ပရီးမီးယားလိဂ် Week 9 အတွက် တပတ်တာအကောင်းဆုံးအသင်းမှာ ဘယ်သူတွေပါဝင်ခဲ့လဲ

ပရိသတ်အကြိုက်ပွဲစဉ်တွေနဲ့ မြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အပတ်စဉ် ၉ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ခန့်မှန်းထားတဲ့ ရလဒ်အများစုထွက်ခဲ့ပြီး၊ အသင်းကြီးအများစုအခြေအနေကောင်းခဲ့တဲ့အပေါ် ပရိသတ်တွေကျေနပ်ခဲ့ကြပါတယ်။ ထူးခြားဖြစ်စဉ်တွေ ပိုင်ဆိုင်ခဲ့တဲ့အသင်းတွေရှိခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ပရိသတ်တွေကိုလည်း မပျင်းစေခဲ့ဘူးလို့ ဆိုရမှာပါ။

လက်စတာကို ဒဏ်ရာရလူစာရင်းအများစုနဲ့ ရင်ဆိုင်ခဲ့တဲ့ လီဗာပူးက (၃-ဝ)နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး၊ မန်ယူနိုက်တက်အသင်းကတော့ ဝက်စ်ဘရွန်းကို (၁-ဝ)နဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းပထမဆုံး နိုင်ပွဲအဖြစ်ကို ပိုင်ဆိုင်ခဲ့တာပါ။ ချဲလ်ဆီးကတော့ နယူးကာဆယ်ကို အနိုင်ရလဒ်ပြတ်သားခဲ့ပြီး၊ စပါးအသင်းက မန်စီးတီးကို ဂိုးပြတ်အနိုင်ယူခဲ့တာတွေက ထူးထူးခြားခြားရှိခဲ့ပါတယ်။

ဒီလိုရလဒ်တွေအသီးသီးထွက်ပေါ်ခဲ့တဲ့အပေါ် ဘီဘီစီရဲ့ ဂါရတ်ခရွတ်က Week 9 ရဲ့ အကောင်းဆုံး အသင်းကိုရွေးထုတ်ပေးခဲ့ပါတယ်။ (၃-၄-၄) ကစားကွက်ကို အခြေခံပြီး၊ ပရိသတ်တွေ မထင်မှတ်ထားခဲ့တဲ့ ကစားသမားတွေကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ ဂိုးသမား အနေနဲ့ ဒီဂီယာ၊ နောက်တန်း – ရူဒီဂါ၊ ဒိုင်ယာ၊ ဂါဘရီရယ် သုံးဦးကိုရွေးချယ်ပေးခဲ့ပါတယ်။

ကွင်းလယ်မှာတော့ ဘရိုက်တန်က မာ့ချ်၊ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်၊ လီဗာပူးကဝှစ်ချ်နယ်ဒန်၊ ဘရိုက်တန်က ဝဲလ်ဘတ်တို့ကိုရွေးပေးခဲ့ပါတယ်။ တိုက်စစ်မှာတော့ လီဗာပူးက ဂျိုတာ၊ အဲဗာတန်က ကလဲဗက် လေဝင်၊ စပါးက ဟယ်ရီကိန်းတို့ကို ရွေးခဲ့ပြီး၊ ပရီးမီးယားလိဂ်ကလပ် အသင်းကြီးတွေနဲ့ ဘရိုက်တန်က ကစားသမားတွေကို ဦးစားပေးရွေးခဲ့ပါတယ်။

ရူဒီဂါ၊ ဝဲလ်ဘတ်တို့က ဒီရာသီ သူတို့ရဲ့ ပထမဆုံးပွဲထွက်ပွဲတွေဖြစ်ပြီး၊ ဘရိုက်တန်ကစားသမား မာ့ချ်ကတော့ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ ကစားသမားဖြစ်ပါတယ်။

AZ-SportsGabar