက်အောင်ကောင်းပါတယ်၊ ကျွန်တော်မြင်ဖူးတဲ့ ကစားသမားတွေထဲမှာ ဒီစတီဖာနို၊ ဂျိုဟန်ခရိုက်နဲ့ မက်ဆီတို့က အကြီးကျယ်အခမ်းနားဆုံးကစားသမားတွေပါ၊ဒီထဲမှာ စီရော်နယ်ဒိုလည်း ပါနေပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

တစ်နိုင်ငံထဲသားမက်ဆီအပေါ်မှာလည်း အခုလိုပဲ မှတ်ချက်ပေးပြောဆိုသွားခဲ့ပါသေးတယ်။ ” မက်ဆီခြေစွမ်းမကောင်းတဲ့ ပွဲစဉ်ကို ကျွန်တော် မမှတ်မိနိုင်ပါဘူး၊ သူက မှော်တုတ်တံနဲ့ ထိထားတဲ့ ကစားသမားမျိုးပါ၊ ကျွန်တော်အာဂျင်တီးနားသားတွေ မက်ဆီက အာဂျင်တီးနားသားဖြစ်နေတဲ့ အတွက်အမြဲတမ်း ဂုဏ်ယူပြီးသားပါ၊ တစ်ယောက်ကတော့ တိရိစ္ဆာန်တစ်ကောင်လိုပေါ့၊ စီရော်နယ်ဒိုက တကယ့်ကို ပါဝါကို အားပြုတဲ့ သူမျိုးပါ၊သူက ကစားသမားတစ်ယောက်လိုပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

AZ-Sportsgabar