နံနက်ပိုင်း အားကစားသတင်းတိုများ (၂၁.၁၁.၂၀၂၀)

ထရိနင်မှာ ဒေးဗစ်လူးဝစ်နဲ့ ဆီဘယ်လော့တို့ ရန်ဖြစ်ပြီး ထိုးခဲ့တယ်ဆိုတဲ့ သတင်းအပြင်ကိုပေါက်ကြားခဲ့တာအတွက် သတင်းပေးခဲ့တဲ့သူကို အာတီတာကသတိပေးပြောဆိုမှုလုပ်လိုက်ပါတယ်။ ထရိန်င်အတွင်းသတင်းက အတွင်းမှာပဲပြီးဆုံးရမှာဖြစ်ပြီး၊ အပြင်ကို ပေါက်ကြားစရာမလိုဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ပတ်ဂွါဒီယိုလာကတော့ ဘာစီလိုနာနဲ့ရာသီအကုန်မှာ လမ်းခွဲတော့မယ့် မက်ဆီကို အသင်းမှာပဲဆက်ရှိနေဖို့ တိုက်တွန်းလိုက်ပါတယ်။ မန်စီးတီးခေါ်မယ်လို့ သတင်းထွက်နေခဲ့ပေမဲ့ ဂွါဒီယိုလာက မက်ဆီကို ဘာစီလိုနာမှာပဲဆက်နေဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

(၂-ဝ)နဲ့ ရှုံးနေရာကနေ (၃-၂)နဲ့ ပီအက်စ်ဂျီကို အနိုင်ကန်သွားခဲ့တဲ့ မိုနာကိုအသင်း အမှတ်ပေးဇယား ဒုတိယနေရာအထိတက်လှမ်းလာနိုင်ခဲ့ပါတယ်။ အမှတ်(၂၀)နဲ့ ပီအက်စ်ဂျီနဲ့ လေးမှတ်အကွာဒုတိယနေရာကိုရောက်နေပြီး၊ မထင်မှတ်ထားတဲ့စွမ်းဆောင်ရည်တွေနဲ့ ပီအက်စ်ဂျီကိုအနိုင်ကန်ခဲ့ပါတယ်။

အဆိုပါပွဲမှာ တဦးတည်း နှစ်ဂိုးသွင်းခဲ့တဲ့ အမ်ဘာပေကတော့ ကစားသမားဘ၀ ပီအက်စ်ဂျီသွင်းဂိုး (၉၉)ဂိုးအထိရှိလာခဲ့ပါတယ်။ ကလပ်ရဲ့တသက်တာဂိုးသွင်းအများဆုံး နံပါတ် (၅)ကစားသမားဖြစ်လာခဲ့ပြီး၊ အမ်ဘာပေဟာ အသက် (၂၁)အရွယ်မှာပဲ အခုလိုအနေအထားကိုရောက်လာခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကစားသမားများယူနီယံအဖွဲ့အစည်းက ထရိန်နင်မှာ ငယ်ရွယ်တဲ့ ကစားသမားတွေ၊ ပရော်ဖက်ရှင်နယ်ပလေယာတွေကို ခေါင်းတိုက်ဘောလေ့ကျင့်ခိုင်းတဲ့ ပမာဏလျှော့ချပေးရမယ်လို့ ဆိုလိုက်ပါတယ်။ ကစားသမားတွေရဲ့ကျန်းမာရေးကို ကာကွယ်ပေးဖို့ဖြစ်ပြီးအနားယူချိန်မှာ ဖြစ်လာမယ့်ဦးနှောက်ပိုင်းဆိုင်ရာရောဂါတွေကို ကာကွယ်ပေးဖို့အတွက်ဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ဂန္ဓဝင် ဖရန်ဆစ္စကိုတော့တီကတော့ ဇလာတန်အီဗရာဟီမိုဗစ်ချ်ဟာ အသက်ငါးဆယ်ရောက်နေပြီး ခြေတချောင်းပဲရှိတော့ရင်တောင်မှ ဂိုးတွေဆက်သွင်းနေမယ့် သူတဦးလို့ ချီးကျူးလိုက်ပါတယ်။ မိုဗစ်ချ်ဟာ လက်ရှိအေစီမီလန်အတွက် ဂိုးအများဆုံးလိဂ်ဂိုးကို ဒီနှစ်ရာသီမှာသွင်းပေးထားပါတယ်။

AZ-SportsGabar