နီကိုလပ်ပီပီနဲ့ အလီယိုစကီတို့အတွက် အာဆင်နယ်-လိဒ် ပူးပေါင်းစာထုတ်ပြန်

လိဒ်ယူနိုက်တက်ကို သရေကျခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာ အာဆင်နယ်တောင်ပံကစားသမား နီကိုလပ်ပီပီတယောက် အနီကတ်ပြသခံခဲ့ရပါတယ်။ ပွဲကစားချိန်အတွင်း လိဒ်ယူနိုက်တက် ကစားသမား အလီယိုစကီကို ရန်လိုတဲ့ဟန်နဲ့ ခေါင်းချင်းသွားဆိုင်ခဲ့လို့ဖြစ်ပြီး၊ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ အနီကတ်တန်းပြခဲ့ပါတယ်။

ဘောလုံးနည်းဥပဒေသတွေအရ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကစားသမားတယောက်က တဖက်ကစားသမားကို ခေါင်သွားဆိုင်တာနဲ့ အနီကတ်ပြသခွင့်ရှိပါတယ်။ ပွဲချိန်အတွင်းမှာ အလီယိုစကီက ပီပီနဲ့ခေါင်းချင်းလာဆိုင်ချိန်မှာ လဲချခဲ့ပြီး၊ ဒိုင် အနီကတ်ပြအောင်အထိ စောင့်နေခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က မမြင်လိုက်ခဲ့တဲ့အတွက် VAR ပြန်ကြည့်ခဲ့ချိန်မှာ ပီပီတယောက် ကွင်းပြင်ကို ထွက်သွားရပါတယ်။

ဒီအဖြစ်အပျက်က နှစ်သင်းလုံးက ပရိသတ်တွေအတွက် အငြင်းပွားစရာပါ။ ပီပီနဲ့ အလီယိုစကီအဖြစ်အပျက်မှာ အလီယိုစကီရဲ့ဟန်ဆောင်မှုကို ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး၊ တဖက်ကလည်း နီကိုလပ်ပီပီကို လူမျိုးရေးခွဲခြားမှုတွေနဲ့ ထိုးနှက်ခဲ့ပါတယ်။ လွန်လွန်ကျွံကျွံံဖြစ်လာတဲ့အဆုံး အာဆင်နယ်-လိဒ်တာဝန်ရှိသူတွေကိုယ်တိုင် ပူးပေါင်စာထုတ်ပြန်ခဲ့ရပါတယ်။

” ဆိုရှယ်မီဒီယာပေါ်မှာ နီကိုလပ်ပီပီနဲ့ အလီယိုစကီကို ဝေဖန်တိုက်ခိုက်နေတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို နှစ်သင်းလုံးက အပြင်းအထန်ရှုံ့ချပါတယ်။ ဒါဟာ လုံးဝကို လက်မခံနိုင်စရာပါ။ ” လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ လိဒ်ယူနိုက်တက်ကလည်း ဒီလိုတိုက်ခိုက်တာတွေက မနှစ်မြို့စရာလုပ်ရပ်တွေလို့ ထောက်ခံလိုက်ပြီး၊ တိုက်ခိုက်မှုတွေကို ရဲဌာနတွေနဲ့ ပူးပေါင်းဖော်ထုတ်အရေးယူသွားမယ်ဆိုခဲ့ပါတယ်။

နီကိုလပ် ပီပီကိုတော့ ပရိသတ်တွေက ခြေစွမ်းကိုပါဝေဖန်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ လိုင်လီကနေ ယူရို (၇၂)သန်းနဲ့ပြောင်းလာချိန်မှာ ခြေစွမ်းမပြနိုင်တဲ့ပီပီဟာ လက်ရှိအချိန်ထိ အသင်းပရိသတ်တွေရော ၊ ပြင်ပဘောလုံးလောကဆီကပါ ဝေဖန်မှုတွေ ဆက်တိုက်ခံနေရသူပါ။ အခုလို အဖြစ်အပျက်ဖြစ်လာတဲ့အပေါ်မှာ လူမျိုးရေးပါခွဲခြားခံနေရတဲ့အပေါ် နှစ်သင်းလုံးကစာထုတ်ခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar