လက်စတာနဲ့ ပွဲစဉ်မှာ လီဗာပူးလ်တို့ ရုန်းကန်သွားရနိုင်တဲ့ အချက်(၅)ချက်

ဒီနေ့ည(၁)နာရီ (၄၅)မိနစ်အချိန်မှာ လီဗာပူးလ်နဲ့ လက်စတာတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် လီဗာပူးလ်ရဲ့အိမ်ကွင်း အန်ဖီးဒ်မှာ ယှဉ်ပြိင်ကစားသွားကြတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်အတွက်တော့ လက်စတာက သေချာပေါက်ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမလိုသလို ဒီပွဲစဉ်မှာ အနိုင်ရဖို့အတွက် လီဗာပူးလ်တို့ရုန်းကန်သွားရနိုင်တဲ့ အချက်(၅)ချက်ကိုလည်းဖော်ပြပေးသွားပါမယ်။

(၁)လီဗာပူးလ်ရဲ့ခံစစ်အားနည်းချက်။ ။ဒီရာသီပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်မှာ လီဗာပူးလ်ခံစစ်က (၁၆)ဂိုးအထိပေးထားရပါတယ်။ ဒါက တစ်ပွဲကို (၂)ဂိုးနှုန်းခွင့်ပြုပေးနေရတဲ့ အနေအထားတစ်ရပ်ဖြစ်ပါတယ်။ဗန်ဒိုက်က ဒီပွဲစဉ်ကိုသေချာပေါက်လွဲချော်မှာဖြစ်သလို၊ အာနိုးနဲ့ဂျိုးဂိုမတ်စ်တို့ကလည်း စောင့်ကြည့်ရမယ့် အခြေအနေမှာပဲရှိနေပါတယ်။ ဆိုတော့ လီဗာပူးလ်ခံစစ်မှာ အမာခံဆိုလို မာတစ်နဲ့ ရော်ဘတ်ဆန်သာကျန်နေတော့တာဖြစ်ပါတယ်။

(၂)လက်စတာရဲ့ပုံစံကောင်း။ ။လက်စတာဟာ ဒီရာသီမှာ ပုံစံကောင်းတွေရရှိနေတဲ့ ဖြစ်နေပြီး ပတ်ဂွာဒီယိုလာနဲ့ မန်စီးတီးကိုတောင်အဝေးကွင်းမှာ (၅-၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အာဆင်နယ်၊ ဝုဗ်တို့လို မာကျောတဲ့ အသင်းတွေကိုလည်း အနိုင်ယူပြထားခဲ့တာဖြစ်ပါတယ်။ ဆိုတော့ လက်ရှိလီဗာပူးလ်အားနည်းနေချိန် လက်စတာရဲ့ပုံစံကောင်းတွေက သတိပြုစရာပါပဲ။

(၃)ဖန်တီးမှုအားနည်းနေတဲ့ လီဗာပူးလ်ကွင်းလယ်။ ။ဖာဘင်ဟို၊ ဝစ်နယ်ဒန်တို့က ကောင်းတယ်ဆိုပေမဲ့လက်စတာကွင်းလယ်က မန်ဒီ၊ တိုင်လီမန့်၊ မတ်ဒီဆင်တို့ရဲ့ ကွင်းလယ်ပိုင်းကိုတော့ယှဉ်ဖို့ခက်ခဲပါတယ်။ ဆိုတော့ ကွင်းလယ်မှာလည်းလီဗာပူးအတွက်လူမစုံတဲ့ ပြဿနာက လီဗာပူးလ်အတွက် ခေါင်းစားစရာဖြစ်လာပြန်ဦးမှာပါ။

(၄)ဆာလတ်မပါတဲ့ တိုက်စစ်။ ။လီဗာပူးလ်က လက်ရှိအချိန်မှာ နေရာစုံ အားနည်းချက်တွေရှိနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ အကိုဖြစ်သူရဲ့မင်္ဂလာဆောင်မှာစည်းမဲ့ ကမ်းမဲ့ ပျော်ပါးခဲ့ပြီးတဲ့နောက် ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ဆာလတ်ဟာ ဒီနေ့ည ပွဲစဉ်ကိုလွဲချော်ဦးမှာဖြစ်တဲ့ အတွက်ကြောင့် လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်းကလည်း အားနည်းချက်တွေရှိလာဦးမှာဖြစ်ပါတယ်။

AZ-SportsGabar