(၂၀၂၀)ခုနှစ်အတွင်းပြောင်းရွှေ့ကြေးအဆမတန်မြင့်တက်လာတဲ့ ကစားသမား (၁၀)ဦး

ကစားသမားတွေရဲ့ တစ်နှစ်နဲ့ တစ်နှစ်အတွင်းပြောင်းရွှေ့ကြေးတွေက မတူညီကြပါဘူး။တစ်ချို့ကစားသမားတွေက ခြေစွမ်းကျလာတာကြောင့်ပြောင်းရွှေ့ကြေးတွေလျှော့ကျလာတာမျိုးတွေရှိသလို အချို့ကစားသမားတွေကတော့ခြေစွမ်းတွေမြင့်တက်လာခြင်းနဲ့အတူအပြောင်းအရွှေ့ဈေးကွက်အတွင်း ပြောင်းရွှေ့ကြေးတွေက အဆမတန်မြင့်တက်လာတွေရှိပါတယ်။အခုဖော်ပြပေးမှာကတော့ (၂၀၂၀)ခုနှစ်အတွင်းပြောင်းရွှေ့ကြေးတွေမြင့်တက်လာတဲ့ ကစားသမား (၁၀)ဦးကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(၁၀)ဂျိတ်ဘာလင်ဂမ်(ဒေါ့မွန်)။ ။ဘာလင်ဂမ်တစ်ယောက် ဘာမင်ဂမ်ကနေပြီးတော့ဒေါ့မွန်ကိုပြောင်းရွှေ့လာခဲ့စဉ်ကပြောင်းရွှေ့ကြေးက ပေါင်(၂၂.၀၅)သန်းသာရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ပေါင်(၂၄.၃)သန်းအထိရှိနေပြီပဲဖြစ်ပါတယ်။(၉)ဒီယေဂိုကားလို့စ်(ဆီဗီလာ)။ ။ကားလို့စ်ရဲ့ ယခင်တန်ကြေးကပေါင်(၂၂.၅)သန်းသာရှိထားခဲ့ပေမဲ့ လက်ရှိမှာတော့ ပေါင်(၄၅)သန်းအထိရှိနေပြီပဲဖြစ်ပါတယ်။

(၈)အိုကမ်ပို့စ်(ဆီဗီလာ)။ ။ကားလို့စ်ရဲ့ အသင်းဖော် အိုကမ်ပို့စ်ရဲ့အရင်ပြောင်းရွှေ့ကြေးဟာ ပေါက်(၂၂.၅)သန်းသာရှိထားခဲ့ပေမဲ့ လက်ရှိမှာတော့ (၄၅)သန်းအထိရှိနေပြီပဲဖြစ်ပါတယ်၊(၇)လိုဒီ(အက်သလက်တီကိုမက်ဒရစ်)။ ။ယခင်ပြောင်းရွှေ့ကြေးပေါင်(၂၂.၅)သန်းသာရှိထားခဲ့ပေမဲ့ လက်ရှိမှာတော့ ဈေးကွက်ထဲမှာ လိုဒီရဲ့တန်ကြေးက ပေါင်(၄၅)သန်းအထိရှိနေတာဖြစ်ပါတယ်။

(၆)ဘာကာယိုဆာခါ(အာဆင်နယ်)။ ။ယခင်ပြောင်းရွှေ့ကြေးပေါင်(၂၄.၃)သန်းသာရှိထားခဲ့တဲ့ ဆာခါရဲ့ပြောင်းရွှေ့ကြေးဟာ (၂၀၂၀)ခုနှစ်ထဲမှာတော့ ပေါင်(၃၆)သန်းအထိရှိလာခဲ့ပါတယ်။(၅)မေဆွန်ဂရင်းဝုဒ်(ယူနိုက်တက်)။ ။ပြီးခဲ့တဲ့ ရာသီတုန်းက ဂရင်းဝုဒ်ရဲ့ပြောင်းရွှေ့ကြေးက ပေါင်(၂၇)သန်းသာရှိထားခဲ့ပေမဲ့ ဒီရာသီမှာတော့ ပြောင်းရွှေ့ကြေးကပေါင်(၄၅)သန်းအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

(၄)ဖိုဒန်(မန်စီးတီး)။ ။မန်စီးတီးလူငယ်ကစားသမားလေးဖိုဒန်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကပြောင်းရွှေ့ကြေးပေါင်(၂၇)သန်းသာရှိထားခဲ့ပေမဲ့ ဒီရာသီမှာတော့ မန်စီးတီးနဲ့ အင်္ဂလန်အသင်းအတွက်ပါအရေးပါလာတဲ့ ကစားသမားဖြစ်လာချိန်မှာတော့ပြောင်းရွှေ့ကြေးကပေါင်(၅၄)သန်းအထိရှိလာခဲ့ပါတယ်။(၃)အာလင်းဟော်လန်(ဒေါ့မွန်)။ ။ဒေါ့မွန်တိုက်စစ်မှူးလေးရဲ့ယခင်ပြောင်းရွှေ့ကြေးဟာ ပေါင်(၃၁.၅)သန်းသာရှိခဲ့ပေမဲ့ လက်ရှိမှာတော့ပေါင်(၇၂)သန်းအထိတန်ကြေးရှိနေပြီဖြစ်ပါတယ်။

(၂)ဖာတီ(ဘာစီလိုနာ)။ ။ဘာစီလိုနာ ကြယ်ပွင့်လေးဖာတီရဲ့ပြောင်းရွှေ့ကြေးဟာယ အရင်ကပေါင်(၃၆)သန်းသာရှိထားခဲ့ပေမဲ့ လက်ရှိမှာတော့ ပေါင် (၇၂)သန်းအထိတန်ကြေးတိုးမြင့်လာခဲ့ပြီဖြစ်ပါတယ်။(၁)အဖွန်ဆိုဒေးဗီးလ်(ဘိုင်ယန်မြူးနစ်)။ ။ဘိုင်ယန်မြူးနစ်ကစားသမားလေးဒေးဗီးလ်ရဲ့အရင်ြပောင်းရွှေ့ကြေးဟာပေါင်(၄၉.၅)သန်းသာရှိထားခဲ့ပေမဲ့ လက်ရှိမှာတော့ (၇၂)သန်းအထိတိုးမြင့်လာခဲ့ပြီပဲဖြစ်ပါတယ်။

AZ-SportsGabar