လင်ဂတ်ရဲ့ မှော်ဝင်ြခေစွမ်းတွေကို ပြန်မြင်တွေ့လိုနေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်း

အစ္စတန်ဘူလ်ကို အနိုင်ကန်ပြီးချိန်မှာ ယူနိုက်တက် ကစားသမားတွေ ပွဲပန်းနေပြီလို့ ဆိုနိုင်ပါတယ်။ ပရီးမီးယားလိဂ် နောက်တပွဲဖြစ်တဲ့ ဆောက်သမ်တန်နဲ့ပွဲကလည်း စူပါဆန်းဒေးမှာရှိနေတဲ့အတွက် ဆက်တိုက်အကျိုးပြုနေတဲ့ ဖာနန်ဒက်၊ ရက်ရှ်ဖို့ဒ်၊ ဖရက်ဒ်တို့လို ကစားသမာတွေအနေနဲ့ ပွဲထွက်ပါမလားက မသေချာပါဘူး။ဒီအနေအထားမှာ သတင်းကောင်းလို့ဆိုရမယ့် သတင်းတခုရှိလာပါတယ်။

ကွင်းလယ်တိုက်စစ်မှာ ကာလအတန်ကြာပျောက်ဆုံးနေခဲ့တဲ့ ပရိသတ်အချစ်တော် လင်ဂတ်တယောက် ပြန်ပါလာနိုင်တော့မယ့် သတင်းပါ။ မူလက လင်ဂတ်တယောက်ကို နောက်လအထိ ပြန်ပါမယ်လို့ မသေချာသေးပေမဲ့ လင်ဂတ်ဟာ အံ့အားသင့်ဖွယ်ရာဆိုသလိုပဲ Full ထရိန်နင်ဆင်းနိုင်ခဲ့ပါတယ်။ သဘောက ပွဲချိန်ပြည့် မိနစ် (၉၀)ကို ထရိန်နင်မှာ ကန်နိုင်ခဲ့တာဖြစ်ပါတယ်။

ကန်နိုင်ခဲ့တဲ့အတွက် ကြားထဲမှာ အချိန်ရသေးတဲ့ ယူနိုက်တက်အတွက် လင်ဂတ်ဟာ အရန်စာရင်းမှာ ပါလာနိုင်တဲ့ပုံစံရှိနေပါတယ်။ ပြီးခဲ့တဲ့ အစ္စတန်ဘူလ်ပွဲမှာ ဂရင်းဝုဒ်၊ ဂျိမ်းတို့ကို ပွဲပြီးခါနီး ထည့်နိုင်ခဲ့တဲ့အတွက် ရက်ရှ်ဖို့ဒ်ကို အနားပေးတာမျိုးရှိလာနိုင်ပါတယ်။ ဖာနန်ဒက်လည်း ပွဲဆက်နေတဲ့အပေါ် လူစားလဲမှုတွေပြုလုပ်ခဲ့ရင် လင်ဂတ်ကို အရန်အနေနဲ့ ထည့်သွင်းလာနိုင်ခြေရှိနေပါတယ်။

ဆိုးလ်ရှားရဲ့တချိန်က ကွင်းလယ်တိုက်စစ် ဦးစားပေးဖြစ်ခဲ့တဲ့ ကစားသမားအတွက် အခုလို ဒဏ်ရာပြန်သက်သာလာတာက တဖက်မှာတော့ သတင်းကောင်းလို့ဆိုနိုင်ပါတယ်။ အလုပ်ဖြစ်နေတဲ့ ကွင်းလယ်တိုက်စစ်ကို အရှိန်မပြတ် အားထည့်နိုင်ဖို့ ဖာနန်ဒက်ရဲ့ Back Up အဖြစ်လည်း သုံးလို့ရနိုင်သူပါ။ ဒါပေမဲ့ ဒီနှစ်ထဲမှာ ကာရာဘောင် လူစားဝင်နှစ်ပွဲပဲ ကစားရသေးတဲ့အတွက် လင်ဂတ်ကို ထည့်မသုံးဖို့က ပိုသေချာနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထရိန်နင်ကို အချိန်ပြည့်ဆင်းနိုင်ခဲ့ပြီး၊ တက်ကြွနေတဲ့ ဟန်တွေတွေ့ခဲ့ရတာက အရန်အင်အားအတွက် လုံးဝကို အားကောင်းလာစေတာတော့အမှန်ပါပဲ။

Thu Yay – MMUN