အာဆင္နယ္က စိတ္၀င္စားေနတဲ့အေပၚ တိတိက်က်အေျဖေပးလိုက္တဲ့ ဘာစီေနာက္ခံလူ

ဘာစီလိုနာအသင္းရဲ႕ ေနာက္ခံလူ အမ္တီတီဟာ ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ခဲ့ရျပီး၊ ဒဏ္ရာျပႆနာေတြနဲ႔ အသင္းမွာ အသားမက်ျဖစ္ခဲ့ပါတယ္။ စုစုေပါင္း (၁၄)ပြဲသာ ပြဲထြက္ခြင့္ရခဲ့တဲ့ အေနအထားက ကစားသမားအတြက္ ေတာ္ေတာ္ေလးကို ဆိုးရြားတဲ့ ရာသီျဖစ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕နည္းျပ အမ္မရီရဲ႕ အသင္းအေပၚ ဗဟိုေနာက္ခံလူတစ္ဦးရွာေဖြေနမႈမွာ အမ္တီတီရဲ႕ ဘာစီလိုနာမွာ ေနရာမရမႈက မ်က္စိက်ေစပါတယ္။ ဂန္းနားတို႔ ခ်ိိတ္ဆက္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့ေပမဲ့ ေဆြးေႏြးတဲ့အဆင့္မေရာက္ခဲ့ဘဲ ရွိေနပါတယ္။ ဒီအခ်ိန္မွာ ခ်ိန္သားကိုက္ဆိုသလို အမ္တီတီက သူ႕ရဲ႕အနာဂတ္အေၾကာင္း ေျပာလာခဲ့ျပီး အာဆင္နယ္တို႔ ေမွ်ာ္လင့္ခ်က္ ေ၀၀ါးခဲ့ရတာကို ေတြ႕ရမွာပါ။

‘ ကၽြန္ေတာ့္မွာ စာခ်ဳပ္က ရွိေနပါတယ္၊ ဘာစီလိုနာမွာ ကစားရတာလည္း ေပ်ာ္ပါတယ္၊ ျပီးခဲ့တဲ့ ရာသီက ကၽြန္ေတာ့္အတြက္ ရႈပ္ေထြးတဲ့ ရာသီတစ္ခုျဖစ္ခဲ့ေပမဲ့ ေသခ်ာတာက ကၽြန္ေတာ္ဟာ လာမယ့္ရာသီမွာ ဘာစီလိုနာမွာ ဆက္ရွိေနပါမယ္’ ဆိုျပီး ေျပာခဲ့ပါတယ္။ အမ္တီတီရဲ႕ ေျပာၾကားခ်က္ဟာ ကမာၻ႕အဆင့္ ေနာက္ခံလူတစ္ေယာက္လိုအပ္ေနတဲ့ အာဆင္နယ္တို႔ ေနာက္ထပ္ကစားသမားတစ္ဦးကိုပဲ ျမားဦးဆက္လွည္႔ရမယ့္သေဘာပါပဲ။

အန္ဒါဆန္နဲ႔ ဒင္းနစ္ ပရက္

လက္ရွိမွာေတာ့ ဗဟိုခံစစ္ပိုင္းဆိုင္ရာအတြက္ ဆမ္ဒိုရီးယားအသင္းက အန္ဒါဆန္နဲ႔ ဒင္းနစ္ ပရက္တို႔ ဗဟိုခံစစ္နဲ႔ ကြင္းလယ္ခံစစ္အတြဲကို ေပါင္ (၄၄)သန္းနဲ႔ ဦးတည္ျပီး၊ အေျပာင္းအေရႊ႕ကို ဆက္လႈပ္ရွားေနတဲ့အတြက္ အာဆင္နယ္နဲ႔ အမ္တီတီရဲ႕ ခ်ိတ္ဆက္မႈဟာ ဆက္ျဖစ္လာႏိုင္ဖြယ္မရွိေတာ့ပါဘူး။ ဒါေၾကာင့္ အမ္တီတီအေနနဲ႔ ေနာက္ရာသီ ဘာစီလိုနာမွာပဲ ဆက္ရွိေနတာ့မွာ ျဖစ္ပါတယ္။

ေခတၱရာေအာင္@SportsGabar

Unicode

အာဆင်နယ်က စိတ်ဝင်စားနေတဲ့အပေါ် တိတိကျကျအဖြေပေးလိုက်တဲ့ ဘာစီလိုနာနောက်ခံလူ
ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ အမ်တီတီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး၊ ဒဏ်ရာပြဿနာတွေနဲ့ အသင်းမှာ အသားမကျဖြစ်ခဲ့ပါတယ်။ စုစုပေါင်း (၁၄)ပွဲသာ ပွဲထွက်ခွင့်ရခဲ့တဲ့ အနေအထားက ကစားသမားအတွက် တော်တော်လေးကို ဆိုးရွားတဲ့ ရာသီဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့နည်းပြ အမ်မရီရဲ့ အသင်းအပေါ် ဗဟိုနောက်ခံလူတစ်ဦးရှာဖွေနေမှုမှာ အမ်တီတီရဲ့ ဘာစီလိုနာမှာ နေရာမရမှုက မျက်စိကျစေပါတယ်။ ဂန်းနားတို့ ချိတ်ဆက်မှုအချို့ ပြုလုပ်ခဲ့ပေမဲ့ ဆွေးနွေးတဲ့အဆင့်မရောက်ခဲ့ဘဲ ရှိနေပါတယ်။ ဒီအချိန်မှာ ချိန်သားကိုက်ဆိုသလို အမ်တီတီက သူ့ရဲ့အနာဂတ်အကြောင်း ပြောလာခဲ့ပြီး အာဆင်နယ်တို့ မျှော်လင့်ချက် ေ၀ဝါးခဲ့ရတာကို တွေ့ရမှာပါ။

‘ ကျွန်တော့်မှာ စာချုပ်က ရှိနေပါတယ်၊ ဘာစီလိုနာမှာ ကစားရတာလည်း ပျော်ပါတယ်၊ ပြီးခဲ့တဲ့ ရာသီက ကျွန်တော့်အတွက် ရှုပ်ထွေးတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ သေချာတာက ကျွန်တော်ဟာ လာမယ့်ရာသီမှာ ဘာစီလိုနာမှာ ဆက်ရှိနေပါမယ်’ ဆိုပြီး ပြောခဲ့ပါတယ်။ အမ်တီတီရဲ့ ပြောကြားချက်ဟာ ကမ္ဘာ့အဆင့် နောက်ခံလူတစ်ယောက်လိုအပ်နေတဲ့ အာဆင်နယ်တို့ နောက်ထပ်ကစားသမားတစ်ဦးကိုပဲ မြားဦးဆက်လှည့်ရမယ့်သဘောပါပဲ။

လက်ရှိမှာတော့ ဗဟိုခံစစ်ပိုင်းဆိုင်ရာအတွက် ဆမ်ဒိုရီးယားအသင်းက အန်ဒါဆန်နဲ့ ဒင်းနစ် ပရက်တို့ ဗဟိုခံစစ်နဲ့ ကွင်းလယ်ခံစစ်အတွဲကို ပေါင် (၄၄)သန်းနဲ့ ဦးတည်ပြီး၊ အပြောင်းအရွှေ့ကို ဆက်လှုပ်ရှားနေတဲ့အတွက် အာဆင်နယ်နဲ့ အမ်တီတီရဲ့ ချိတ်ဆက်မှုဟာ ဆက်ဖြစ်လာနိုင်ဖွယ်မရှိတော့ပါဘူး။ ဒါကြောင့် အမ်တီတီအနေနဲ့ နောက်ရာသီ ဘာစီလိုနာမှာပဲ ဆက်ရှိနေတာ့မှာ ဖြစ်ပါတယ်။

ခေတ္တရာအောင်@SportsGabar