အင်တာနေရှင်နယ်ဂျူတီအပြီး ပရီးမီးယားလိဂ်ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ ခန့်မှန်းပေးလိုက်တဲ့ စူပါကွန်ပြူတာ

အင်တာနေရှင်နယ်ဂျုတီအပြီးမှာ တော့(၂၀၂၀-၂၁)ဘောလုံးရာသီရဲ့ပရီးမီးယားလိဂ်ချန်ပီယံသရဖူကို ဘယ်အသင်းကဆွတ်ခူးရရှိသွားမလဲဆိုတာကို စူပါကွန်ပြူတာက တွက်ချက်ဖော်ပြပေးသွားခဲ့ပါတယ်။ စူပါကွန်ပြူတာရဲ့တွက်ချက်ခန့်မှန်းချက်ကတော့ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးက လီဗာပူးလ်ကိုကျော်လွန်ပြီးတော့ ရရှိသွားလိမ့်မယ်လို့ခန့်မှန်းပေးသွားခဲ့ပါတယ်။

ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့်(၁၀)နေရာမှာရပ်တည်လျက်ရှိနေပြီး ဂွာဒီယိုလာလက်ထက်အဆိုးရွားဆုံးရာသီစတင်မှုတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအနေနဲ့ အခုလို အဆင့်(၁၀)နေရာမှာသာ ရပ်တည်လျက်ရှိနေပေမဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိသွားမယ်လို့ခန့်မှန်းသွားခဲ့တာဖြစ်ပါတယ်။

စူပါကွန်ပြူတာရဲ့တွက်ချက်ခန့်မှန်းမှုမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကိုရရှိသွားဖို့အတွက် (၄၆)ရာခိုင်နှုန်းအထိအခွင့်အရေးရှိနေပြီး လီဗာပူးလ်ကတော့ (၂၈)ရာခိုင်နှုန်းသာရှိနေတယ်လို့ို့ တွက်ချက်ခန့်မှန်းပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်ဟာဒီရာသီမှာ အဆင့်(၃)နေရာမှာသာရပ်တည်နိုင်မယ်လို့ခန့်မှန်းပေးခဲ့ပြီး မော်ရင်ဟိုရဲ့စပါးဟာ ဒုတိယနေရာနဲ့ ရာသီသိမ်းမယ်လို့ခန့်မှန်းပေးသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ အဆင့်(၄)နဲ့ ရာသီသိမ်းမယ်လို့ခန့်မှန်းပေးခဲ့ပြီး ယူနိုက်တက်တို့ဟာအဆင့်လေးအတွင်းဝင်ရောက်ဖို့အတွက် (၃၂)ရာခိုင်နှုန်းသာအခွင့်အရေးရှိနေတယ်လို့ခန့်မှန်ပေးခဲ့ကာ အဆင့်(၆)နဲ့ ရာသီသိမ်းမယ်လို့ တွက်ချက်ခန့်မှန်းပေးခဲ့ပါတယ်။ လက်စတာကိုတော့ အဆင့်(၅)နဲ့ရာသီသိမ်းမယ်လို့ခန့်မှန်းပေးခဲ့ပြီး အာဆင်နယ်ကိုတော့ အဆင့်(၇)နဲ့ရာသီသိမ်းမယ်လို့ခန့်မှန်းပေးသွားခဲ့ပါတယ်။

ဝက်ဘရွန်း၊ ဖူဟမ်နဲ့ ရှက်ဖီးတို့ကတော့ ရာသီကုန်မှာချန်ပီယံရှစ်ကိုတန်းဆင်းသွားရမှာဖြစ်တယ်လို့ တွက်ချက်ခန့်မှန်းပေးသွားခဲ့ပါတယ်။ အင်တာနေရှင်နယ်ဂျုတီမတိုင်မီ စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်မှာ လီဗာပူးလ်က့ပဲ ချန်ပီယံထပ်ဖြစ်မယ်လို့ခန့်မှန်းခဲ့ပေမဲ့ အဓိက ကစားသမားတွေဒဏ်ရာရရှိမှု များပြားလာခဲ့ချိန်မှာတော့ စူပါကွန်ပြူတာရဲ့တွက်ချက်ခန့်မှန်းပေးမှုတွေကပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။

AZ-SportsGabar