ဒီရာသီဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးက ဘယ်သူဖြစ်နေမလဲ

စီးရီးအေမှာကေတော့ အီဗရာဟီမိုဗစ်က အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုဖြစ်တယ်ဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြလို့နေပါတယ်။ ဆွီဒင်သားဟာ ဥရောပတစ်ခွင်မှာ သူဟာ ဘယ်လိုတိုက်စစ်မျှိုးလည်းဆိုတာကို အကြိမ်ကြိမ်သက်သေပြထားခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီရာသီ စီးရီးအေမှာလည်း စီရော်နယ်ဒိုနဲ့အပြိုင် တောက်ပလျက်ရှိနေပါတယ်။

အသက်(၃၉)နှစ်ရှိနေပြီဖြစ်တဲ့ မိုဗစ်ဟာ ဒီရာသီမှာအေစီမီလန်အတွက်ပြိုင်ပွဲစုံ(၁၀)ပွဲကစားပြီးချိန်မှာသွင်းဂိုး(၁၀)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းရဲ့တိုက်စစ်မှူးကြီးစီရော်နယ်ဒိုကတော့ ကိုဗစ်ဖြစ်ပြီး ဂိုးသွင်းခြေတွေပြသထားခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံ (၆)ပွဲမှာ သွင်းဂိုး (၈)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ(၂)ယောက်လုံးဟာ လက်ရှိဘောလုံးရာသီရဲ့ ဥရောပမှာအကောင်းဆုံး တိုက်စစ်မှူးတွေအဖြစ်တော့ ရှိမနေသေးပါဘူး။အခုဖော်ပြပေးမှာကေတော့ အသင်းကိုဂိုးဖန်တီးမှုတွေနဲ့ အကျိုးပြုထားနိုင်တဲ့ အချက်အလတ်တွေကိုပါထည့်သွင်းတွက်ချက်ပေးထားတဲ့ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူး (၁၅)ဦးပဲဖြစ်ပါတယ်။ ဘယ်ကစားသမားက ဒီရာသီဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရှိနေမလဲကြည့်လိုက်ရအောင်။

(၁၅)ဆွန်ဟောင်မင်(စပါး)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်( ၇.၇၈)၊ (၁၄)မီခီတာယန်(ရိုးမား)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၇၉)၊ (၁၃)လီဝင်(အဲဗာတန်)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၈)၊ (၁၂)ဒီမာရီယာ(ပီအက်စ်ဂျီ)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၈၂)၊ (၁၁)နေမာ(ပီအက်စ်ဂျီ)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၈၇)။

(၁၀)ဖာဟက်(နီမက်စ်)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၉၂)၊ (၉) ဘာရက်ဒီ(ဆက်ဆူအိုလို))။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၉၁)၊ (၈)ဂရီလစ်(အက်စတွန်ဗီလာ)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၉၇)၊ (၇) ကမ်ဟာ(ဟာသာဘာလင်)။ ။(၇.၉၈)၊ (၆)အာလင်းဟော်လန်(ဒေါ့မွန်)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၈.၀၇)၊

(၅)စီရော်နယ်ဒို(ဂျုဗင်တပ်)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၈.၁၇)၊ (၄)ဟယ်ရီကိန်း(စပါး)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၈.၂၈)၊(၃)လီဝမ်ဒေါ့စကီး(ဘိုင်ယန်မြူးနစ်)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်( ၈.၃၆)၊ (၂)အီဗရာဟီမိုဗစ်(အေစီမီလန်)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၈.၄၁)၊ (၁)အမ်ဘာပေ(ပီအက်စ်ဂျီ)။ ။စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၈.၆၆) တို့ပဲဖြစ်ပါတယ်။

AZ-SportsGabar