ကိုယ်တိုင်ကလေးဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပေမဲ့ အသင်းဖော်တဦးကိုပဲအထူးချီးကျူးသွားခဲ့တဲ့ ဟာလန်း

ပွဲကစားချိန် (၃၂)မိနစ်အတွင်း လေးဂိုးသွင်းပြလိုက်တဲ့နောက်မှာ ဂိုဒင်းဘွိုင်းဆုရထားတာကို သဘောပေါက်ပါလို့ ပရိသတ်တွေကို ဟာလန်းတယောက် အသိပေးလိုက်သလိုပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ (၂၁)အောက် ဥရောပအကောင်းဆုံး လူငယ်ကစားသမားဆုရထားတဲ့ဟာလန်းတယောက်၊ ဆုရပြီးမကြာခင်မှာပဲ ဒေါ့မွန်အတွက် လေးဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဟာသာဘာလင်ရဲ့ဦးဆောင်ဂိုးနဲ့ နောက်ကလိုက်ကစားခဲ့ရပေမဲ့ (၄၇၊ ၄၉၊ ၆၂၊ ၇၉)မိနစ်တွေမှာ လေးဂိုးဆက်တိုက်သွင်းပြီး၊ သူ့ရဲ့စွမ်းရည်ကိုပြသခဲ့ပါတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အခုလိုလုပ်ပြနိုင်ခဲ့ပြီးတဲ့နောက် အပြန်အလန်ဂိုးသွင်းရင်း (၂-၅)ဖြစ်သွားချိန်မှာ ဒေါ့မွန်မန်နေဂျာ လူစီယန် ဖာဘရီက ဟာလန်းကို လူစားခဲ့ပါတယ်။ (၁၆)နှစ်နဲ့မှ တရက်ပဲရှိသေးတဲ့ ကစားသမားနဲ့ပါ။

အသင်းမှာ (၁၆)နှစ်ပြည့်ပြီးလို့ မွေးနေ့အပြီး နောက်တရက်မှာပဲ ယူဆော်ဖာ မော်ကိုကိုလို့ အမည်ရတဲ့ကစားသမားလေးကို (၈၅)မိနစ်မှာလူစားလဲခဲ့တာဖြစ်ပါတယ်။ မော်ကိုကိုက ဒေါ့မွန်ရဲ့အသက်အငယ်ဆုံး စီနီယာပွဲထွက်ကစားသမား၊ ဂျာမနီမှာရှိတဲ့ ပရော်ဖက်ရှင်နယ်ပွဲတွေမှာသမိုင်းတလျှောက်အသက်အငယ်ဆုံး ပွဲထွက်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး၊ မှတ်ရလွယ်တာက (၁၆)နှစ်နဲ့ (၁)ရက်နေ့မှာဖြစ်ပါတယ်။

အခုလို သူ့နေရာကို လူစားဝင်လာတဲ့ ကစားသမားလေးကို မြင်ပြီးချိန်မှာတော့ ဟာလန်းတယောက် မချီးကျူးဘဲမနေနိုင်တော့ပါဘူး။ ” ကျွန်တော် မော်ကိုကိုနဲ့အတူတူ တွဲကစားရတာကို နှစ်သက်မိမယ်လို့ ပြောရဲတယ်။ ကျွန်တော့်အမြင်မှာတော့ အခုအချိန်မှာ မော်ကိုကိုက ကမ္ဘာ့အရည်အချင်းအရှိဆုံးကစားသမားလို့တောင်ဆိုနိုင်တယ်။ ”

” သူ့အသက်က ဆယ်ြခောက်နှစ်နဲ့မှ တရက်ပဲရှိသေးတယ်ဗျာ၊ ဒါက တော်တော်လေး အံ့သြဖို့ကောင်းတယ်။ သူ့မှာ တကယ့်ကိုကောင်းတဲ့ အနာဂတ်အလားအလာတွေအများကြီးရှိနေတယ်။ ကျွန်တော်တို့ မော်ကိုကို ကိုရထားတာ တကယ်ကံကောင်းပါတယ်” လို့ ပွဲအပြီးအင်တာဗျူမှာ ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။ မော်ကိုကိုဆိုတာက ဘောလုံးကမ္ဘာက ပရိသတ်တွေ ရင်းနှီးနေတဲ့ ကစားသမားမဟုတ်ပါဘူး။

ဒေါ့မွန်လူငယ်ကလပ်မှာ ၈၈ ပွဲကစား၊ (၁၄၁)ဂိုးအထိသွင်းထားတဲ့ လူငယ်လေးပါ။ အသက်ပြည့်တဲ့အချိန်မှာ ဥရောပကလပ်တွေကို မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး၊ သူတို့မှာ ဒီလိုကစားသမားရှိတယ်လို့ ထုတ်ကြွားခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်ရဲ့လူငယ်လေးကို ဟာလန်းကိုယ်တိုင်က တကူးတကထုတ်ချီးကျူးခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေအနေနဲ့ မော်ကိုကိုဆိုတဲ့ ကစားသမားလေးကို စောင့်ကြည့်ဖို့လိုလာပြီလို့ဆိုရမှာပါပဲ။

AZ-SportsGabar