နံနက်ပိုင်း အားကစားသတင်းတိုများ (၂၂.၁၁.၂၀၂၀)

မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းတို့ ကစားခဲ့တဲ့ ပွဲစဉ်ကတော့ (၁-ဝ)နဲ့အတူ မန်ယူတို့အနိုင်ရခဲ့ပါတယ်။ ဖာနန်ဒက်ပင်နယ်တီမဝင်တာကို ဂိုးသမားစည်းကျော်နေတဲ့အတွက်ပြန်ကန်ခိုင်းချိန် ပင်နယ်တီကိုဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး၊ အိမ်ကွင်း ပထမဆုံး ဒီရာသီနိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ မန်စီးတီးကို (၂-ဝ)ရလဒ်နဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဆွန်ယောင်မင်ရဲ့ ပွဲအစငါးမိနစ်ကတည်းက ဦးဆောင်ဂိုးက မန်စီးတီးကို ဘောလုံးကိုင်ထားစေခဲ့ပြီး၊ မော်ရင်ဟိုကို အကွက်ကျကျခံစစ်ကစားစေခဲ့ပါတယ်။ နောက်တော့ ကိန်းရဲ့ဖန်တီးပေးမှုကို လိုဆယ်လို ထပ်ဦးဆောင်လိုက်ပြီး၊ (၂-ဝ)နဲ့ နိုင်ပွဲကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။

ကာရက်စကိုရဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့အတူ အက်သလက်တီကိုတို့ ဘာစီလိုနာကို အနိုင်ရခဲ့ပါတယ်။ (၈)ပွဲကစား ရမှတ် (၂၀)နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကိုတက်လှမ်းလာခဲ့ပြီး၊ ဆိုစီဒက်နောက် ရမှတ်တူ ဒုတိယနေရာမှာရှိနေပါတယ်။ ဘာစီလိုနာကတော့ အဆင့်(၁၀)မှာ ရမှတ် (၁၁)မှတ်နဲ့ ရပ်တည်နေပါတယ်။

ဟာသာဘာလင်ကို အဝေးကွင်းမှာ သွားကစားခဲ့ရတဲ့ ဒေါ့မွန်အသင်းကတော့ ဟာလန်းရဲ့တပွဲတည်း လေးဂိုးသွင်းမှုနဲ့အတူ (၂-၅)ရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဒီရာသီ (၁၇)ပွဲ ကစား (၂၁)ဂိုးနဲ့ ပြိုင်ပွဲစုံမှာ အထူးခြေစွမ်းပြနေပြီး၊ ဟာလန်းရဲ့ဂိုးသွင်းစွမ်းဆောင်ရည်က နိုင်ငံနဲ့ ကလပ်မှာ အတော်လေးအကျိုးပြုတာကိုတွေ့ရပါတယ်။

ဗီလာရီးရဲလ်ကို (၁-၁)နဲ့ သရေကျခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ပွဲစဉ်မှာ ဗီလာရီးရဲလ်ရော ရီးရဲလ်မက်ဒရစ်ရောဟာ နှစ်သင်းလုံးဂိုးပေါက် ကန်သွင်းချက် တကြိမ်စီပဲရှိခဲ့ပါတယ်။ ရီးရဲလ်ရဲ့ မာရီရာနို(၂)မိနစ်မှာသွင်းတဲ့ ဦးဆောင်ဂိုးနဲ့ ဗီလာရီးရဲလ်က မိုရီနို (၇၆)မိနစ်မှာသွင်းတဲ့ ပင်နယ်တီနှစ်လုံးဆီကပဲ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။

ကယ်ဂလီရာရီကို (၂-ဝ)နဲ့နိုင်ခဲ့တဲ့ ဂျူဗင်တပ်အသင်းကတော့ အသင်းရဲ့နိုင်ပွဲမှာ စီရော်နယ်ဒိုရဲ့သွင်းဂိုး (၂)ပါဝင်ပတ်သက်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းစက်ပြန်ရောက်လာတဲ့အချိန်၊ မိုရာတာရဲ့အပိုင်းက ဂိုးဖန်တီးဖို့ဖြစ်လာခဲ့ပြီး၊ ဂျူဗင်တပ်နည်းပြ ပီယာလိုအတွက် နိုင်ပွဲတပွဲကို ဂိုးပြတ်ရှာဖွေနိုင်ခဲ့ပါတယ်။

AZ-SportsGabar