မာရာဒိုနာ ဘယ်လို သေဆုံးသွားခဲ့သလဲ

အသက်(၆၀) အရွယ်မှာပဲ ဘုရားပေးသောလက်လို့ ထင်ရှားတဲ့ အာဂျင်တိုင်းဂန္ဓဝင် မာရာဒိုနာတယောက် ဆုံးပါသွားခဲ့ပါတယ်။ နေအိမ်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပြီး၊ မာရာဒိုနာ သေဆုံးသွားတာဟာ heart attack (ဟတ်အတက်ခ်) ကြောင့်လို့ သိရပါတယ်။ အတိအကျတော့ မဟုတ်ဘဲ ရှေ့နေရဲ့ ပြောကြားချက်အရ heart attack အပြင် ခွဲစိတ်ထားမှုတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

အခုလို သေဆုံးဖို့ မဖြစ်ခင် (၃)ပတ်အလိုမှာ မာရာဒိုနာဟာ ဦးနှောက်တွင်း သွေးခဲမှု ပြဿနာကြောင့် ခွဲစိတ်ထားသူပါ။ ခွဲစိတ်ပြီး (၃)ပတ် ကြာပြီးတဲ့နောက်မှာ heart attack တကြိမ်ဖြစ်ခဲ့ပြီး၊ ခွဲစိတ်ထားတဲ့အရှိန်၊ နှလုံးက ဒဏ်မခံနိုင်မှုတွေနဲ့အတူ Heart Attack ဖြစ်ချိန်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ အခုလို ဖြစ်လာဖို့ အရှိန်တွေအတွက် ပြင်ပဘ၀ လူနေမှုကလည်း အများကြီး သက်ရောက်ခဲ့ပါတယ်။

မူးယစ်ဆေးနဲ့ အရက်စွဲထားတဲ့ ဒဏ်တွေက ခွဲစိတ်မှုနဲ့ နှလုံးကို ဒုက္ခပေးခဲ့တာကြောင့် အရွယ် အလယ်အလတ်တခုမှာပဲ ဆုံးပါသွားခဲ့တာပါ။ ကွယ်လွန်ချိန်ကိုတော့ အတိအကျမသိရပေမဲ့ မြန်မာစံတော်ချိန် (၂၅.၁၁.၂၀၂၀) ည (၁၁)နာရီအကျော်လေးမှာလို့ ခန့်မှန်းရပါတယ်။ (၁၉၈၆) ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကိုဖြုတ်ချနိုင်ခဲ့တဲ့ လက်နဲ့သွင်းဂိုးကြောင့် အခုအချိန်ထိ ဘုရားပေးသောလက်ပိုင်ရှင်လို့ နာမည်ကျော်ခဲ့သူပါ။

အာဂျင်တီးနားကိုလည်း ကမ္ဘာ့ဖလားရစေခဲ့တဲ့အတွက် လိုအပ်လာရင် မာရာဒိုနာလို နိုင်ငံအပေါ် ပေးဆပ်တဲ့ စိတ်ထားမျိုး နှောင်းခေတ်လူငယ်တွေအတွက် အတုယူစရာဖြစ်ခဲ့ပါတယ်။ အီတလီကလပ် နာပိုလီနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး၊ စီရီးအေ၊ ချန်ပီယံလိဂ်တို့လို ဖလားတွေကို သိမ်းကြုံရယူနိုင်ခဲ့သူပါ။ သေဆုံးခဲ့တဲ့ အကြောင်းရင်းက ဘောလုံးသမားဘဝမှာ ခေါင်းတိုက်ချက်တွေနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆထားပါတယ်။

ငယ်ရွယ်စဉ်မှာ ခေါင်းတိုက်ဘောအများစုကို ထရိန်နင်ကျင့်ခဲ့သူတွေဟာ အသက်ကြီးပိုင်းရောက်ချိန်မှာ blood clot လို့ ခေါ်တဲ့ သွေးခဲမှုကို ခံစားရနိုင်ခြေမြင့်ပြီး၊ ဦးနှောက်မှာ အဖြစ်များပါတယ်။ မူးယစ်နယ်ပယ်ထဲကျရောက်ခဲ့ပြီးနောက် ခွဲစိတ်မှုနဲ့ကြုံရချိန်မှာ မာရာဒိုနာကို ဆုံးပါသွားစေဖို့အထိဖြစ်ခဲ့ပြီး၊ အသက် (၆၀) မှာပဲ လူ့လောကကို နှုတ်ဆက်သွားစေခဲ့ပါတယ်။

AZ-SportsGabar