မိုကမ်ဘီနဲ့ တွေ့ဆုံခဲ့တဲ့အချက်ကို အကောင်းဆုံးအသုံးချခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ယူအသင်းဟာ သူတို့ရဲ့ အပြောင်းအရွှေ့ပိုင်းဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ မိုကမ်ဘီအသင်းက ကစားသမားကိုခေါ်ယူခဲ့ပါတယ်။ အသက် (၁၅)နှစ်ပဲရှိသေးတဲ့ နောက်ခံလူလေးဟာ ဗဟိုနောက်ခံလူ နေရာမှာကစားပြီး၊ ကင်းဒန်လို့ သိရပါတယ်။ ကစားသမားကို ခေါ်ယူဖို့ မန်ယူ ကင်းထောက်တွေက တမင်ကိုပွဲစီစဉ်ပြီးခေါ်ခဲ့တဲ့အတွက် မိုကမ်ဘီအတွက် ခံရခက်ဖြစ်စေခဲ့ပါတယ်။

လူငယ်ပွဲစဉ်တခုအနေနဲ့ မန်ယူအသင်းဟာ မိုကမ်ဘီ အကယ်ဒမီနဲ့ လူငယ်ချင်းကန်ဖို့ ပွဲတခုစီစဉ်ခဲ့ပါတယ်။ ယူ(၁၈)ပွဲမှာ သူတို့ စောင့်ကြည့်နေတဲ့ ကင်းဒန်ရဲ့ခြေစွမ်းကို အကဲခတ်ချင်တာကြောင့်ဖြစ်ပြီး၊ အသက် (၁၅)နှစ်နဲ့ ယူ (၁၈)တန်းကို တက်ကစားနေတဲ့ ကစားသမားကိုလေ့လာခဲ့ပါတယ်။ ထင်မထားလောက်အောင်ခြေစွမ်းပြခဲ့ချိန်မှာတော့ မန်ယူတာဝန်ရှိသူတွေက ကစားသမားကိုခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကင်းဒန်က သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ မန်ချက်စတာယူနိုက်တက်ကို သူပြောင်းတော့မှာဖြစ်ကြောင်း တင်ထားပြီး မကြာခင်မှာပဲ စာချုပ်အမြန်ဆုံးချုပ်ခဲ့ပြီး၊ အကယ်ဒမီကစားသမားအဖြစ်နဲ့ တခြားအသင်းတွေ လက်မဦးခင် အရယူခဲ့ပါတယ်။ အသက် (၁၅)နှစ်ပဲရှိသေးတဲ့အတွက် မန်ယူ ယူ (၁၆)မှာ ကင်းဒန်ကိုခေါ်ယူတယ်ဆိုပြီး စာချုပ်မှာဖြစ်ပါတယ်။

အခုလိုမျိုး လူငယ်တွေကို လျင်လျင်မြန်မြန်စာချုပ်နေတာဟာ ယူနိုက်တက်အတွက်တော့ မဆန်းတော့ပါဘူး။ အခုလပိုင်းတွေထဲမှာကို ကစားသမားစုစုပေါင်း (၈)ဦးအထိခေါ်ထားပြီပြီဖြစ်တဲ့အပြင် ကင်းဒန်လို အရည်အသွေးမြင့်နောက်ခံလူတွေကိုခေါ်ပါခေါ်နိုင်ခဲ့တာပါ။ မိုကမ်ဘီကတော့ ပွဲတွေ့ဖို့ စီစဉ်ပြီး၊ ကစားသမားခေါ်သွးတဲ့ မန်ယူရဲ့လုပ်ရပ်ကိုတော့ သဘောကျမယ်တော့ မထင်မိပါဘူး။

AZ-SportsGabar