ေနာက္ရာသီမွာ ကစားရမယ့္အသင္းကို သူသိေနျပီဆိုတဲ့ ဂေရ႕ဇ္မန္း

အက္သလက္တီကို အသင္းကေန ထြက္ခြာေတာ့မယ္လို႔ တရား၀င္ေၾကညာထားတဲ့ ကမာၻ႕ဖလားဆုရွင္ ဂေရ႕ဇ္မန္းတစ္ေယာက္၊ ဘာစီလိုနာနဲ႔ အေျပာင္းအေရႊ႕ေတြ အမ်ားၾကီးထြက္ေပၚလာျပီးမွ သူမဟုတ္သလို ျပန္ျငိမ္သြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔လည္း သတင္းေတြထြက္ခဲ့ေပမဲ့ ျမိဳ႕ခံျပိဳင္ဘက္ကို ေျပာင္းမွာမဟုတ္ဘူးလို႔ အားလံုးက ထင္ေၾကးေပးထားတဲ့အတြက္ ဂေရ႕ဇ္မန္းတစ္ေယာက္ ပီအက္စ္ဂ်ီမွာ ေရာက္ေတာ့မလားလို႔ ေတြးေနၾကျပန္ပါတယ္။ ဘယ္ေရာက္မလဲ မသိရေပမဲ့ ဂေရ႕ဇ္မန္းတစ္ေယာက္ သူေရာက္မယ့္အသင္းကို သိေနျပီးသားဆိုတဲ့ ကစားတစ္ခြန္းကို ေျပာလာပါတယ္။

‘ ေနာက္ရာသီမွာ ဘယ္ေနရာမွာ ကစားေနရမလဲဆိုတာ ကၽြန္ေတာ္သိပါတယ္၊ ေသခ်ာတာကေတာ့ အဲဒါက မိုင္ယာမီမွာ မဟုတ္ပါဘူး’ ဆိုျပီးေတာ့ပါ။ ဂေရ႕ဇ္မန္းေျပာခဲ့တဲ့ စကားအရဆိုရင္ သူနဲ႔ စာခ်ဳပ္ခ်ဳပ္မယ့္အသင္းဟာ လံုး၀ သေဘာတူညီမႈ ရထားတဲ့ပံုစံျဖစ္ေနျပီး၊ အမေရိကန္မွာ မဟုတ္ဘူးလို႔ ေနာက္သြားတဲ့အတြက္ ပီအက္စ္ဂ်ီနဲ႔ မန္ယူအသင္း တစ္သင္းသင္းဟာ ေသခ်ာေနျပီလားလို႔ ပရိသတ္ေတြက ယူဆေနပါျပီ။

ဂေရ႕ဇ္မန္းရဲ႕ ေျပာင္းေရႊ႕ေၾကးက ျမင့္တဲ့ပမာဏတစ္ရပ္ရွိတဲ့အတြက္ အေျပာင္းအေရႊ႕စရိတ္ရထားတဲ့အသင္းေတြထဲကပဲ ျဖစ္ဖို႔မ်ားေနုလို႔ မၾကာခင္မွာ ေၾကညာတာကို ျမင္ရဖို႔ ရွိေနပါတယ္။ ဂေရ႕ဇ္မန္းဟာ အက္သလက္အသင္းနဲ႔အတူ ယူရိုပါလိဂ္၊ ယူအီးအက္ဖ္ေအစူပါလိဂ္၊ စူပါကုိပါဖလားေတြကို ရထားျပီး၊ အထူးျခားဆံုးအေနနဲ႔ ျပင္သစ္အသင္းနဲ႔ ကမာၻ႕ဖလားရထားတဲ့ ကစားသမားပဲ ျဖစ္ပါတယ္။

ေခတၱရာေအာင္@SportsGabar

Unicode

နောက်ရာသီမှာ ကစားရမယ့်အသင်းကို သူသိနေပြီဆိုတဲ့ ဂရေ့ဇ်မန်း

အက်သလက်တီကို အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာထားတဲ့ ကမ္ဘာ့ဖလားဆုရှင် ဂရေ့ဇ်မန်းတစ်ယောက်၊ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့တွေ အများကြီးထွက်ပေါ်လာပြီးမှ သူမဟုတ်သလို ပြန်ငြိမ်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း သတင်းတွေထွက်ခဲ့ပေမဲ့ မြို့ခံပြိုင်ဘက်ကို ပြောင်းမှာမဟုတ်ဘူးလို့ အားလုံးက ထင်ကြေးပေးထားတဲ့အတွက် ဂရေ့ဇ်မန်းတစ်ယောက် ပီအက်စ်ဂျီမှာ ရောက်တော့မလားလို့ တွေးနေကြပြန်ပါတယ်။ ဘယ်ရောက်မလဲ မသိရပေမဲ့ ဂရေ့ဇ်မန်းတစ်ယောက် သူရောက်မယ့်အသင်းကို သိနေပြီးသားဆိုတဲ့ ကစားတစ်ခွန်းကို ပြောလာပါတယ်။

‘ နောက်ရာသီမှာ ဘယ်နေရာမှာ ကစားနေရမလဲဆိုတာ ကျွန်တော်သိပါတယ်၊ သေချာတာကတော့ အဲဒါက မိုင်ယာမီမှာ မဟုတ်ပါဘူး’ ဆိုပြီးတော့ပါ။ ဂရေ့ဇ်မန်းပြောခဲ့တဲ့ စကားအရဆိုရင် သူနဲ့ စာချုပ်ချုပ်မယ့်အသင်းဟာ လုံး၀ သဘောတူညီမှု ရထားတဲ့ပုံစံဖြစ်နေပြီး၊ အမရေိကန်မှာ မဟုတ်ဘူးလို့ နောက်သွားတဲ့အတွက် ပီအက်စ်ဂျီနဲ့ မန်ယူအသင်း တစ်သင်းသင်းဟာ သေချာနေပြီလားလို့ ပရိသတ်တွေက ယူဆနေပါပြီ။

ဂရေ့ဇ်မန်းရဲ့ ပြောင်းရွှေ့ကြေးက မြင့်တဲ့ပမာဏတစ်ရပ်ရှိတဲ့အတွက် အပြောင်းအရွှေ့စရိတ်ရထားတဲ့အသင်းတွေထဲကပဲ ဖြစ်ဖို့များနေုလို့ မကြာခင်မှာ ကြေညာတာကို မြင်ရဖို့ ရှိနေပါတယ်။ ဂရေ့ဇ်မန်းဟာ အက်သလက်အသင်းနဲ့အတူ ယူရိုပါလိဂ်၊ ယူအီးအက်ဖ်အေစူပါလိဂ်၊ စူပါကိုပါဖလားတွေကို ရထားပြီး၊ အထူးခြားဆုံးအနေနဲ့ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားရထားတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

ခေတ္တရာအောင်@SportsGabar