ဗာရာနေးကို ဝယ်မယ်လို့သတင်းထွက်လာတဲ့ မန်ယူအသင်းကို ရောင်းမရောင်းဆုံးဖြတ်ပေးလိုက်တဲ့ ဇီဒန်း

ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှာ ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပိုင်းအနည်းငယ်ထိခိုက်မှုတွေကြောင့် ဗာရာနေးအသင်းကထွက်ခွာတော့မယ်လို့သတင်းထွက်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်က ဗာရာနေးကို ပြောင်းရွှေ့ကြေးပေါင်သန်း (၁၀၀)အထက်သုံးပြီး၊ မက်ဂွဲယားနဲ့တွဲဖက်ဖို့ အလိုရှိနေပြီလို့ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းက ကျယ်လောင်လာချိန်မှာ နည်းပြဇီဒန်းဆီကို မေးခွန်းအဖြစ်ရောက်ခဲ့ပါတယ်။ ဗီလာရီးရဲလ်နဲ့ပွဲမတိုင်ခင် အကြိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗာရာနေးကို ရောင်းချသွားမလား၊ ဒါမှမဟုတ် သတင်းထွက်နေတဲ့အတိုင်း မန်ယူအနဲ့အရောင်းအဝယ်ဖြစ်မလားကို ရပို့တာတွေက မေးခွန်းမေးခဲ့ပါတယ်။ ဇီဒန်းမဖြစ်မနေဖြေရမယ့်အချိန်မှာ ဗာရာနေးကို ဘယ်ဈေးရရ ဘယ်ကလပ်ကိုမှမရောင်းဘူးလို့ အခုလိုဖြေဆိုခဲ့ပါတယ်။

” ဗာရာနေးကိုအသင်းမှာထိန်းထားချင်တာ ကျွန်တော်တယောက်တည်းမဟုတ်ပါဘူး။ သူကရီးရဲလ်ရဲ့ တစိတ်တပိုင်းပါ။ သူ့ကိုရီးရဲလ်ကို ခေါ်လာနိုင်တာကပဲ ကျွန်တော်တို့အင်မတန်ကံကောင်းခဲ့တယ်ဆိုရပါမယ်။ ကစားသမားဘဝမှာလည်း အောင်မြင်မှုတွေရှိတယ်။ ရီးရဲလ်ကို ရောက်ပြီးကတည်းက သိမ်းပိုက်ခဲ့တာတွေအများကြီးပဲ။ ကလပ်အတွက် သူကဘယ်ဈေးနဲ့မဆို ဘယ်လိုမှရောင်းချလို့ရတဲ့သူမျိုးမဟုတ်ဘူး’

” ကျွန်တော်လို့ နည်းပြအတွက်ရော၊ လူတိုင်းအတွက်ရောပေါ့။ ဒီလောက်ဆိုရင်ရှင်းသွားပြီး နောက်ထပ်မမေးတော့ဘူးထင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့လူတွေက ဗာရာနေး-မန်ယူ လို့ပြောနေကြတာကို ရပ်လို့မရဘူး။ ပြီးတော့ ဗာရာနေးတယောက်တည်းကိုပြောနေတာမဟုတ်ဘူး။ ကလပ်မှာရှိတဲ့လူတိုင်းကိုအသင်းတိုင်းနဲ့ပြောနေကြတာ။ ”

” ဗာရာနေးအတွက်ဆိုရင် ကျွန်တော့်အတွက်က ရှင်းရှင်းလင်းလင်းပဲ။ ကလပ်မှာရှိနေတဲ့ ဗဟိုနောက်ခံလူအတိုင်းပါပဲ။’လို့ဆိုခဲ့ပါတယ်။ ဗာရာနေးနဲ့ပတ်သက်လို့ ဇီဒန်းရဲ့ဖြေရှင်းချက်ကတော့ ပြတ်သားပါတယ်။ အသင်းရဲ့တစိတ်တပိုင်းလို့ဆိုထားတဲ့အတွက် အနာဂတ်မှာ ဗာရာနေးဟာရီးရဲလ်ရဲ့ခံစစ်မှာ ဆက်ဦးဆောင်သွားဖို့ရှိနေတယ်ဆိုရမှာပါ။ ဗာရာနေးရဲ့စွမ်းဆောင်ရည်ကလည်း တကယ်လက်ဖျားခါလောက်တဲ့အထိကောင်းသူပါ။

ဒီရာသီပြိုင်ပွဲစုံ ရီးရဲလ်အတွက် (၁၀)ပွဲကစားထားချိန်မှာ (၂၇)ကြိမ်ရှင်းထုတ်မှု၊ ခေါင်းတိုက်ရှင်းထုတ်မှု (၁၃)ကြိမ်၊ ဘလော့ခ် လေးကြိမ်နဲ့ ပါတနာဖြစ်တဲ့ ဆာဂျီယိုရာမို့စ်ထက်ကို စွမ်းဆောင်ရည်သာနေပါတယ်။ လက်ရှိရီးရဲလ်မှာ မရှိမဖြစ်ကစားသမားတွေထဲက တယောက်ဖြစ်ပေမဲ့ သူ့ကြောင့်ဂိုးပေးပြီး၊ ရှုံးလိုက်ရတဲ့ပွဲအပြီး စိတ်ပိုင်းဆိုင်ရာအနည်းငယ်ထိခိုက်နေတာဖြစ်ပါတယ်။ဒီအချိန်မှာ မန်ယူနဲ့သတင်းထွက်လာခဲ့ချိန်၊ ဇီဒန်းက ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar