(၂၀၁၀)မှာ ယူနိုက်တက်ကနေထွက်ခွာဖို့စဉ်းစားခဲ့ဖူးတဲ့ အကြောင်းတွေပြောပြခဲ့တဲ့ ဝိန်းရွန်းနီ

ဝိန်းဆိုတာ ယူနိုက်တက်ပရိသတ်တွေရဲ့ရင်ထဲမှာ အခမ်းနားဆုံးဂန္ထဝင်တစ်ယောက်လို့ပြောရင်မှားမယ်မထင်ပါဘူး။ ယူနိုက်တက်ကနေထွက်ခာသွားခဲ့ရတာကြာပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ဝိန်းနဲ့ ပတ်သက်ရင် ယူနိုက်တက်ပရိသတ်တွေက သဲသဲလှုပ်နေတုန်းပါပဲ။ယူနိုက်တက်အသင်းသမိုင်းမှာအသင်းအတွက်ပေးဆပ်လိုစိတ်အရှိဆုံးကစားသမားလို့ ပရိသတ်တွေက သက်မှတ်ထားခဲ့တဲ့ ဝိန်းဟာ (၂၀၁၀)ခုနှစ်မှာ ယူနိုက်တက်ကနေထွက်ခွာခဲ့ချင်ခဲ့ပါတယ်။

ယူနိုက်တက်မှာထက်စာရင်ပိုကောင်းမယ်လို့ ဝိန်းတစ်ယောက် ထင်မှတ်ခဲ့တာကြောင့် အဆိုပါ အသင်းကိုပြောင်းရွှေ့ဖို့အတွက် ဝိန်းက အလိုရှိနေခဲ့တာပါ။ ဒီအကြောင်းတွေကို ဝိန်းကိုယ်တိုင်ကပဲပြောကြားခဲ့တာဖြစ်ပြီးတော့ နောက်ဆုံးမှာ မပြောင်းရွှေ့ဖြစ်ခဲ့ရတဲ့ အကြောင်းတရားတွေကိုလည်း ဝိန်းက အခုလိုပဲပြောကြားသွားခဲ့ပါတယ်။

” အဲ့ဒီအချိန်တုန်းက မော်ရင်ဟိုရဲ့ချဲလ်ဆီးအသင်းက ကျွန်တော့်ကိုခေါ်ယူဖို့ အလိုရှိနေခဲ့တယ်လေ၊ ပြီးတော့ရီးရဲလ်၊ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ကရောပေါ့၊ ဒါပေမဲ့ အဲ့ဒီနေရာတွေကို သွားဖို့ဆိုတာ ဘယ်တုန်းက မှကျွန်တော့်အတွက်ရွေးချယ်စရာတစ်ခုဖြစ်မနေခဲ့ပါဘူး၊ ဒီအသင်းတေံနဲ့ကောလဟာလတွေထွက်ပေါ်လာခဲ့ပေမဲ့ ကျွန်တော့်အတွက်ပိုပြီး ယုတ္တိဆန်တဲ့ ရွေးချယ်စရာတွေရှိနေခဲ့ပါတယ်၊

အဲ့ဒီအချိန်တုန်းက ကျွန်တော့်ခေါင်းထဲမှာ စပိန်ကိုသွားကစားဖို့အတွက်ပဲ အဆင်သင့်ဖြစ်နေခဲ့ပါတယ်၊ ကျွန်တော်ဘာစီလိုနာကိုပြောင်းရွှေ့ကစားချင်ခဲ့တာပါ၊ ဒါပေမဲ့ အဲ့ဒီအချိန်က အခြေအနေနဲ့ဆိုရင် ရီးရဲလ်ကိုရောက်ဖို့ပဲ ပိုပြီးတော့ ဖြစ်နိုင်ခြေများခဲ့တာပါ၊ ချဲလ်ဆီးကလည်း ကျွန်တော့်ကို တော်တော်လေးခေါ်ယူချင်နေခဲ့တာပေါ့၊နှစ်ရက်လောက်ကြာပြီးတဲ့ အချိန်မှာတော့ ဒေးဗစ်ဂီးလ်နဲ့ ကျွန်တော်စကားပြောခဲ့ပါတယ်၊

ကျွန်တော်နဲ့ စာချုပ်သစ်ကိစ္စအတွက်စကားပြောဆိုခဲ့တာဖြစ်ပြီး ကျွန်တော်လည်း စာချုပ်သစ်ချုပ်ဆိုဖို့အတွက်သဘောတူညီခဲ့ပါတယ်၊ ” လို့ပြောကြားသွားခဲ့ပါတယ်။ ဝိန်းအနေနဲ့ဘဘာစီလိုနာမှာ မက်ဆီ၊ ဇာဗီ၊အင်နီယေစတာတို့နဲ့တွဲပြီးတော့ ကစားရင် ပိုပြီးပြည့်စုံမှုတွေရှိနိုင်မယ်လို့ ထင်မှတ်ခဲ့တာကြောင့် ဘာစီလိုနာကိုပြောင်းရွှေ့ချင်ခဲ့ကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။

AZ-SportsGabar