(၃)နှစ်စာလုပ်ခပေါင်သန်း(၄၀)နဲ့ ဘောလုံးပြန်ကန်တော့မယ့်ယူနိုက်တက်အကျော်အမော်ဟောင်းကြီး

ယူနိုက်တက်ဂန္ထဝင်ကစားသမားဒေးဗစ်ဘတ်ခမ်းဟာ လက်ရှိမှာတော့ (၃)နှစ်ကိုပေါင်သန်း(၄၀)ရမှာဖြစ်တဲ့အတွက်ကြောင့် ဘောလုံးပြန်ကစားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အပြင်မှာပြန်ကစားမှာတော့မဟုတ်ပဲ ဂိမ်းထဲမှာ ပြန်လည်ပါဝင်ကစားတော့မှာဖြစ်ပါတယ်။အဖြစ်မှန်ကတော့ ဒီလိုပါ။ ဖီဖာ (၂၀၂၁)ဂိမ်းကနေပြီးတော့ ယူနိုက်တက်အကျော်အမော်ဟောင်းဒေးဗစ်ဘတ်ခမ်းကိုဖီဖာ (၂၁)ဂိမ်းရဲ့အိုင်ကွန်နစ်ပလောအဖြစ် ပြန်လည်ထည့်သွင်းအသုံးပြုတော့မှာဖြစ်ပါတယ်။

ဖီဖာ (၂၁)ဂိမ်းမှာ ဘတ်ခမ်းရဲ့Rating က (၈၆)အထိရှိနေမှာဖြစ်ပါတယ်။ ဖီဖာဘောလုံးဂိးမ်ချစ်တဲ့ သူတွေအတွက်တော့ ဘတ်ခမ်းကိုအခုလို အိုင်ကွန်နစ်ကစားသမားအဖြစ်ထည့််သွင်းလာတဲ့ အပေါ်မှာတော်တော်လေးကိုစိတ်လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ဘတ်ခမ်းဟာ ဖီဖာ ဘောလုံးဂိမ်းမှာ အိုင်ကွန်နစ်ပလေယာအဖြစ် (၃)နှစ်အထိပါဝင်နေမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ အီအေ စပေါ့စ်နဲ့ ဘတ်ခမ်းတို့ဟာ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ တစ်ပတ်ကို ပေါင် (၂၅၆၄၁၀)နဲ့ (၃)နှစ်မှာ ပေါင်သန်း(၄၀)အထိရရှိသွားတော့မှာဖြစ်ပါတယ်။ ဒီပမာဏဟာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ အယ်အေဂလက်ဆီအသင်းတို့မှာ ကစားခဲ့စဉ်က တစ်ပတ်မှာရရှိခဲ့တဲ့ လုပ်ခလစာတွေထက် ပိုများပြားလျက်ရှိနေတာဖြစ်ပါတယ်။

သတင်းအရင်းအမြစ်တစ်ခုကနေပြီးတော့ ” အီးအေစပေါ့က ဖီဖာဂိမ်းဖန်တီးသူတွေ့ သူ့ကို (၃)နှစ် အတွက် ပေါင်သန်း (၃၀)နဲ့ ကမ်းလှမ်းခဲ့ပါတယ်၊ ဒါပေမဲ့ ဘတ်ခမ်းကတော့ အဲ့ဒီထက်ပိုကောင်းတဲ့ စာချုပ်ကို အလိုရှိနေခဲ့ပါတယ်၊ ဒါက ဘတ်ခမ်းရဲ့ ငွေစာရင်းထဲကိုကြီးမားတဲ့ ပေါင်းထည့်မှုတစ်ခုပါပဲ၊ ပြီးတော့ သူ့ဘဝသက်တမ်းတစ်လှျှောက်အလွယ်ကူဆုံးငွေရရှိမှုတစ်ခုပါပဲ” လို့ဖော်ပြခဲ့ပါတယ်။

အီးအေစပေါ့အနေနဲ့ ဘတ်ခမ်းကို (၃)နှစ်စာချုပ်အတွက်ပေါင်သန်း(၄၀)ပေးချေခဲ့ရပေမဲ့ ဖီဖာ(၂၁)ဂိမ်းခွေ ထုတ်ပြီး ပထမအပတ်အတွင်းမှာတင် အချပ်ရေ (၃.၂)သန်းရောင်းချခဲ့ရပြီး အဆိုပါရောင်းချရမှုမှပေါင်သန်း (၁၄၀)ပြန်လည်ရရှိခဲ့တာကြောင့် ဘတ်ခမ်းကိုပေးချေခဲ့ရတဲ့ ပေါင်သန်း(၄၀)ဟာ ပါးပါးလေးပဲလို့ဆိုရမှာပဲဖြစ်ပါတယ်။

AZ-SportsGabar