နံနက်ပိုင်းအားကစားသတင်းတိုများ (၂၅.၁၁.၂၀၂၀)

ဒိုင်နမိုကိဗ်ကို (၄-ဝ)နဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာကတော့ ချန်ပီယံလိဂ် (၁၆)သင့်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ (၄)ပွဲကစား (၁၂)မှတ်နဲ့ အုပ်စုကနေ ကျွတ်သွားခဲ့ပြီဖြစ်ပြီး၊ အုပ်စုပနဲ့ ဒုနေရာအတွက် ဂျူဗင်တပ်နဲ့ဘာစီလိုနာကြား အုပ်စု G မှာ ဆက်လက်ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

ကလပ်ဘရုဂ်ကို (၃-ဝ)နဲ့ အနိုင်ယူခဲ့တဲ့ ဒေါ့မွန်အသင်းကတော့ ဟာလန်း၊ ဆန်ချိုတို့ရဲ့ဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲရခဲ့ပါတယ်။ တဦးတည်း (၂)ဂိုးသွင်းခဲ့တဲ့ ဟာလန်းကတော့ ချန်ပီယံလိဂ်ရဲ့ (၁၅)ဂိုးကို ပွဲအချိန်အနည်းဆုံးနဲ့ပြည့်တဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီး၊ ချန်ပီယံလိဂ်သမိုင်းတလျှောက် ၁၅ ဂိုးအမြန်ဆုံးပြည့် ကစားသမားဖြစ်လာခဲ့ပါတယ်။

ခရစ္စတီယာနိုနဲ့ မိုရာတာတို့ ရဲ့ဂိုးတွေနဲ့အတူ ဖာရန်စ်ဗာရိုစီကိုအနိုင်ရခဲ့တဲ့ ဂျူဗင်တပ်ကတော့ ဘာစီလိုနာနဲ့အတူ အုပ်စုက ကျွတ်သွားခဲ့ပြီဖြစ်ပါတယ်။ မိုရာတာအနေနဲ့ လက်ရှိမှာ ချန်ပီယံလိဂ် ၄ ပွဲကစား ၅ ဂိုးသွင်းနဲ့ ဒီရာသီမှာ ခြေစွမ်းပြနေပြီး၊ ဂျူဗင်တပ်ဟာ သူ့ရဲ့ (၉၀+၂)အနိုင်ဂိုးကြောင့် နိုင်ပွဲရသွားခဲ့တဲ့အပေါ် မိုရာတာ ပြန်လာပြီလို့ ချီးကျူးနေကြပါတယ်။

ရန်းနက်ကို (၁-၂)နဲ့ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းကလည်း ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပွဲချိန်တွင်း (၁-၁) သရေကျနေခဲ့ပေမဲ့ (၉၀+၁)မိနစ်အရောက်မှာ ဂီရောက်ရဲ့ခေါင်းတိုက်ဂိုးကြောင့် ချဲလ်ဆီးတို့ နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ကာ ဆီဗီလာနဲ့အတူတူ အုပ်စု ပ-ဒုလုဖို့ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဂိုးသွင်းနိုင်ခဲ့တဲ့ ခရစ္စတီယာနိုကတော့ မက်ဆီနဲ့ စံချိန်တခုတူသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့အိမ်ကွင်းသွင်းဂိုးအများဆုံးကစားသမားအဖြစ် ဂိုး (၇၀)အဖြစ်တင်ထားတဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီး၊ မက်ဆီ-ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အိမ်ကွင်းသွင်းဂိုးအများဆုံးဂိုးသမားဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

လစ်ဇစ်ကို (၁-ဝ)နဲ့ အနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီကြောင့် မန်ယူပါဝင်နေတဲ့ အုပ်စု (h) ဟာ အုပ်စုကတက်မယ့်အသင်းကို အခုအချိန်အထိ စိတ်လှုပ်ရှားဖို့ကောင်းနေတုန်းဖြစ်ပါတယ်။ မန်ယူ (၉)မှတ်၊ လစ်ဇစ်-ပီအက်စ်ဂျီ (၆)မှတ်၊ အစ္စတန်ဘူလ် (၃)မှတ်နဲ့ လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်တွေပြောင်းပြန်ဖြစ်သွားနိုင်ပြီး၊ လက်ကျန်ပွဲတွေက အရေးပါလာမှာဖြစ်ပါတယ်။

အစ္စတန်ဘူလ်ကို (၄-၁)နဲ့ အနိုင်ယူခဲ့တဲ့ မန်ယူအသင်းပွဲစဉ်မှာ ဖာနန်ဒက်က တဦးတည်းနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကိုစရောက်ပြီးချိန်ကတည်းက အသင်းရဲ့သွင်းဂိုးအများဆုံးအကျိုးပြုကစားသမားဖြစ်လာခဲ့ပြီး၊ (၂၁)ဂိုး (၁၃)ကြိမ် ပံ့ပိုးမှုနဲ့ အဆိုပါကာလအတွင်းဂိုးသွင်းခဲ့တဲ့ ကစားသမားတွေထက် အနည်းဆုံး (၁၆)ဂိုးအထိ အသင်းအတွက် အကျိုးပြုထားတယ်လို့ သိရပါတယ်။

AZ-SportsGabar