နံနက်ပိုင်းအားကစားသတင်းတိုများ (၂၀.၁၁.၂၀၂၀)

မန်စီးတီးနည်းပြ ပတ်ဂါွဒီယိုလာဟာ အသင်းနဲ့အတူ (၂၀၂၃)အထိရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီလို့ သိရပါတယ်။ (၂)နှစ် သက်တမ်းရှိတဲ့စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး၊ သတင်းထွက်နေသလို မန်စီးတီးကို စွန့်ခွာမယ်ဆိုတဲ့ ကောလာဟလတွေကို ငြိမ်သက်စေခဲ့ပါတယ်။

တဖက်မှာတော့ အခုလို ဂွါဒီယိုလာ စာချုပ်လိုက်တာကြောင့် ဘာစီလိုနာကနေ မက်ဆီကိုခေါ်ယူဖို့ဟာ ပိုပြီး သေချာလာပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရာသီကုန်ရင် မက်ဆီအလွတ်ကြေးနဲ့ အသင်းကိုရောက်လာတော့မယ့်အပေါ် ပတ်ဟာ စာချုပ်ကို လက်မှတ်ရေးထိုးပြီး၊ ကူညီပေးခဲ့တာလို့လည်း ဆိုပါတယ်။

စပိန်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကတော့ ဗီလာရီးရဲလ်နဲ့ အင်တာမီလန်ကို ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်နှစ်ပွဲကို လွဲချော်မယ်လို့ ဆိုပါတယ်။ ဂျာမနီကိုအနိုင်ကစားခဲ့တဲ့ စပိန်ပွဲစဉ်အပြီး၊ တံကောက်ကြောဒဏ်ရာရသွားခဲ့တာကြောင့်ဖြစ်ပါတယ်။

တူရကီကလပ် အန်တယ်ရာစဘောမှာ ကစားနေတဲ့ လူးကပ်ပိုဒေါစကီးကတော့ ကိုဗစ် ၁၉ အတွက် ရန်ပုံငွေရလာအောင် သူ့ရဲ့မွေးဖွာရာမြို့လေးရဲ့ ဟော်ကီအသင်းမှာ ကစားပေးခဲ့တယ်လို့ သိရပါတယ်။ ပိုဒေါစကီးကြောင့် Virtual Ticket လို့ခေါ်တဲ့ လက်မှတ်တု (၁)သိန်းအထိ ရောင်းခဲ့ရပြီး၊ ပရိသတ်တွေဟာ ကွင်းထဲမလာနိုင်ပေမဲ့ ပိုဒေါစကီးမျက်နှာနဲ့ ကူညီခဲ့ကြပါတယ်။

အေစီမီလန်တိုက်စစ်မှူးကြီး ဇလာတန်ကတော့ သူ့ရဲ့အသင်းဖော်တွေကို PS5 ဂိမ်းစက် တယောက်တလုံးစီ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲကို မကြာသေးခင်ကမှ ထွက်ထားတဲ့ ဂိမ်းစက်ဟာ ဘောလုံးကန်တဲ့သူတွေကြား နာမည်ကြီးနေပြီး၊ မိုဗစ်ကလည်း သူ့အသင်းဖော်တွေကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါဘီကောင်တီရဲ့ လက်ရှိနည်းပြ အဖွဲ့ဝင်ဖြစ်နေတဲ့ ရွန်းနီကတော့ သူဟာ ဒါဘီနဲ့အတူ နည်းပြချုပ်ရာထူးကို တာဝန်ရယူလိုတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဘင်နီတက်ဇ်နဲ့ နာမည်သတင်းကြီးနေတဲ့ ဒါဘီနည်းပြ ရာထူးကို လက်ရှိအချိန်ထိ တာဝန်ယူမယ့်သူမရှိဖြစ်နေတဲ့အပေါ် ရွန်းနီက သူ့အနေနဲ့ နည်းပြချုပ်အထိဖြစ်ချင်တယ်လို့ ဖွင့်ဟလိုက်တာဖြစ်ပါတယ်။

AZ-SportsGabar