နံနက်ပိုင်းအားကစားသတင်းတိုများ (၂၆.၁၁.၂၀၂၀)

ခံစစ်ပိုင်းအားနည်းနေတဲ့ လီဗာပူးအသင်းကို အတ္တလန်တာအသင်းက အဝေးကွင်းမှာပဲ (ဝ-၂)နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးဦးဆောင်နေတဲ့ အုပ်စု (D)ဟာ အမှတ်ကွာဟချက်ကျဉ်းမြောင်းနေပြီး၊ လီဗာပူး၊ အေဂျက်၊ အတ္တန်လန်တာ သုံးသင်းလုံး နောက်တဆင့်ကို တက်နိုင်တဲ့ အခွင့်အရေးတွေပိုင်ဆိုင်လာခဲ့ပါတယ်။

အိုလီပီယာကိုစ်ကို ဖိုဒင်ရဲ့တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးကတော့ (၄)ပွဲကစား (၁၂)မှတ်နဲ့အတူ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖိုဒင်ကတော့ သူ့ရဲ့ ချန်ပီယံလိဂ် (၁၀)ပွဲမြောက်မှာ (၇)ဂိုးအထိ သွင်းယူလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ အင်တာမီလန်အသင်းက (ဝ-၂)နဲ့အတူ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲအရှုံးကြောင့် အုပ်စုကတက်ဖို့ အင်တာမီလန်တို့ အတော်လေး ခက်ခဲသွားခဲ့ပြီဖြစ်ပြီး၊ (၃၃)မိနစ်မှာကတည်းက အနီကတ် ပြခံခဲ့ရတဲ့ ဗီဒယ်ကြောင့် အင်တာတို့ အုပ်စုနဲ့ပဲ ကျေနပ်လိုက်ရဖို့ ရှိနေပါတယ်။

ရက်ဘူးဆဲလ်ဘတ်ကို (၃-၁)နဲ့ အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ (၃-၁)ရလဒ်နဲ့အတူ အနိုင်ရခဲ့ပါတယ်။ နိုင်ပွဲကြောင့် (၄)ပွဲကစား (၁၂)မှတ်နဲ့အတူ အုပ်စုက ကျွတ်သွားခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိမှာ ချန်ပီယံလိဂ်ပွဲစဉ် (၁၅)ပွဲဆက်တိုက်အနိုင်ရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်လာခဲ့ပါတယ်။

စပါးနည်းပြ မော်ရင်ဟိုကတော့ ပရိသတ်တွေ ကွင်းထဲပြန်လာတော့မယ်လို့ သိရတဲ့အပေါ် ခံစားချက်ကောင်းတယ်လို့ ထောက်ခံခဲ့ပါတယ်။ ဒီဇင်ဘာ(၂)ရက်နေ့ကစ ကွင်းထဲကို ပရိသတ်တွေ ပြန်လာခိုင်းတော့မှာဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ အဆင့်နဲ့အတူ နည်းနည်းချင်းစီ ကွင်းထဲကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။

မိုးလ်ဒီအသင်းကို ရင်ဆိုင်ကစားရမယ့် အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် နီကိုလပ်ပီပီကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ကစားသမားကို ယုံကြည်မှု ဆက်ပေးသွားဖို့ရှိနေပြီး၊ ပရီးမီးယားလိဂ်မှာ အနီကတ်ပြခံရပေမဲ့ ယူရိုပါလိဂ်မှာ ကစားသမားကို ဆက်သုံးသွားဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ်မှာ လတ်တလော ကစားပြီးတဲ့ ရလဒ်တွေအရ ချဲလ်ဆီး၊ ဆီဗီးလား၊ မန်စီးတီး၊ ဘိုင်ယန်၊ ဂျူဗင်တပ်၊ ဘာစီလိုနာတို့ (၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ (၁၀)သင်းကျန်ရှိနေသေးပြီး၊ အုပ်စုပွဲ နှစ်ပွဲစီကိုယ်စီကစားဖို့ ကျန်နေသေးတာဖြစ်ပါတယ်။

AZ-SportsGabar