အာဆင်နယ်၊ စပါး ရှုံးမယ်လို့ဆိုလိုက်ရင်း ပရီးမီးယားလိဂ် Week 9 ကို ခန့်မှန်းပေးလိုက်တဲ့ လော်ရိုး

ရက်သတ္တပတ်နှစ်ပတ်လောက်နားခဲ့ရတဲ့ ပရီးမီးယားလိဂ်ကတော့ အင်တာနေရှင်နယ်ဘရိတ်ပြီးသွားချိန်မှာ ပြန်လာခဲ့ပါပြီ။ ထုံးစံအတိုင်း ကိုဗစ်ကိစ္စတွေနဲ့ ပွဲပန်း၊ ဒဏ်ရာရတွေ အသင်းကိုယ်စီပြဿနာတွေရှိနေခဲ့တဲ့အတွက် ပရီးမီးယားလိဂ်မှာ နှစ်ပတ်လောက်အနားရခဲ့တဲ့အသင်းတွေကပဲ နိုင်ပွဲတွေဖန်တီးလာဖို့ရှိနေပါတယ်။ ဒီအခြေအနေတွေပေါ် မူတည်ပြီး ဘီဘီလော်ရိုးက ခန့်မှန်းချက်ထုတ်ခဲ့ပါတယ်။

စနေနေ့မှာ ကစားမယ့်ပွဲစဉ်လေးပွဲထဲက ပထမဆုံးပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ ချဲလ်ဆီးပွဲကို (ဝ-၂)နဲ့ ချဲလ်ဆီးကို အနိုင်ပေးခဲ့ပါတယ်။ လမ်းပတ်ရဲ့လန်ဒန်ကလပ်အတွက် ပေးဂိုးမရှိဂိုးပြတ်နိုင်ပွဲဆိုတာက ပွဲပန်းထားတဲ့အသင်းအတွက် အတော်လေး ကျေနပ်စရာပါပဲ။ အာဆင်နယ်ကို အနိုင်ကန်ထားတဲ့ ဗီလာအသင်း ဘရိုက်တန်ကို ဧည့်ခံချိန်မှာတော့ (၁-၁)လို့ ဆိုထားပါတယ်။

စနေနေ့ရဲ့ ပရိသတ်အကြိုက်ဆုံးပွဲဖြစ်လာမယ့် စပါး-မန်စီးတီးပွဲကိုတော့ (၁-၂)နဲ့ မန်စီးတီးနိုင်သွားမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် ဂွါဒီယိုလာ သက်တမ်းတိုးလိုက်တဲ့ အင်အားနဲ့ မန်စီးတီးတို့ခြေစွာသွားနိုင်တာကို ပြနေသလိုပါပဲ။ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို လက်ခံကစားရမယ့် မန်ယူကတော့ (၃-ဝ)နဲ့ ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်မယ်လို့ လော်ရိုးက ခန့်မှန်းထားပါတယ်။

ဆန်းဒေးမှာတော့ ဖူဟမ် ဝ-၂ အဲဗာတန်၊ ရှက်ဖီး ၂-၀ ဝက်စ်ဟမ်းလို့ ဆိုထားပြန်ပါတယ်။ လူစိတ်ဝင်စားမှုမြင့်မယ် လိဒ်-အာဆင်နယ်ပွဲကိုတော့ (၂-၁)နဲ့ လိဒ်ကိုအနိုင်ပေးထားပါတယ်။ အာတီတာရဲ့အသင်းဟာ ရှုံးပွဲထပ်တွေ့မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ လီဗာပူး-လက်စတာပွဲဖြစ်တဲ့ ဆန်းဒေးပွဲကြီးပွဲကောင်းကိုတော့ (၁-၁)လို့ခန့်မှန်းတာက ဒဏ်ရာရများနေတဲ့ လီဗာပူးအတွက် ဖြစ်သင့်တဲ့အဖြေတခုပါပဲ။

တနင်္လာနေ့မှာတော့ ဘန်လေ ၂-၀ ပဲလေ့စ်၊ ဝုဗ် ၂-၀ ဆောက်သမ်တန်လို့ အိမ်ရှင်နှစ်သင်းလုံးကိုအနိုင်ပေးထာတာတွေ့ရပါတယ်။ ဒီရလဒ်တွေက လတ်တလောအသင်းတွေကြုံထားရတဲ့ အခြေအနေတွေပေါ်မူတည်ပြီး ခန့်မှန်းထားတာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် အံ့အားသင့်စရာတွေ ဖြစ်နေနိုင်ပါတယ်။ တဖက်မှာတော့ ပရိသတ်တွေမထင်ထားလောက်အောင်ကို ရလဒ်တွေပြတ်သားနေတာတွေ့ရမှာဖြစ်ပါတယ်။

AZ-SportsGabar