Roy Jones Jrနဲ့ပွဲမတိုင်မီထရိန်နင်မှာ လက်သီးစွမ်းပြခဲ့တဲ့ မိုက်တိုင်ဆန်

မိုက်တိုင်ဆန်အနေနဲ့ လက်ဝှေ့လောကကနေအနားယူသွားခဲ့တာအချိန်တွေအရမ်းကြားမြင်ခဲ့ပြီဖြစ်သလို အသက်အရွယ်အားဖြင့်လက်ဝှေ့ထိုးဖို့ သင့်တော်တဲ့ အရွယ်ကိုကျော်လွန်လာခဲ့ပြီဖြစ်ပေမဲ့ လက်သီးတွေကတော့ ပြင်းထန်လျက်ရှိကာ ပြိုင်ဘက်ကို အလဲထိုးဖို့အတွက် လုံလောက်နေတုန်းပဲလို့ မိုက်တိုင်ဆန်ရဲ့လေ့ကျင့်ရေးဆရာဖြစ်သူကပြောကြားသွားခဲ့တာပါ။

အသက်(၅၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မိုက်တိုင်ဆန်ဟာလာမယ့်စနေနေ့မှာ Jones Jrလို့အမည်ရတဲ့ ပြိုင်ဘက်နဲ့ (၈)ချီ ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ မိုက်တိုင်ဆန်တစ်ယောက် လက်ဝှေ့လောကကနေအနားယူပြီး (၁၅)နှစ်အကြာမှာ ပထမဆုံးပြန်လည်ထိုးသက်မယ့် ပွဲစဉ်တစ်ပွဲလည်းပဲဖြစ်ပါတယ်။လက်ရှိမိုက်တိုင်ဆန်ကို ဝဲလ်သာဝိတ်ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ဇက် ဂျူဒက်ကလေ့ကျင့်ပေးနေတာဖြစ်ပါတယ်။

ဂျုဒက်ရဲ့ အဆိုအရ မိုက်တိုင်ဆန်ဟာ အသက်(၅၄)နှစ်အရွယ်ရှိနေပြီဖြစ်နေပေမဲ့ ငယ်စဉ်က လက်ဝှေ့လောကမှာနာမည်ကြီးခဲ့တဲ့ သံမဏိမိုက်တိုင်ဆန်ဆိုတဲ့ အတိုင်း လက်သီးချက်တွေက ပြင်းထန်လျက်ရှိနေတုန်းပဲလို့ အခုလိုထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ” ကျွန်တော်ထရိန်နင်မှာ မိုက်တိုင်ဆန်ကိုလေ့ကျင့်ပေးနေတာပါ၊ ဒီနေရာကနေပြီးတော့ကမ္ဘာကြီးကို ကျွန်တော်ပြောချင်တာက မိုက်တိုင်ဆန်ပြန်လာပြီဆိုတာပါပဲ၊

သူဟာပြိုင်ပွဲတွေကစားနေခဲ့တာမဟုတ်ပါဘူး၊ ဒါပေမဲ့ အတိတ်မှာ ခင်ဗျားတို့ သိခဲ့တဲ့ မိုက်တိုင်ဆန်ပြန်လာနေပါပြီ၊ ဘာကြောင့် ကျွန်တော်ဒီလိုပြောရလည်းဆိုတော့ ထရိန်နင်ကိုလာတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်၊ လာတုန်းကတော့ သွားအပြည့်နဲ့ပါ၊ ဒါပေမဲ့ အပြန်မှာတော့ သွားတစ်ချောင်းမပါတော့ပါဘူး၊ မိုက်တိုင်ဆန်က ခုချိန်ထိစိတ်ဓာတ်တွေပြင်းထန်နေတုန်းပါပဲ၊

တကယ်ကိုရူးချင်စရာကောင်းပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။မိုက်တိုင်ဆန်ဟာ မနက်ဖြန်ညမှာ ပြိုင်ဘက်ဖြစ်သူ ဂျိုးနက်ဂျေအာဆိုသူနဲ့(၈)ချီပွဲစဉ်ကို ရင်ဆိုင်ထိုးသက်သွားမှာပဲဖြစ်ပါတယ်။ လက်ဝှေ့လောက အနေ(၁၅)နှစ်ကြာအနားယူသွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးပြန်ထိုးမယ့် ပွဲစဉ်မှာ ဘယ်လိုမျိုးရလဒ်တွေထွက်ပေါ်အောင်ထိုးသက်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

AZ-SportsGabar