ဆာေနးအတြက္ ေပါင္သန္း (၇၀)ေက်ာ္ျဖင့္ ဘိုင္ယန္ကမ္းလွမ္းမႈ မန္စီးတီးမွပယ္ခ်

မန္စီးတီးအသင္းရဲ႕ အသက္ (၂၃)ႏွစ္အရြယ္ ေတာင္ပံကစားသမား လီရြိဳင္းဆာေနးကို ဂ်ာမန္ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းကကမ္းလွမ္းခဲ့ရာမွာ မန္စီးတီးအသင္းက ပယ္ခ်ခဲ့ပါတယ္။

ေျပာင္းေရႊ႕ေၾကး ယူရိုသန္း (၈၀) (ေပါင္သန္း ၇၀.၇ သန္း) နဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္ ေရာင္းခ်ဖို႔ မျပဳလုပ္ဘဲ အသင္းမွာဆက္ထားရွိဖို႔ မန္စီးတီးတို႔ ဆံုးျဖတ္ခဲ့တာပါ။ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဒီအေၾကာင္းကို ‘ ကၽြန္ေတာ္တို႔ သူ႔ကို စာခ်ဳပ္သက္တမ္းတိုးဖိုးကမ္းလွမ္းထားပါတယ္။ သူ႔ကိုဆက္ေနေစခ်င္တာပါ။

သူ႔ကို ေျခာက္လ၊ ခုႏွစ္လထက္မကဘဲ စာခ်ဳပ္သက္တမ္းတုိးတယ္ဆိုတာက စာခ်ဳပ္သက္တမ္းတိုးခ်င္လို႔ မဟုတ္လား၊ သူ႔ကို မလိုခ်င္ဘူးဆိုမွေတာ့ ကၽြန္ေတာ္တို႔ သက္တမ္းမတိုးပါဘူး’ ဆိုျပီး ေျပာခဲ့ပါတယ္။ ဆာေနးဟာ ဒီရာသီမွာ ဘာနာဒို ေဆးလ္ဗားရဲ႕ေနာက္မွာ လူစား၀င္အေနနဲ႔ ပြဲထြက္ခဲ့ရျပီး ရာသီအစကလို ပြဲမထြက္ရတဲ့အေပၚ ပြဲထြက္ခြင့္ပိုလိုခ်င္ေနတာပါ။

လက္ရွိမွာ အသက္ (၂၃)ပဲရွိေသးတဲ့ ဆာေနးအေနနဲ႔ ကမာၻ႕အဆင့္တစ္ခုကို ေရာက္လာမယ့္ ကစားသမားျဖစ္တာေၾကာင့္ မန္စီးတီးေရာ ဘုိင္ယန္ကပါ လိုခ်င္ေနတာျဖစ္ျပီး၊ မန္စီးတီးမွာပဲ ဆက္ရွိေနဖို႔ မ်ားပါတယ္။

ေရႊရင္ေအး@SportsGabar

Unicode

ဆာနေးအတွက် ပေါင်သန်း (၇၀)ကျော်ဖြင့် ဘိုင်ယန်ကမ်းလှမ်းမှု မန်စီးတီးမှပယ်ချ

မန်စီးတီးအသင်းရဲ့ အသက် (၂၃)နှစ်အရွယ် တောင်ပံကစားသမား လီရွိုင်းဆာနေးကို ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းကကမ်းလှမ်းခဲ့ရာမှာ မန်စီးတီးအသင်းက ပယ်ချခဲ့ပါတယ်။

ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) (ပေါင်သန်း ၇၀.၇ သန်း) နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် ရောင်းချဖို့ မပြုလုပ်ဘဲ အသင်းမှာဆက်ထားရှိဖို့ မန်စီးတီးတို့ ဆုံးဖြတ်ခဲ့တာပါ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီအကြောင်းကို ‘ ကျွန်တော်တို့ သူ့ကို စာချုပ်သက်တမ်းတိုးဖိုးကမ်းလှမ်းထားပါတယ်။ သူ့ကိုဆက်နေစေချင်တာပါ။

သူ့ကို ခြောက်လ၊ ခုနှစ်လထက်မကဘဲ စာချုပ်သက်တမ်းတိုးတယ်ဆိုတာက စာချုပ်သက်တမ်းတိုးချင်လို့ မဟုတ်လား၊ သူ့ကို မလိုချင်ဘူးဆိုမှတော့ ကျွန်တော်တို့ သက်တမ်းမတိုးပါဘူး’ ဆိုပြီး ပြောခဲ့ပါတယ်။ ဆာနေးဟာ ဒီရာသီမှာ ဘာနာဒို ဆေးလ်ဗားရဲ့နောက်မှာ လူစားဝင်အနေနဲ့ ပွဲထွက်ခဲ့ရပြီး ရာသီအစကလို ပွဲမထွက်ရတဲ့အပေါ် ပွဲထွက်ခွင့်ပိုလိုချင်နေတာပါ။

လက်ရှိမှာ အသက် (၂၃)ပဲရှိသေးတဲ့ ဆာနေးအနေနဲ့ ကမ္ဘာ့အဆင့်တစ်ခုကို ရောက်လာမယ့် ကစားသမားဖြစ်တာကြောင့် မန်စီးတီးရော ဘိုင်ယန်ကပါ လိုချင်နေတာဖြစ်ပြီး၊ မန်စီးတီးမှာပဲ ဆက်ရှိနေဖို့ များပါတယ်။

ရွှေရင်အေး@SportsGabar