ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေထဲမှာ ဘယ်သူကလစာအများဆုံးရနေပြီး ဘယ်ကစားသမားတွေက လစာအနည်းဆုံးရနေကြလဲ

ယူနိုက်တက်မှာ လက်ရှိလစာအများဆုံးရရှိနေတဲ့ ကစားသမားကတော့ အသင်းရဲ့ အဓိက ဂိုးသမားဒီဂီယာဖြစ်ပြီးတော့တစ်ပတ်လုပ်ခပေါင်(၃၇၅၀၀၀)အထိရရှိနေတာဖြစ်ပါတယ်။ ဖာဂီခေတ်လက်ကျန်ယူနိုက်တက်အတွက်အရေးပါနေဆဲဂိုးသမားတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိအချိန်အထိအသင်းအတွက်အဓိက နံပါတ်တစ်ဂိုးသမားအဖြစ်ရပ်တည်နေနိုင်သေးတာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကြီးအတွက်ပွဲထွက်ကစားနေတဲ့ ကစားသမားတွေထဲမှာ လစာအနည်းဆုံးရရှိနေတဲ့ကစားသမားကတော့ ကွင်းလယ်ခံစစ်ကစားသမားတိုမီနေးဖြစ်ပြီးတော့ တစ်ပတ်လုပ်ခဟာပေါင်(၁)သောင်းသာရရှိနေတာဖြစ်ပါတယ်။ လက်ရှိယူနိုက်တက်မှာ ပြသထားတဲ့ ခြေစွမ်းနဲ့ အရေးပါမှုတွေအရတော့ တိုမီနေးရဲ့လုပ်ခလစာဟာတော်တော်လေးကို နည်းပါးလွန်းနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။

ဒီကစားသမား(၂)ဦးကတော့ ယူနိုက်တက်ရဲ့ လစာအများဆုံးကစားသမားနဲ့ အနည်းဆုံးကစားသမားဖြစ်ပြီးကျန်တဲ့ကစားသမားတွေယူနိုက်တက်မှာ လစာဘယ်လောက်ရှိနေတယ်ဆိုူတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။(၁)ဒီဂီယာ။-တစ်ပတ်လုပ်ခပေါင်(၃၇၅၀၀၀)။ (၂)ပေါ့ဘာ။ ။တစ်ပတ်လုပ်ခပေါင်(၂၉၀၀၀၀)။(၃)ရက်ဖို့ဒ်။ ။တစ်ပတ်လုပ်ခပေါင်(၂၅၀၀၀၀)။(၄)မာရှယ်။ ။တစ်ပတ်လုပ်ခပေါင်(၂၅၀၀၀၀)။

(၅)ကာဗာနီ။ ။တစ်ပတ်လုပ်ခပေါင်(၂၁၀၀၀၀)။(၆)မတ်ဂွဲယား။ ။တစ်ပတ်လုပ်ခပေါင်(၁၉၅၀၀၀)။(၇)ဖာနန်ဒက်စ်။ ။တစ်ပတ်လုပ်ခပေါင်(၁၈၀၀၀၀)။(၈)မာတာ။ ။တစ်ပတ်လုပ်ခပေါင်(၁၆၀၀၀၀)။(၉)လုခ်ရှော။ ။တစ်ပတ်လုပ်ခပေါင်(၁၅၀၀၀၀)။၁၀)မာတစ်။ ။တစ်ပတ်လုပ်ခပေါင်(၁၄၀၀၀၀)။(၁၁)ဖရဒ်။ ။တစ်ပတ်လုပ်ခပေါင်(၁၂၀၀၀၀)။(၁၂)လင်ဒီလော့။ ။တစ်ပတ်လုပ်ခပေါင်(၁၂၀၀၀၀)။(၁၃)ဟန်ဒါဆန်။ ။တစ်ပတ်လုပ်ခပေါင်(၁၂၀၀၀၀)။

(၁၄)ဗန်ဒီဘီခ့်။ ။တစ်ပတ်လုပ်ခပေါင်(၁၀၀၀၀၀)။(၁၅)တဲလက်စ်။ ။တစ်ပတ်လုပ်ခပေါင်(၁၀၀၀၀၀)။(၁၆)လင်ဂတ်။ ။တစ်ပတ်လုပ်ခပေါင်(၁၀၀၀၀၀)။(၁၇)ဘစ်ဆာခါ။ ။တစ်ပတ်လုပ်ခပေါင်(၉၀၀၀၀)။(၁၈)အဲရစ်ဘိုင်လီ။ ။တစ်ပတ်လုပ်ခပေါင်(၈၀၀၀၀)။(၂၀)ဖီးဂျုံး။ ။တစ်ပတ်လုပ်ခပေါင်(၇၅၀၀၀)၊(၁၉)ရိုဂျို။ ။တစ်ပတ်လုပ်ခပေါင်(၈၀၀၀၀)။(၂၁)ရိုမီယို။ ။တစ်ပတ်လုပ်ခပေါင်(၇၀၀၀၀)။(၂၂)ဒန်နီရယ်ဂျိမ်းစ်။ ။တစ်ပတ်လုပ်ခပေါင်(၄၅၀၀၀)။(၂၃)မေဆွန်ဂရင်းဝုဒ်။ ။တစ်ပတ်လုပ်ခပေါင်(၃၅၀၀၀)၊ (၂၄)တိုမီနေး။ ။တစ်ပတ်လုပ်ခပေါင်(၁၀၀၀၀)။ တို့ပဲဖြစ်ပါတယ်။

AZ-SportsGabar