နံနက်ပိုင်းအားကစားသတင်းတိုများ (၂၄.၁၁.၂၀၂၀)

မန်စီးတီးရဲ့ နွေရာသီခေါ်ယူမှုအဖြစ် ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို အကြောင်းပြချက်မရှိ ညှိနှိုင်းသွားမယ်လို့ မန်စီးတီးအတွင်းပိုင်းသတင်းတွေအရ သိရပါတယ်။ ကစားသမားကို ခေါ်ယူရေးက မန်စီးတီးရဲ့ နွေရာသီ နံပါတ်တစ်ဦးစားပေးအဖြစ် လျာထားတယ်လို့ သတင်းထွက်လာပါတယ်။

ဝုဗ်ဗာဟမ်တန်နဲ့ ဆောက်သမ်တန်တို့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန်ကနေ အငှားလာကစားခဲ့တဲ့ ဝဲလ်ကော့ဟာ ဦးဆောင်ဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။ အဆိုပါဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ သူဟာ အိမ်ရောက်နေတဲ့ ကလေးတယောက်လို ခံစားခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး၊ (၁-၁)ပွဲစဉ်အတွက် ကျေနပ်မိတယ်လို့ ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တချိန်က နာမည်ကျော် ဘာလော့တယ်လီတယောက် အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘန်စလေကို ရောက်လာဖို့ညှိနှိုင်းနေတယ်လို့ သတင်းထွက်လာပါတယ်။ အီတလီမြေကို စွန့်ခွာပြီးရင် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ သတင်းထွက်လာတဲ့အပေါ် ပရိသတ်တွေက အံ့အားသင့်နေတယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကို (၁-ဝ)နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ဘန်လေအသင်းကတော့ ဒီရာသီ သူတို့ရဲ့ ပထမဆုံးနိုင်ပွဲကို ရှာဖွေသွားနိုင်ခဲ့ပါတယ်။ ငါးပွဲအရှုံး၊ နှစ်ပွဲသရေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ရောက်နေတဲ့ ဘန်လေအတွက် အဆိုပါနိုင်ပွဲက အတော်လေးကို အကျိုးရှိတဲ့ နိုင်ပွဲဖြစ်လာခဲ့ပါတယ်။

အင်္ဂလန် လော့ဒေါင်း လေးပတ်ကြာပြီးဆုံးချိန်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှာ ကွင်းထဲကို ပရိသတ်ပြန်ဝင်ခွင့်ပေးဖို့ စီစဉ်ထားပြီလို့ သိရပါတယ်။ အဆင့် သုံးဆင့်ခွဲခြားထားပြီး၊ အဆင့် (၁)နဲ့ (၂)သတ်မှတ်ထားတဲ့ ကွင်းတွေမှာပဲ ပရိသတ်ဝင်ခွင့်ပြုမယ်လို့ဆိုပါတယ်။ ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ကန်နေရတဲ့ အဆင့်သုံးအမျိုးအစားကလပ်တွေတော့ ပရိသတ်ဝင်ခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ရန်းနက်စ်ကို ရင်ဆိုင်မယ့် ချဲလ်ဆီးအသင်းရဲ့လူအင်အားမှာ ကိုင်ဟာဗက်နဲ့ သီယာဂိုဆေးလ်ဗားနှစ်ယောက်ကို ပွဲထွက်အတွက် ကြံ့ခိုင်မှုအပြည့်နဲ့ရပြီလို့ ချဲလ်ဆီးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ပွဲထွက်မှာ နှစ်ယောက်လုံးပါလာဖို့ရှိနေပြီး၊ လူအင်အားအပြည့်နဲ့ ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။

AZ-SportsGabar