ဒေးဗစ်ဘက်ခမ်းနောက်ပိုင်း ဘယ်သူမှမလုပ်နိုင်တော့တဲ့စံချိန်ကို လုပ်ပြခဲ့တဲ့ ဆန်ချိုနဲ့ ထူးခြားမှတ်တမ်းကို ပိုင်ဆိုင်သွားတဲ့ ဟာလန်း

ကလပ်ဘရုကို (၃-ဝ)နဲ့ နိုင်လိုက်တဲ့ ဒေါ့မွန်အသင်းအတွက် အနိုင်ဂိုးရှင်တွေက ဂျေဒင်ဆန်ချိုနဲ့ ဟာလန်းတို့ပါ။ ဟာလန်းက တဦးတည်း နှစ်ဂိုးနဲ့ ဆန်ချိုက တဂိုးစီအသင်းအတွက် အသီးသီးသွင်းယူပေးခဲ့ပါတယ်။ နိုင်ပွဲကြောင့် အုပ်စုတွင်းမှာ (၉)မှတ်နဲ့ ဦးဆောင်လိုက်ပြီဖြစ်ပြီး၊ တမှတ်ရတာနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်သွားတော့မှာဖြစ်တဲ့အတွက် အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ဒါတင်မကေသေးပါဘူး။ ဂိုးသွင်းပေးခဲ့တဲ့ ကစားသမားလေးတွေအတွက် အရေးပါတဲ့ နိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ဆန်ချိုအသင်းအတွက် သွင်းပေးခဲ့တဲ့ ဂိုးက ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဂိုးပေါက်အနည်းငယ်ပျောက်နေတဲ့ ဆန်ချိုအတွက် ဒီဖရီးကစ်ဝင်လိုက်ချိန်မှာ အင်္ဂလန်ဘောလုံးလောကအတွက် အရေးပါတဲ့ ဖရီးကစ်စံချိန်တခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပြည်ပမှာထွက်ကစားတဲ့ အင်္ဂလိပ်ဘောလုံးသမားမဟုတ်တဲ့ ကစားသမားတွေထဲ ချန်ပီယံလိဂ်မှာ ဖရီးကစ်ဝင်တာ ဒေးဗစ်ဘက်ခမ်းနောက်ပိုင်း ဆန်ချိုက ပထမဆုံးဖြစ်ပါတယ်။ ဘက်ခမ်းသွင်းပေးခဲ့ချိန်က (၂၀၀၅)ခုနှစ် အောက်တိုဘာလ ရီးရဲလ်မှာ ကစားနေချိန်၊ ရိုစင်ဘော့အသင်းဖက်ကို သွင်းခဲ့ပြီးကတည်းက ဘယ်အင်္ဂလိပ်ပြည်ပ ကစားသမားမှ ဂိုးမသွင်းနိုင်တော့ပါဘူး။

အလားတူပဲ အသင်းဖော် ဟာလန်းကလည်း သူ့ရဲ့တပွဲတည်းသွင်းခဲ့တဲ့ နှစ်ဂိုးကြောင့် အကောင်းဆုံးမှတ်တမ်းတခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် (၁၂)ပွဲပဲ ကစားရသေးပေမဲ့ ဟာလန်းရဲ့ သွင်းဂိုးဟာ (၁၅)ဂိုးအထိရှိလာခဲ့ပါပြီ။ အခုလို (၁၅)ဂိုးအထိကို ချန်ပီယံလိဂ်သမိုင်းမှာ (၁၂)ပွဲထဲနဲ့ ပိုင်ဆိုင်သူ တဦးမှမရှိဖူးတဲ့အပြင် အမ်ဘာပေ၊ မက်ဆီ၊ နေမာ၊ ရော်နယ်ဒို တဦးမှပိုင်ဆိုင်ထားတာမျိုးမရှိတဲ့မှတ်တမ်းဖြစ်ပါတယ်။

ထူးခြားချက်က (၁၂)ပွဲမှာ ဟာလန်းဂိုးမသွင်းနိုင်ခဲ့တာကလည်း တပွဲပဲရှိတယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ ဂိုးဒင်းဘွိုင်းဆုကို ပူပူနွေးနွေးရထားတဲ့ ကစားသမားအတွက်တော့ ဒီမှတ်တမ်းတွေက အတော်လေးကို အားရဖို့ကောင်းနေပါတယ်။ အသက်ကလည်း (၂၀)ကျော်ပဲရှိသေးတဲ့အနေအထားမှာ ချန်ပီယံလိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာမလားကတော့ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

AZ-SportsGabar