(၂၀၂၀-၂၁)ဘောလုံးရာသီမှာသက်ဆိုင်ရာကလပ်အသင်းတွေအတွက်အရမ်းကိုကောင်းလွန်းနေတဲ့ ကစားသမား (၄)ဦး

အခုဆိုရင် ပရီးမီးယားလိဂ်(၂၀၂၀-၂၁)ဘောလုံးရာသီဟာ ပွဲစဉ်(၉)အထိရောက်ရှိပြီးဆုံးလာခဲ့ပြီဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာ ကစားသမားကောင်းတွေများစွာရှိထားပေမဲ့ ပရီးမီးယားလိဂ်လိုနေရာမျိုးမှာ ပွဲစဉ်တိုင်းပုံမှန်ခြေစွမ်းပြနိုင်ဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။ အခုဖော်ပြပေးမယ့်ကစားသမားတွေကတော့သက်ဆိုင်ရာကလပ်အသင်းတွေမှာ အရမ်းကိုကောင်းလွန်းနေတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။

(၁)ဂျက်ဂရီလစ်(အက်စတွန်ဗီလာ)။ ။အက်စွတန်ဗီလာအသင်းရဲ့ကွင်းလယ်ကစားသမား ဂရီလစ်ဟာဒီရာသီမှာ ဂရီလစ်ကိုဇယားထိပ်ပိုင်းရောက်ရှိအောင်လို့ စွမ်းဆောင်ပြထားပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်မှာ သွင်းဂိုး (၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်သာပြုလုပ်နိုင်ခဲ့ပေမဲ့ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲကစားပြီးချိန်မှာတော့ သွင်းဂိုး (၄)ဂိုးနဲ့ ဂိုးဖန်တီးမှုှု (၈)ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

(၂)ဇာဟာ(ပဲလေ့)။ ။ပဲလေ့နဲ့အတူ ပရီးမီးယားလိဂ်မှာနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ဇာဟာဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီရာသီမှာ ပဲလေ့အတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်အထိပြုလုပ်ပေထားနိုင်ခဲ့ပါတယ်။ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားမှ ယူနိုက်တက်၊ မန်စီးတီးနဲ့ အာဆင်နယ်တို့လိုအသင်းကြီးတွေရဲ့ အထက်မှာရပ်တည်နိုင်အောင်ဇာဟာက ကူညီပေးထားနိုင်ခဲ့ပါတယ်။

(၃)ဒန်နီအင့်(ဆောက်သမ်တန်)။ ။ပရီးမီးယားလိဂ်မှာဆောက်သမ်တန်အတွက် ဒန်နီအင့်က အဓိက ကစားသမားတစ်ယောက်အဖြစ်ရှိနေတာဖြစ်ပါတယ်။ ဒီရာသီဆောက်သမ်တန်အသင်းရရှိထားတဲ့ သွင်းဂိုးတွေရဲ့ (၅၀)ရာခိုင်နှုန်းလောက်အထိကို ဒန်နီအင့်က သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။ဆောက်သမ်တန်ဟာလည်းအဆင့်(၅)နေရာမှာရပ်တည်လျက်ရှိနေပြီး ဒန်နီအင့်က သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

(၄)ဂျိမ်းရိုဒရီဂွတ်(အဲဗာတန်)။ ။ဂျိမ်းစ်ရိုဒရီဂွတ်ဟာ ဒီရာသီသူ့ရဲ့ ပထမဆုံး ပြိုင်ပွဲစုံ (၅)ပွဲမှာ အဲဗာတန်အတွက် တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၅)ဂိုးအထိရှိထားခဲ့ပြီး (၂)ဂိုးသွင်းကာ (၃)ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံးကရီးရဲလ်မှာရှိနေစဉ်ကထက်များပြားနေတာပဲဖြစ်ပါတယ်။ပရီးမီးယားလိဂ်လိုကြမ်းတမ်းတဲ့ နေရာမျိုးမှာဂျိမ်းတစ်ယောက်ရုန်းကန်ရမယ်ထင်ခဲ့ကြပေမဲ့လက်တွေ့မှာ အကောင်းဆုံးခြေစွမ်းတွေပြသလျက်ရှိနေပါတယ်။

AZ-SportsGabar